(B)

11 1 0
                                    

အပိုင်း (B)

မိုးမခလဲ အဝတ်အစားလဲပြီး နားနေလိုက်သည်။ မွန်းလွဲခဲ့ပါသည်။ နေ့လည်စာစားချိန်ရောက်တော့အိမ်ထိန်းတော် မငွေခင်က အခန်းတံခါးကိုခေါက်လိုက်သည်။

''သူဋ္ဌေးလေး နေ့လည်စာစားဖို့ သခင်မကြီးခေါ်ခိုင်းလိုက်သည်။ ''

''ဟုတ်ကဲ့ အန်တီ''

မိုးမခလဲအောက်ဆင်းပြီးထမင်းစားခန်းထဲဝင်သွားသည်။ ထို့နောက် သားအမိနှစ်ယောက်ထမင်းစားကြသည်။

''သားရေ စားနော် သားကြိုက်တဲ့ ငါးခူဆီပြန်ချက်ထားတယ်'' ထည့်ကျွေးလိုက်သည်။

''အမေ ဒါနဲ့ ဘုန်းကြီးကျောင်းကဆရာတော်ဆီ​နောက်နေ့သွားမလို့ သားပါလိုက်ခဲ့လိုက်ပါလား''

''ဟုတ် ကောင်းတာပေါ့ သားလဲမရောက်ဖြစ်တာကြာပြီ။

''ဒါနဲ့ အမေ့ကိုပြောရအုံးမယ် ကျွန်တော့်သူငယ်ချင်းလေ Greyham (ဂရေဟန်) ကိုအလည်လာဖို့ခေါ်ထားတယ် ။''

''အိမ်ကိုနောက်အပတ်လာမို့တဲ့''

ဂရေဟန် (Greyhm) သည် ဗြိတိသျှသားတစ်ယောက်ဖြစ်သည်။ သို့သော် မြန်မာပြည်ကိုချစ်မြတ်နိုးသည်။ မိုးမခနဲ့အတူ Oxford University မှာ အတူတတ်နေတဲ့ ဗြိတိသျှတစ်ယောက်ပင်ဖြစ်သည်။ မြန်မာစကားအနဲငယ်ပြောတတ်သည်။

''အဲ့တာက အနောက်နိုင်ငံသားမလား''

''ဟုတ်တယ် အမေ နောက်အပတ်လာမယ်တဲ့''

''ကောင်းသားပဲ မေ့မေ့သားလေးသဘောပါပဲရှင်''

''ငွေခင် ငွေခင် ဟဲ့ အိမ်ကလူတွေကို မြောက်ဘက်ကအခန်းထဲသွားရှင်းခိုင်းထားကြစမ်း ''

''ဟုတ်ကဲ့ သခင်မကြီး''

''ပိုနေတဲ့ ပစ္စည်းတွေကို စတိုခန်းထဲထည့်ထားလိုက်''

''ဟုတ် ပြောထားပါမယ်''

လေတစ်ဟုန်Where stories live. Discover now