''ဒီမှာ မိကျော့ နဲ့ ညိုမိ ငါပြောမယ်ကွာ
ဒီရေကိုကြည့်စမ်း ''လက်ညိုးထိုးပြလိုက်သည်။''ကြည်နေတယ်လေ ဘာဖြစ်လို့လဲ''
''အေး သေချာတယ်နော် '' ငြိမ်းမောင်ကိုရိုက်ခဲ့တဲ့သစ်ငုတ်တိုနဲ့ ရေကိုထိုးမွှေလိုက်သည်။ထပ်ကြည့်ခိုင်းလိုက်ပြီး ဘာတွေ့လဲထပ်မေးတယ်။
''ရေကိုတုတ်နဲ့မွှေမှတော့ ရေနှောက်ပြီပေါ့အေ'' ညိုမိလဲမချီတချီနဲ့ပြောလိုက်ပြီး အနားကခဲလုံးတလုံးကို ရေထဲပစ်ချလိုက်တယ်။
''အေး ဘဝဆိုတာလဲ အမြဲကြည်နေမှာမဟုတ်သလို အမြဲနှောက်နေမှာလဲမဟုတ်ဘူး ၊ ရေကခုနှောက်နေတယ်နော် ''
သူ့အချိန်တန်ကျရင် အနည်ပြန်ထိုင်မှာ အဲ့ကျရင် ရေကထပ်ကြည်ပြီ။ ဘယ်သူပဲဘယ်လောက်တိုက်ခိုက်တိုက်ခိုက် ရေလိုပဲ ပြန်ကြည်ရမယ်ဆိုတာ နင်တို့သိထား''။''အမယ့်လေးအေ ဆရာမကြီး မပြည့်''
''ဘာ?''
''ဆောတီး ဆောတီး၊ ကိုပြည့်လို့ပြောတာပါဟ ''နင်ဆိုသည်မှာလဲနော် လက်ညိုးလေးနဲ့ ပြည့်နဖူးလေးကို ကျော့မှူူးခင် တို့လိုက်ပြီး ''တောင်းကိုယူကာ ပြန်ကြမယ်ဟေ့ပြောလိုက်သည်။
''နေဦး ငါခုလို အဓ္ဓမကျင့်ခံရမလိုဖြစ်တာ ပြန်မပြောနဲ့နော် ငါတို့သုံးယောက်ပဲသိပါစေနော် ၊တောင်းပန်ပါတယ် ။ ''
ငါ့ဘဝလောက်မဆိုးသေးဘူး ညိုမိရေ မေ့လိုက်တော့ကွာ။
''အေးနော် ကဲပါ ပစ္စည်းတွေသိမ်းတော့ တောင်းတွေ တံဇဉ်တွေ သိမ်းတော့ ပြန်ကြရအောင်ဟေ့။''
'' အော်... ဒါနဲ့ နောက်တစ်ပတ်ကျရင် အဂ္ဂသုတ္တမြို့မှာ ဘုရားပွဲရှိတယ်တဲ့။''
''ကျော့ နင်ကံကောင်းပြီ နင်ကအလိုလိုသွားရမှာ ''
''ဘာလို့တုန်းအေ?''
''ဒီလိုလေ ငါတို့ရွာကို အဂ္ဂသုတ္တမြို့စားပိုင်တာလေ။
အဲ့တော့?
''ဒီလိုဟေ့ အဂ္ဂသုတ္တရွာမှာ ဘုရားပွဲတိုင်း အငြိမ့်ကရမှာ အဲ့ကျရင် ငါတို့ရွာရဲ့ ကွမ်းတိုင်ကိုင် ပန်းတောင်ကိုင်သာ ကခွင့်ရှိတာလေ။ဟုတ်တယ်မလား ကောင်မ ပြည့်။
''ဘာကို ကောင်မလဲ ဆွဲထိုးလိုက်ရမှာ ''
''နင်ဟာလေ သေးသေးလေးတောင်အတင်မခံ ယောကျာ်းပုံစံနဲ့မိန်းမစိတ်ကြီး ''
''ဟားဟား ပြန်ကြရအောင်ဟေ့ ''
''ကောင်မတွေ ဟိုမသာကောင်ကိုဘယ်လိုလုပ်မလဲ ငါကြောက်တယ်နော် ''
''လွတ်ထားလိုက် အမူးလွန်ပြီး အိပ့်နေတာ''
YOU ARE READING
လေတစ်ဟုန်
Romanceဒီဝတ္တုကိုရေးတယ်ဆိုတာက လုံးဝကိုရိုးရှင်းပါတယ်။ အချစ်က ပေးဆပ်မူလား ၊ ရယူမူလားဆိုတာတော့ကွဲပြားစေချင်တယ်။ လူတစ်ချို့ကပြောတယ် ''မိန်းမတွေအရမ်းသစ္စာမရှိကြတာပဲတဲ့'' အရမ်းပြောကြတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ဘဝကိုလာနှောင့်ယှက်တဲ့မိန်းမတွေနဲ့ ဘဝကိုရိုးရိုးရှင်းရ...