(F)

7 1 0
                                    

''​ဘွားလေးရေ ဘယ်မှာတုန်း''

''မီးဖိုချောင်ထဲမှာဟေ့ ဒီမှာ ''

''အော် ဘွားလေးရယ် သမီးဒီနေ့ထမင်းမစားတော့ဘူး ။ ''

'' ဘုန်းကြီးကျောင်းကစားခဲ့ပြီးပြီမလား''

''ဟုတ် ''

ကျော့လဲ ကြောင်အိမ်ထဲက ဟင်းပန်ကန်ကိုလှမ်းယူလိုက်ပြီး ခွက်လေးနဲ့ ဗူးရွက်ဟင်းချိုကို အနည်းငယ်ထည့်။ ငါးသေတ္တာဗူးလေးကိုဖောက်၊ ကြက်သွန်လေးကိုလှီး၊ ဆီလေးစမ်းပြီး ဖက်လေးထဲထည့်လိုက်သည်။ ငရုတ်သီးထောင်းလေးကို အနည်းငယ်မျှ ကော်ပြီး ဖက်ရွက်သေးသေးလေးထဲထည့်လိုက်သည်။

''ဟဲ့ ညည်းဘာလုပ်နေတာ ထမင်းမစားဘူးလဲပြောသေး '' အံဩပါ့ တော် ။
ဘွားလေးရဲ့ သမီးက ဟိုဘက်အိမ်မှာ ယမင်းတို့နဲ့ထမင်းအတူသွားစားမို့ကို ။

အိမ်ဝိုင်းရဲအရှေ့နားလေးက ကုက္ကိုပင်အောက်မှာ ကိုပြည့်ရပ်နေတယ်။ အိမ်ဝိုင်းထဲကထွက်ပြိးကိုပြည့်ဆီသွားကာ ဟင်းထုပ်လေးကိုပေးလိုက်သည်။

''ဒီမှာ မိပြည့် ငါနင်တို့အိမ်အတွက် ငါးသုပ်ထားတယ်။ ထမင်းတော့ရှိတယ်မလား ။ ''
ရော့ဆိုပြီး လက်ကလေးထဲထည့်ပေးလိုက်သည်။ ''

ကျေးဇူးပါပဲကွာ ဆိုပြီး သီချင်းလေး တမြေ့မြေ့နဲ့ ပြန်သွားသည်။

မနက်ဝေလီဝေလင်းအချိန်ဖြစ်ပါသည်။ ငှက်ကလေးများလဲ တတွန်တတွန်မြည်တွန်နေပါသည်။ သစ်ရွက်လေးတွေဟာလဲ ဟိုရွေ့ ဒီရွေ့နဲ့ လိပ့်ပြာလေးသဖွယ် ကူးခတ်နေပါသည်။

''မေမေရေ သားGreyhmကိုသွားကြိုလိုက်အုံးမယ်နော် ''
အစောကြီးနှိုးနေတာပဲ ငါ့သားလေးက''

ဦးကြည်အောင်ကိုနှိုးကာ မြို့လယ်ကိုသွားကြိုခဲ့သည်။ Greyhm လဲမိုးမခတို့ကိုစောင့်နေသည်။ Greyhm မှာ အဂ်လန်နိုင်ငံသားဖြစ်တာကြောင့်ရယ် ၊ အမိမြေမဟုတ်လို့ မသွားတတ်တာကြောင့် ရောင်လယ်လယ်ဖြစ်နေရှာသည်။ Greyhm ကိုသွားကြိုရန် မြင်းလှည်းဖြင့်သွားခဲ့သည်။

လမ်းတစ်လျောက် လေပြည်လေညင်းလေးတွေတိုက်ခတ်တာကိုရှုရှိိက်မိပါတယ်။ မြို့လယ် နောမထော် (normahtaw station)ဘူတာရောက်တော့ မိုးမခလဲမြင်းလှည်းပေါ်ကဆင်းပြီး ရထားကိုစောင့်နေသည်။

လေတစ်ဟုန်Where stories live. Discover now