ရင်ခုန်သံပုစိကွေး
Chapter 13 🐣
ဒီနေ့ကရုံးပိတ်ရက်ဆိုပေမဲ့ အလုပ်ပိုရှုပ်တဲ့နေ့။
မနေ့က ပုစိကွေးလာလို့လွတ်သွားတဲ့အစည်းအဝေးကအချက်အလက်တွေကို အစကပြန်လုပ်ရတယ်။
သဘက်ခါလုပ်မဲ့ရိုက်ကွင်းအတွက် အခုထိဘယ်မင်းသား၊ဘယ်မင်းသမီးရယ်လို့ ရေရေရာရာမသတ်မှတ်ရသေး။ဒီကြော်ငြာကို နောက်အပတ်ထဲအပ်ရတော့မှာဖြစ်ပြီး လက်ရှိမှာအသက်ရှူချိန်တောင်မရ...။
"Jungkook-shi"
"ခင်ဗျာ?"
နာမည်ခေါ်လို့လှည့်ကြည့်လိုက်ပေမဲ့ ဘယ်သူဆိုတာကိုအတိအကျ Jungkook မမှတ်မိ။ ခဏလောက်ရပ်ကြည့်နေမိပြီး ဘယ်သူဖြစ်နိုင်မလဲလို့ မှတ်ဥာဏ်ထဲရှိသမျှဆွဲထုတ်နေမိသည်။
"Sora ပါ ... မမှတ်မိဘူးလား?"
"Sora??"
နာမည်ပြောတာတောင် Jungkook ကအင်တင်တင်ဖြစ်နေသေးသည်။ မိန်းမလှလေးကအနားတိုးလာပြီး သေချာပြုံးပြတော့မှ..."အာ... Sora!..။ .... ဘယ်လိုလဲ အဆင်ပြေတယ်မလား?"
"အင်း"
Sora ဆိုတာ နိုင်ငံခြားမှာကျောင်းတက်တုန်းက သိခဲ့တဲ့ american + korean ကပြားမလေး။
ကျောင်းတုန်းကသူငယ်ချင်းဖြစ်တဲ့အပြင် အရမ်းရင်းနှီးခဲ့တာမျိုးလည်းမဟုတ်တော့ Jungkook ချက်ချင်းမမှတ်မိတာလည်းဖြစ်နိုင်သည်။ အခုပဲ Jungkook က၂၈နှစ်ဆိုတော့ နှစ်တွေအတော်ကြာခဲ့ပြီမို့...
"ဒီကိုဘယ်လိုဖြစ်ပြီးရောက်လာတာလဲ... အလုပ်ကိစ္စလား?"
"ဆိုပါတော့...။ Sora ကိုဒီ ent:ကကမ်းလှမ်းထားလို့ လူတွေ့လာဖြေတာ"
"ဟင်?...ဘာအတွက်လဲ"
"ကြော်ငြာအသေးစားလေးပါ။ Sora က modeling လုပ်နေတာလေ"
"အာ... အဲ့ဒါဆိုရင် ...သဘက်ခါအတွက်...??"
နှစ်ယောက်သား နှုတ်ဆက်စကားဆိုရင်းနဲ့ပဲ ကိစ္စအတော်များများသိသွားကြပြီဖြစ်သည်။ Jungkook ရဲ့သဘက်ခါကြော်ငြာအတွက်မရွေးချယ်ရသေးတဲ့ ဆန်ခါတင်မင်းသမီးစာရင်းမှာ Sora ပါသည်။
အခုမှပြန်တွေ့တယ်ဆိုပေမဲ့ Sora ကမှတ်မိပြီး သူကမမှတ်မိလို့ Jungkook ကအားနာကြောင်းတဖွဖွပြောသည်။ တွေ့လက်စနဲ့ အလုပ်ကိစ္စနည်းနည်းပြောကြည့်လိုက်တော့ သဘက်ခါအတွက် model ရွေးဖို့ Jungkook အတော်လေးအဆင်ပြေသွားလေ၏။
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )