ရင်ခုန်သံပုစိကွေး
Chapter 15 🐣
ဒီနေ့မုန့်လိုက်ကျွေးမယ်ပြောထားလို့ Jimin တစ်ယောက် မနက်အစောကြီးနိုးလာပြန်ပါသည်။ အမေဖြစ်သူကို ရေချိုးခိုင်းပြီးသပ်သပ်ရပ်ရပ်လေးဝတ်စားထားသေးသည်။
ဒီနေ့တော့လူကြီးနဲ့တူအောင်လုပ်ပေးပါ ဆိုပြီးလည်းတဖွဖွတောင်းဆိုထားသေး၏။
သူမနက်အစောကြီးထစောင့်နေမယ်ဆိုတာသိလို့ Jungkook လည်းစောစောလာခေါ်ပါသည်။
Park Jimin ကိုအပြင်တစ်ခါခေါ်သွားဖို့အရေး ဘာကိုဘယ်လိုသတိထားရမယ်ဆိုတဲ့အမျိုးပေါင်း၃၆ခုလောက်ကို တစ်အိမ်လုံးကဝိုင်းသတိပေးတာ ခံရပါသေးသည်။
ဒါလည်း Jungkook ကစိတ်ရှည်လက်ရှည်နားထောင်ပြီး ခေါ်လာခဲ့၏။
×××
နေ့လည်စာစားချိန်မရောက်သေးပေမဲ့ ဗိုက်ဆာနေပြီဆိုတဲ့ Jimin ကြောင့်သူ့အကြိုက်ဆုံး ပီဇာဆိုင်ကိုအရင်လာရပါသည်။
"ဒီမှာ ခဏထိုင်နေ ကိုကိုသွားမှာလိုက်ဦးမယ်။ ဟိုတစ်ခါလိုနေရာကပျောက်သွားပြီး တွေ့တဲ့လူနဲ့ရန်ဖြစ်နေလို့မဖြစ်ဘူးနော်"
"အင်းပါ။ မြန်မြန်သွားမှာတော့ ဗိုက်ဆာနေပြီ"
စားပွဲကိုလက်နှစ်ဖက်နဲ့ပုတ်ပြီး စိတ်မရှည်သလိုဖြစ်နေတာမို့ Jungkook လည်းစကားကြောရှည်မနေတော့။
၄မိနစ်လောက်အကြာမှာတော့ Jimin အကြိုက်ဆုံးဖြစ်တဲ့ cheese အများကြီးနဲ့ပီဇာကိုသယ်ပြီး Jungkook ပြန်ရောက်လာ၏။
"ဖြည်းဖြည်းစားနော် ... "
ဘယ်ကလေးမှမချစ်တတ်တဲ့ Jungkook ကဒီကလေးကိုတော့ အစစအရာရာဂရုစိုက်အလိုလိုက်ပေးနေသည်။
"ကိုကို"
"ဟင်?"
"သား ရှူးပေါက်ချင်တယ်"
"အမ်... လိုက်ပို့ပေးရမှာလား?"
"အင်းပေါ့။ မြန်မြန်လို့ ... ထွက်ကျတော့မယ်"
"အင်းအင်း ထထ... "
စားချင်တာကျွေးရတဲ့အပြင် အခုရှူးပါလိုက်တည်ပေးရသည်အထိ။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )