(E)

10 1 0
                                    

[notes 1]''မေ့တော့လဲ မေ့နေသလားလို့
အတိတ်ကို ကိုယ်နဲအဝေးဆုံးသော မသိနိုင်တဲ့ရက်စွဲများနှင့်အတူခေါ်ထားလိုက်ချင်တော့သည်။''[notes 1]

မိုးမခလဲ သူရဲ့မေမေ မျက်မှောင်ကျုံနေတာကို တစ်လမ်းလဲမြင်နေခဲ့သည်။ သို့သော် တစ်ခွန်းမှမမေးရဲပေ။ လမ်းတလမ်းလုံး နှုတ်ဆိတ်စွာနေခဲ့ရတယ်။
ဦးကြည်အောင်က မြို့ဝန်ဆီသွားအုံးမလားမေးတော့ မသွားတော့ဘူး အိမ်ပဲပြန်တော့။

ကျော့သူငယ်ချင်းက ဆွမ်းအုပ်လေးသယ်ပေးကာ နင်ကလဲစိတ်ထဲမထားပါနဲ့။ သူတို့ကဂုဏ်မောက်နေတာ ထားလိုက်ပါ ဖြေသိပ့်ပေးတယ်။

မဟုတ်ဘူးဟာ နင်ပဲစဉ်းစားကြည့်လေ ငါကဟာ ဒီမှာ သူတို့ကျန်ခဲမှာဆိုးလို့ အမှီပြေးပြီးလိုက်ပြေးတာကို ငါမှမသိတာ။ မျက်ရည်တရှုံ့ရှုံ့ဖြစ်နေသည်။

''ငါလဲသိပါတယ်ဟယ် ဟိုကအရမ်းကို ဂုဏ်ဆာနေတာ တိတ်တော့ တိတ်တော့ ''

မျက်ရည်လေးကို ယမင်းဆိုတဲ့ကောင်မလေးကချော့ပြီးသုတ်ပေးလိုက်သည်။

''ဟဲ့ ယမင်းတို့ ​ေကျာမှူူးတို့နင်တို့သိလား''

ဖြူမရယ် ​ဘာကိုတုန်း ​စကားကိုအစမရှိ အဆုံးမရှိနဲအေ။ ''

''ဟိုတစ်​ယောက်လေ ခုနက ခုနက စုန်းမကြီးရဲ့သားလေ မိုးခို ဆိုလား မိုးည ဆိုလားမသိပါဘူးအေ ချောတယ်နော်။''

''ဟယ် ဟုတ်ပါ့အေ ငါလဲပြောမို့ မျက်လုံးလေးကိုက အစိမ်းရောင်လေးနဲ့ အသားလေးကလဲ ဖြူ ရုပ်လေးကလဲသန့် ခန္ဓာကိုယ်လေးကလဲသန့်လို့ ''

''နင်တို့တွေဘယ်သူ့ကိုပြောနေတာလဲ ဖြူမ ။ ''

''ကျော့ရယ် ဘယ်သူရှိမှာတုန်း ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ရုပ်လေးနဲ့ အဂ္ဂသုတ္တမြို့ရဲ့သူဋ္ဌေးသားလေးလေ။

''အော်... ဆိုပြီး ခုနကကောင်လေးကိုမျက်လုံးထဲမြင်ယောင်မိလိုက်သည်။''

သူငယ်ချင်းတသိုက် တပြောပြော တအေးအေးနဲ့ လျောက်လာခဲ့တယ် ။အရှေ့ဘက်မှာပုဆိုးလ်ိုလို ထမိန်လိုလိုဝတ်ထားတဲ့ မေပြည့်ကိုတွေ့လိုက်သည်။

လေတစ်ဟုန်Where stories live. Discover now