Chapter 10 🐣

3.2K 272 24
                                    

ရင်ခုန်သံပုစိကွေး

Chapter 10 🐣


စိုးရိမ်ပူပန်မှုတွေနည်းပါးသွားတဲ့ ဆောင်းမနက်ခင်းလေးတစ်ခု။

ညရဲ့ဆိတ်သုဥ်းမှုနဲ့ စိတ်ရဲ့ပူလောင်မှုတို့မရှိတဲ့ အိမ်ကြီးထဲမှာတော့ လေထုကအတော်လေးကောင်းမွန်လျက်ရှိသည်။

"မေကြီး..."

"အင်း သားလေး ပြော"

"ကိုကိုက သားတို့အိမ်မှာဘာလုပ်နေတာလဲ"

နည်းနည်းလေးသက်သာလာတာနဲ့ စုံစမ်းရေးမှူးလိုမေးခွန်းမျိုးတွေက စလာပါ၏၊ မေးခွန်းတိုင်းလည်း Jungkook ကမပါမဖြစ်။

"သားနေမကောင်းလို့ ကိုကိုကမပြန်တာလေ။ ညကတစ်ညလုံး သားအိပ်နေတာကိုစောင့်ပေးထားတာ"

အခန်းထဲမှာရှိနေတဲ့လူတွေကို တစ်ယောက်ချင်းစီအသေအချာလိုက်ကြည့်သည်။ ဘာများပြောချင်နေမလဲ လို့အဖိုးဖြစ်သူနဲ့အတူမိဘနှစ်ပါးကပါမျှော်လင့်လျက်ရှိ၏။

"သား ... ကိုကို့ကိုပြောစရာရှိလို့ အားလုံးထွက်သွားပေးဖို့ဆန္ဒရှိကြလား"

လူနဲ့မလိုက်အောင် စကားကြီးစကားကျယ်ပြောတာကလည်း Park Jimin ရဲ့အမူအကျင့်တွေထဲကတစ်ခု။
အဲ့လိုတစ်ခုချင်းစီသာလိုက်မှတ်ရရင် သူ့အမူအရာတွေကကုန်မှာတောင်မဟုတ်..။

အချိန်ခဏအတွင်း အခန်းထဲမှာသူတို့နှစ်ဦးသာကျန်ခဲ့တော့သည်။

....

"ကိုကို.."

"...."  Jungkook ကမျက်ခုံးပင့်လို့အရေးစိုက်ဟန်ပြုသည်။

"အခုကျေသွားပြီနော်"

"ဘာကိုလဲ?"
ဒီကလေး တစ်ခါတစ်ခါပြောလိုက်ရင် ဘယ်လိုမှလိုက်မမှီဘူး။ သူ့ဦးနှောက်ကအလုပ်ဘယ်လိုလုပ်နေလဲ တကယ်သိချင်မိတယ်။

"ကိုကိုမနေ့ညက သားအိပ်နေတာစောင့်ပေးထားတယ်ဆို ... အဲ့ဒါကိုမွေးနေ့လက်ဆောင်အဖြစ်ယူလိုက်မှာမို့ ကျေပြီလို့ပြောတာ။ သားအခုကိုကို့ကိုစိတ်မကောက်တော့ဘူး..."

တကယ်ကို ဘာပြန်ပြောရမှန်းမသိအောင်သူလုပ်တတ်တယ်။ အပြုအမူရောအပြောအဆိုတွေကပါ တကယ်ကလေးဆန်တာ ... အဟက်!

ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )Where stories live. Discover now