ရင်ခုန်သံပုစိကွေး
Chapter 5 🐣
"လက်တောက်လောက်လေးကများ လူကြီးကိုလာပြီးတော့ ကြည့်စမ်း...!"
"ဘာလက်တောက်လောက်လေးလဲ? လူကြီးကလူကြီးလိုမှမနေတာ ... သူများကိုကို,ကိုလျှောက်ပြောနေပြီးတော့"
တစွန်းတစ်စကြားရတဲ့အသံတချို့နဲ့ အုံကြွကြွဖြစ်နေတဲ့လူအုပ်ကိုမသင်္ကာလို့ Jungkook အနားကပ်လာမိသည်။
"ဒီကလေးကတော့လေ လူကြီးကိုပြန်ပြောနေတာများ ... ငါလုပ်လိုက်ရ နာတော့မယ်"
"မဖြစ်ဘူး!!!!"
Jungkook ကတကယ်ပဲအကျယ်ကြီးအော်ချလိုက်တာ။တစ်ဖက်မိန်းကလေးက Jimin ကိုခေါင်းခေါက်ဖို့ရွယ်နေတာမို့ သူအရမ်းလန့်သွားတာမျိုးဖြစ်မည်။
"ကလေးကိုဘာလို့လက်ပါရတာလဲဗျ။ စကားနဲ့ပဲကောင်းကောင်းပြောပါ"
လက်ထဲကမုန့်ထုပ်တွေပါပစ်ချလို့ Jimin ဆီအမြန်ပြေးလာကာ ကောက်ချီပြီးအတင်းကာရောဖက်ထားတော့သည်။ လက်တစ်ဖက်ကလည်းခေါင်းကိုအုပ်ထားပေးသေးသည်။
"ရှင့်ကလေးက ကလေးစကားမပြောလို့ပေါ့။ လူကြီးတွေကိုကပ်ကပ်လန်အောင်ပြန်ပြောနေတာလေ ...ဒီမှာဖိနပ်ကိုလည်းတက်နင်းထားသေးတယ်"
ဒါကအမှန်ဆိုတာကိုတော့ Jungkook အတိအကျသိပါသည်။ သူကိုယ်တိုင်လည်း ဒီဟာလေးအကြောင်းကိုသိပြီးသူတစ်ယောက်ဖြစ်တာမို့။
"ဘာပဲဖြစ်ဖြစ် ကလေးအပေါ်လက်ပါတာတော့မဟုတ်သေးဘူးလေ... သူ့အုပ်ထိန်းသူနဲ့ဖြစ်ဖြစ်ပြောမှပေါ့ဗျ"
"အောင်မယ်လေး .. အခုအုပ်ထိန်းသူကလည်းဒီကလေးလိုပဲလေ ပြောတော့ရောဘာထူးဦးမှာမို့လို့လဲ။ တော်ပါတော့..." ဆိုကာထိုမိန်းကလေးနှစ်ဦးထွက်သွားတော့သည်။
ထိုအခါမှထိုနေရာကလူတွေလည်း တဖြည်းဖြည်းပျောက်ကွယ်ကုန်၏။
လူရှင်းသွားပြီမို့ ချီထားတဲ့ Jimin ကိုအောက်ကိုအရင်ချသည်။ ပြီးမှ..."မှင်စာလေး..."
"ပုစိကွေးပါ"
တစ်ခွန်းမှကိုမခံဘဲ ပြန်ပြောဖြစ်အောင်ကိုပြောသေးတာ။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )