Chapter 36 🐣

2.8K 234 18
                                    

ရင်ခုန်သံပုစိကွေး

Chapter 36 🐣


နမ်းပြီးတဲ့နေ့ကစပြီး
အခြေအနေတွေ အရင်နဲ့မတူတော့ပြီ။

ကလေးအသက်ပြည့်မှဆိုတဲ့အတွေးတွေကို Jungkook ခဏတိုင်းတွေးနေရပြီး ထိုအနမ်းလေးတစ်ပွင့်ကိုလည်းစွဲလမ်းနေ၏။

........

တစ်ခါတစ်ရံများဆို
သူ့အသံလေးကြားရုံ
သူ့အပြုံးလေးမြင်ရုံ
သူ့ရနံ့လေးရရုံနဲ့
ရင်ခုန်သံတွေဗြောင်းဆန်ရပါသည်။

အမှန်အတိုင်းပြောရရင် ဟိုးငယ်ငယ်တည်းကအခုချိန်ထိ ကိုယ့်ရင်ခုန်သံကိုတစ်ခါမှနားမထောင်ပေးခဲ့မိဘူး။ နှလုံးသားတံခါးကိုလည်းလုံးဝမဖွင့်ထားခဲ့ဖူးလို့ထင်ပါရဲ့။

အခုတစ်ခါကတော့မတူပြန်ဘူး ...
သူလာပြီးတံခါးမခေါက်ရင်တောင် ကိုယ်ကဧည့်ခံပေးချင်မိတာမျိုး။

သူ့အနားမှာရှိနေတဲ့အချိန် အရာရာကိုရပ်တန့်ထားချင်မိတာမျိုး ...
သူ့ဘေးနားကဖြတ်သွားတဲ့အချိန် လေပြည်လေးတွေပိုအေးသွားတာမျိုး ...
သူနဲ့သာဆို၊သူ့အတွက်သာဆို အရာရာဖြည့်ဆည်းပေးချင်မိတာမျိုး ...
ပြီးတော့ သူမဟုတ်ရင်မဖြစ်တာမျိုး။

"ကိုကိုရေ  လာပါဦး! ... "

အလုပ်,လုပ်ရင်းဝင်လာတဲ့အတွေးတွေတောင် အကုန်ထွက်ပြေးကုန်တဲ့အထိ ပုစိကွေးရဲ့အသံကအတော်လေးကျယ်၏။

ဘာပြောကောင်းပါ့မလဲ?
Jungkook အပြေးသွားတော့သည်ပေါ့ ...

"ကလေးလေး ဘာဖြစ်တာလဲ? အင်! ... အဒေါ်ကြီး ကလေးကဘယ်မှာလဲ?"
အသည်းအသန်ပြေးဆင်းလာပြီး ဘာဖြစ်တာလဲ မေးပေမဲ့ မြင်ကွင်းထဲမရှိတာမို့မေးရပါသည်။

"အိမ်သာထဲမှာ.."
အဒေါ်ကြီးကလည်း စိုးရိမ်သလိုမျက်နှာထားနဲ့၊

"အိမ်သာထဲမှာ? ... ခုနကအိမ်သာထဲကနေအော်လိုက်တာလား?"

"ဟုတ်တယ်"

အခန်းထဲမှာလည်းသန့်စင်ခန်းရှိတာကို သူကအောက်ထပ်ကိုလာပြီး ဘာများဖြစ်ရတာလဲ?

"ကလေး ကိုကိုရောက်ပြီ။ ဘာဖြစ်လို့လဲ ... တံခါးဖွင့်မရလို့လား?"

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now