ဘွားလေးရေ ကျုပ့် ရွာတောင်ပိုင်းက
စပ့ကျင်း လယ်ထဲပေါင်းနုတ်သွားအုံးမယ်တော့''
ဂရုစိုက်သွားအုံးဟေ့ ၊ ခြေကင်းလက်ကင်းတွေနဲ့ ။
ကျော့လဲ တံစဉ်တစ်လက်ရယ် ၊တောင်းတတောင်းပိုက်ကာ ဖျင်တံပတ် ကိုခေါင်းတွင်ပေါင်းပြီး ထွက်လာခဲ့တယ်။
ရွာအလယ်ရောက်တော့
ကျီး ဗျောက်မရေ ကျီးကျီး သမီး ညိုမီရှိလား ။ဟေ့ သမီးရေ သူမနက်ကတည်းက တောင်ပိုင်းက ညည်းတို့နားလေးကလယ်ကိုထွက်သွားတယ်လေ
အဲ့ဆိုလဲ ကျော့သွားလိုက်အုံးမယ်နော်။
ခဏခဏ ငါညည်းရော် ညည်းသူငယ်ချင်း နားရင်ပါစားလို့ရအောင် လက်ဖက်သုပ် ထည့်ပေးလိုက်မယ် ယူသွားပေးအုံးတော့။
ကဲပါ ထည့်ပေးမှာဆိုထည့်ပေးတော့ ကျီးကျီးရေ
ရော့ဟေ ဆီနဲနဲများသွားတယ်နော် မစားချင်လဲ ဆီဟိုရောက်ရင် မြေကြီးထဲနဲနဲသွန်လိုက်ပေါ့အေ။
ဟုတ်ပါပြီတော့် ကျီးကျီးရယ် ။
ကျော့လဲ တစ်ယောက်ထဲ ရွာထဲကဖျက်သွားပြီး တောင်ဘက်ကတောထဲက စပ့ကျင့်း လယ်ထဲသွားလိုက်တယ်။
ဟူးးး အများကြီးပါလား တစ်ယောက်စိုက်လယ်တာပြောတယ် ၊ ငါးယောက်စိုက်လယ်ကြီးကျနေတာပဲ သက်ပြင်းချနေသော ညိုမိကိုတွေ့လိုက်တယ်။
''ညိုမိ ညည်းဘာတွေမောနေတာတုန်းအေ''
နင်ကလဲကြည့်လေ ဒီမှာ ငါ့အိမ်ကပေါ့ ပွောတော့ ''သမီးရယ် မပင်ပန်းပါဘူး တစ်ယောက်စိုက်လယ်လေးပါတဲ့ '' ခုတော့ ငါးယောက်စိုက်လယ်ကြီးကျနေတာပဲ ''
တောင်ဘက်တောထဲက လယ်မှာကား အခြားလယ်များနဲ့မသိပါ ။ရေတစ်ဝက် ကုန်းတစ်ဝက်လယ်များပင်ဖြစ်သည်။ အလွန်လဲကျယ်ဝန်းတယ် စိုက်ပျိုးရေးလဲကောင်းတယ်လေ။
''အေးလေနော် ညည်းအမေက အပြောက
ဟိုးးးသစ်ပင်က ပျားရည်လိုပဲ ချိုနေတာအေ ပြောကိုမပြောချင်ဘူး''ဟဲ့ နင့်လက်ထဲက အဝတ်စုတ် အပြာကြီးနဲ့ဘာကြီးတုန်း။
''အော်.... မေ့နေတာ နင့်အမေ ကျီးဗျောက်မက ငါနဲ့နင်နဲ့ မောရင် စားလို့ရအောင်တဲ့။
YOU ARE READING
လေတစ်ဟုန်
Romanceဒီဝတ္တုကိုရေးတယ်ဆိုတာက လုံးဝကိုရိုးရှင်းပါတယ်။ အချစ်က ပေးဆပ်မူလား ၊ ရယူမူလားဆိုတာတော့ကွဲပြားစေချင်တယ်။ လူတစ်ချို့ကပြောတယ် ''မိန်းမတွေအရမ်းသစ္စာမရှိကြတာပဲတဲ့'' အရမ်းပြောကြတာပဲ။ ဒါပေမဲ့ ခင်ဗျားတို့ဘဝကိုလာနှောင့်ယှက်တဲ့မိန်းမတွေနဲ့ ဘဝကိုရိုးရိုးရှင်းရ...