''ဗျို့ သူဋ္ဌေးလေးတို့ ဒီည ဘုရားပွဲမို့ သူဋ္ဌေးလေးတို့ကိုဦးစွာဖိတ်ပါသည်။ ညနေကျရင်ဘုရားပွဲလာလည်ပါနော် ၊၊ လာခေါ်ပါ့မယ်ဆိုပြီး အိမ်ထိ လူကြီးများက မိုးမခတို့ကိုလာပြောလေသည်။''
''ဟုတ်ကဲ့ ။ လာခဲ့ပါ့မယ်ဗျ''
(ညနေစောင်းရောက်လာသောအအသက်မဲ့စွာပြန်လည်ရှင်သန်လာ၏။ခါဝယ် ညိုးသောပန်းမှာ နွယ်တစ်ပင်လို )
သီတင်းကျွတ်လရဲ့ လပြည့်နေ့ပင်ဖြစ်သည်။ ရွာပေါင်းစုံ မြို့ပေါင်းစုံမှ သူများသည် အဂ္ဂသုတ္တမြို့ကိုလာရောက်စုရုံးကြသည်။ စျေးဆိုင်များလဲစည်းကားနေပြီး ပြဇတ်အငြိမ့်ဖျော်ဖြေပွဲကြီးလဲရှိသည်။
မိုးမခနဲ့ Greyhm တို့လဲ မိုးညစံအိမ်တော်ကြီးမှထွက်ခွာ၍ဘုရားပွဲသို့ထွက်ခွာခဲ့ကြသည်။ ''သူဋ္ဌေးလေးတို့ကြွပါ ခင်ဗျာ လမ်းတည့်တည့်ဆိုရောက်ပြီ၊ လမ်းပြပေးသူမှာ သူစိုင်းမောင် ပင်ဖြစ်သည်။
''သူဋ္ဌေးကြီး ဒီနေ့မှာ အဂ္ဂသုတ္တမြို့ရဲ့ ဥမ္မဒန္တီလိုတစ်ယောက်ရှိတယ်ဗျ ၊သူဒီညဖျော်ဖြေမှာလေ။ ''
ဗျိို့ ကိုစိုင်းမောင် ။ ဘယ်သွားမလို့တုန်းဗျ။
''သူဋ္ဌေးကြီး လောင်ရမ်းရဲ့သား မိုးမခတို့ကိုဘုရားပွဲလိုက်ပြနေတာဗျ။ ''
ဦးစိုင်းမောင်လဲ ကိုရန်အောင်ဆီခဏစကားသွားပြောလိုက်သည်။''see?
''လူတွေအများကြီးပဲ willow။
''အေးကွာ ၊ ဟုတ်တယ်နော် သွားကြည့်ရအောင်။''
မိုးမခတို့လဲ ဇတ်ပွဲအရှေ့ကပ်ထားတဲ့ ပိုစတာတစ်ခုကိုတွေ့လိုက်သည်။ဘာလို့ဒီလောက်လူအုံနေမှန်းလဲသေချာမသိကြပေ။''မင်းကလဲဇတ်တိုးနေတာပဲ ခဏငါအရင် ကတ်ဝယ်အုံးမယ်။'' ရန်တွေဖြစ် နေရာတွေလု့ လတ်မှတ်တွေအလု့အယက်ဝယ်နေသော မြင်ကွင်းကိုတွေ့ရသည်။ မိုးမခတို့လဲ ဘာလို့အဲလောက်လူစည်ကားလဲဆိုတာကိုအရမ်းသိချင်လာသည်။
ဦးစိုင်းမောင်ရောက်လာသည်။ ငါ့တူကြီးတို့ဝင်ကြည့်ကြမလား။
တော်ပါပြီ မကြည့်တော့ဘူးငြင်းလိုက်တယ်။ လာပါသူဋ္ဌေးလေးရယ် ဒီပွဲမျိုးက ကျုပ်တို့မြို့က အငြိမ့်မယ်မဟုတ်ဘူးဗျ ၊ ကျုပ်တို့အဂ္ဂသုတ္တမြို့ကလူလဲမဟုတ်၊ အဂ္ဂသုတ္တတစ်ခုထဲတင်မဟုတ်ဘူး အရေးကြီးဆုံး ကွမ်းတောင်ကိုင်ပန်းတောင်ကိုင်လေးတဲ့။''အင်း... အဲ့ဆိုလဲဦးလေးသဘောပါပဲ။''
လာခဲ့ Greyhm ဝင်ကြရအောင်။ဝင်သွားတော့ အလွန်ကိုကြပ်နေသောလူအုပ်ကြီးရယ် ၊အရမ်းကို မခမ်းနားပေမဲ့ ကြည့်လို့ကောင်းမဲ့ဇတ်စင်တစ်ခုကိုတွေ့ရတယ်။
လူတွေကြားထဲကဖြတ်သွားခဲ့ရတယ် ၊ လူတွေက သူအရင်ငါအရင် ပုရိသပေါင်းများစွာ လု့ယက်နေကြပြီး '' ကျော့မှုုး မထွက်လာသေးဘူးလားကွဲ့။ဦးစိုင်းမောင်လဲ သူဋ္ဌေးလေးထိုင်ပါဆိုပြီး အရှေ့ဆုံးတန်းက အထက်တန်းစားခုံထဲကတစ်ခုံကိုလိုက်ပို့ပြီးထိုင်ခိုင်းတယ်။
သူများနဲ့မတူသောအသားရေ၊ ကြည်လင်သောမျက်နှာ ၊ မှုံနံသာမချယ်သော သဘာဝရဲ.အလှ ၊ ပြေပြစ်ကျော့ရှင်းနေတဲ့ ခါး၊ ဆံမြိတ်ချခြင်းမရှိ ဆံထုံးလေးနဲ့သာနေသော သူကို ခါးလေးစောင်းညွတ်ပြီး ရင်ဝယ်တွင်ပိုက်ကာ ကိုယ်ကိုယိမ်းပြီး 16ပိုးသားကိုလက်နဲ့ထိခတ်ကာ ခန်းဆီးနောက်ကပေါ်ထွက်ပြီး ငှက်တေးသံပမာ သာယာနာဖွယ်ရှိသော ဆောင်းလေးကိုတီးခတလနေသော အလှမှာ တစ်မူထူးခြားပါပေသည်။
''ဟား ဟား ငါ့ရဲ့ ပပဝတီလေးလာပြီကိုး။
မင်းမော်၊
ဘယ်ကသာ ငါ့ရဲ့ဥမ္မာဒန္တီလေးပါကွာ။
'' Stunning ''
အဲ့တာဘာကြီးလဲ willow''''အဲ့တာက ဗမာလိုဆို ''Saung ''
မင်းတို့အခေါ်အဝေါ်ဆို Saung gaunk''Eww''
ကျော့မှူူးခင်ရဲ့အလှကြောင့် ပုရိသတင်မက မိုးမခပါ မနေနိုင်မထိုင်နိုင်ဖြစ်ရလေသည်။တောအုပ်စိမ်းစိုနေတဲ့ မြင်ကွင်းက
ရင်သပ်ရှ့မောဖွယ်ကောင်းတယ်...
အလို...
စိမ်းရွင်နေတဲ့ပန်းဟာ ရေဓာတ်ရှိဖို့လိုသလို
မဖွံဖြိုးသေးသော အချစ်သန္ဓေဟာ ဖွံဖြိုးဖို့ကံကြမ္မာကိုအားယူနေသလိုပင်။လေပြည်လေးတွေနဲ့အတူ ပျားသကာလိုချိုနေတဲ့အသံလေးနဲ့ ပုရိသအပေါင်းဆီလွတ်လိုက်သည်။
အို... ခက်ပါလားကျော့ရယ်...
''ခုံပေါ်မှာ ခြေထောက်တစ်ဖက်ကိုအောက်ချထားပြီး နောက်တစ်ဖက်ကိုဒူးပေါ်တွင်တင်ကာ ခုံတန်းပေါ်တွင်မေးလေးထောက်နေသည်။ ''ရှေ့ဆုံးတန်းပင်ဖြစ်နေလို့ အကစင်ကိုပေါ်ပေါ်လွင်လွင်မြင်ရလေသည်။
''ဦးစိုင်းမိုင် ဒီသဘင်သည်က ဘယ်ကတုန်းဗျ ''။
သာဝတ္တီရွာကကွမ်းတောင်ကိုင်ပန်းတောင်ကိုင်လေးတဲ့ဗျ။ တော်ဝင်သွေးအနဲငယ်တော့ပါတာပေါ့ဗျာ... သီပေါကိုယ်တော်ကို ကုလားဖြူတွေနန်းချလိုက်တော့ နန်းတွင်းသူ တစ်ချို့တစ်လေက သာမာန်အရပ်သားအနေနဲ့ဇစ်မြုပ်နေထိုင်နေရတာ။
ဘွားလေးဆန္ဒာမြတ်ခတို့သာ ဘုရင့်ဆွေတော်မျိုးတော်တွေလို့သိသွားရင် ကုလားဖြူတွေက နီပေါကိုပို့မှာမို့
YOU ARE READING
လေတစ်ဟုန်
Romanceဒီဝတ္တုကိုရေးတယ်ဆိုတာက လုံးဝကိုရိုးရှင်းပါတယ်။ အချစ်က ပေးဆပ်မူလား ၊ ရယူမူလားဆိုတာတော့ကွဲပြားစေချင်တယ်။ လူတစ်ချို့ကပြောတယ် ''မိန်းမတွေအရမ်းသစ္စာမရှိကြတာပဲတဲ့'' အရမ်းပြောကြတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ဘဝကိုလာနှောင့်ယှက်တဲ့မိန်းမတွေနဲ့ ဘဝကိုရိုးရိုးရှင်းရ...