ရင်ခုန်သံပုစိကွေး
Chapter 1 🐣
( Park JinHyuk = ပက်ဂျင်ဟော့
Park HyungHo = ပက်ယောင်းဟို
Jeon SungKook = ဂျွန်ဆောင်ကု )"ပုစိကွေး!!! "
"ဗျာ... လာပါပြီ"
"အသံပဲလာနေတာ လူကဘယ်မှာလဲ? အခုချက်ချင်းလာလေ"
"လာပါပြီဆိုနေ .. ဖေကြီးကလည်းဗျာ"
"ဖေကြီးကလည်းလုပ်မနေနဲ့၊ ဒီနေ့ကျောင်းစတက်ရမဲ့နေ့လေ .. ဘာလို့အဲဒီ့gameပဲဆော့နေတာလဲ?"
"ကျောင်းစတက်ရမယ်ဆိုတော့ gameဆော့တာနောက်ဆုံးဖြစ်ပြီလေ၊အဲ့ဒါကြောင့် နှုတ်ဆက်ပွဲလုပ်နေတာပေါ့"
"ဘာ? တော်တော်စကားတတ်နေတယ်ပေါ့လေ"
"အား .. မေကြီးရေ!"
"ဘာလုပ်ရသေးလို့အော်နေတာလဲ?"
"အခုပဲလုပ်တော့မှာလေ ၊ဖေကြီးလက်ကရွယ်တောင်ရွယ်နေပြီကို .."
"တယ်! ဒီကလေးကတော့လေ"
မိုးလင်းတာနဲ့ထိုသားအဖက ထုံးစံအတိုင်းဆူညံနေ၏။
ဖခင်ဖြစ်သူ Mr. Park HyungHo မှာတော့ ဒီမိသားစုတစ်ခုကိုအစစအရာရာပြည့်စုံတောင့်တင်းမှုရှိအောင် ကြိုးစားရုန်းကန်နေရသူပီပီ ကိုယ်တိုင်ကိုယ်ကျအလုပ်သွားဖို့ပြင်ဆင်နေရပါသေးသည်။ဇနီးသည်က ဇနီးကောင်း၊မိခင်ကောင်းမို့ ဝတ္တရားမပျက်ကွက်သော်လည်း သားဖြစ်သူအပေါ်တော့အလိုလိုက်လွန်း၏၊
အခုလည်းကျောင်းသာသွားရမှာ လက်ထဲကဖုန်းကိုမချတမ်းဆော့နေတာ၊ ဒီကလေးလေးက မိဘရဲ့အလိုလိုက်မှုကိုအဆုံးမရှိရ,ထားလေတော့ ဆိုးချင်တိုင်းကိုဆိုးနေခြင်းပေါ့။မိဘတွေတင်ပဲလား? ဆိုတော့ မဟုတ်ပြန်!
အဖိုးဖြစ်သူ Park JinHyuk ရဲ့သဲသဲလှုပ်ချစ်ချစ်တုန်လေးလည်းဖြစ်နေပါသေးသည်။"ပုစိကွေး! ငါပြောနေတာမကြားဘူးလား? သွား .. အခုကားပေါ်တက်တော့"
ဆော့လက်စgameကိုပစ်ထားခဲ့ကာ ထော်ပြီးသားနှုတ်ခမ်းကိုဆူလို့ရယ် ကားပေါ်သွားထိုင်နေ၏၊ ခြေထောက်လည်းဆောင့်သွားသေး၏ပေါ့။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )