Arc 5:2 - ကျူးစစ်ယွိဘဝ

1.1K 102 2
                                    

Arc 5:2 - ကျူးစစ်ယွိဘဝ

အတိတ်မေ့ပြီး အခုလိုရွာငယ်ဇနပုဒ်မှာရောက်နေပေမဲ့ ရှန်းဝေ့ဟုံရှီးစစ်ဆိုတဲ့အဓိပ္ပာယ်ကတော့ နည်းနည်းလေးမှမပြောင်းလဲဘူး။

သူကမျက်မှောင်ကုပ်ပြီး နှုတ်ခမ်းပါးကိုတင်းတင်းစေ့ကာ ကျိုးယွင်ရှန့်ရှိရာကိုစူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့အကြည့်က လူကိုရှိန်စေသောအကြည့်မျိုးပင်။

ဒါပေမဲ့ သူကြည့်နေတာကဘယ်သူမို့လို့လဲ ကျိုးယွင်ရှန့်လေ။ ကျိုးယွင်ရှန့်ဆိုတာ သာမန်ငတိလေးမှမဟုတ်ဘဲ။ သူမေးကိုမော့ လက်ကိုရှေ့ဆန့်ထုတ်ပြီးလှမ်းအော်လိုက်သည်။

"ဟေ့လူ ခင်ဗျားနဲ့ကျုပ်ပြဿနာရှိလား"

နေရောင်အောက်မှာ ထိုအမျိုးသား၏အသားအရည်သည်ဖြူဖွေးနေပြီး သေသပ်စွာထုဆစ်အချောသပ်ထားသည့် ကျောက်စိမ်းရုပ်တုနှင့်ပင်တူလှသည်။ အသားအရည်ကဖြူလွန်းတာကြောင့် မျက်နှာပေါ်မှာနီရဲနေတဲ့နှုတ်ခမ်းတစ်ခုကပဲထင်းနေပြီး လူတွေရဲ့အာရုံကိုဆွဲဆောင်ထားနိုင်သည်။ သူ့ရဲ့ချောမောတဲ့အဆင်းအင်္ဂါက တဖိတ်ဖိတ်တောက်နေသည့်အပြင် မက်မွန်ဝတ်လွှာသဏ္ဌာန်မျက်လုံးတို့ကပါ လှပလွန်းသည်။ သူ့မျက်လုံးတွေက အရမ်းလှပေမဲ့ မောက်မာပြီးအထက်စီးဆန်သည့်ဟန်အပြည့်ရှိနေသည်။

သူသာ ကောတစ်ယောက်ဆိုလျှင် သူ့ကိုလက်ထပ်ချင်သူတွေက ကျိုးအိမ်ရှေ့မှာပြည့်နေလိမ့်မည်။

ချင်းစယ် ထိုအမျိုးသားကိုကြည့်ရင်း သူ့ခေါင်းထဲအကြောင်းအရာနှစ်ချက်ဝင်လာသည်။ ကျောက်စိမ်းလိုလှတယ်၊ အတုမရှိဘူး။

ကံမကောင်းစွာနဲ့ပဲ အပြင်ကလှသလောက် အတွင်းစိတ်ကတော့အော့နှလုံးနာစရာကောင်းနေတယ်။

ဒါကိုတွေးပြီး ချင်းစယ်အကြည့်လွဲကာ မြေကိုသာဆက်ပေါက်လိုက်သည်။

ကျိုးယွင်ရှန့်လည်း သူ့ကိုအနိုင်ကျင့်ဖို့အကြံအစည်မရှိတာကြောင့် ကိုယ့်အလုပ်ကိုယ်ပြန်လုပ်နေလိုက်သည်။ ပြီးတော့ မိုးခေါင်မယ့်အချိန်ကိုခန့်မှန်းကြည့်လိုက်သည်။ ထိုအချိန် ရုတ်တရက်နွေးထွေးသည့်အသံတစ်ခုက သူ့နောက်မှထွက်ပေါ်လာသည်။

ဗီလိန်မာယာ (Arc-5)Where stories live. Discover now