ရင်ခုန်သံပုစိကွေး
Chapter 22 🐣
ရယ်မောသံတွေစဲပြီးတဲ့နောက် ခန်းမကျယ်ထဲအတော်လေးငြိမ်လျက်ရှိသည်။
Jungkook ကအဖြူရောင်ဝတ်စုံပြည့်ကိုဝတ်ထားပြီး ခန်းမရဲ့အရှေ့ဆုံးကနေစောင့်ရသည်။
ခန်းမအဆုံးကနေတံခါးပွင့်ပြီး သူ့ဆီလျှောက်လှမ်းလာမဲ့သူကို ကြိုနေရပုံပေါ်၏။ကောဇော်နီထက်ဘယ်သူလှမ်းလာမယ်ဆိုတာသိလျက် Jungkook ရင်တွေတလှပ်လှက်ဖြစ်နေသေးသည်၊ အေးစက်လာတဲ့လက်ဖျားတွေနဲ့ စေးကပ်ကပ်ဖြစ်လာတဲ့လက်ဖဝါးတွေကို အချင်းချင်းရောယှက်လို့ စိတ်ဖြေနေသည်။
သတို့သားငယ်လေး ဝင်လာလို့ရပါပြီခင်ဗျာ!
ဆိုတဲ့စကားနဲ့အတူ ခန်းမတံခါးပွင့်သွားသည်။
လူနဲ့မလိုက်အောင် ဝတ်ပုံစားပုံကလူကြီးဆန်နေပေမဲ့ Park Jimin ဖြစ်နေတာမို့တစ်မျိုးလေးချစ်ဖို့ကောင်းနေပါသေးသည်။ Jungkook နဲ့ဆင်တူတဲ့အဖြူရောင်ဝတ်စုံပြည့်ကိုဝတ်လို့ ကောဇော်နီပေါ်ဖြတ်ပြီး Jungkook ရှိရာလျှောက်လှမ်းလာနေ၏။လူကြားထဲကသြဘာသံတွေကိုသဘောကျပြီး ဟိုလူဒီလူအပြည့်ကိုလိုက်ကြည့်နေတော့တာ မျက်စိရှေ့က Jungkook ကိုတောင်မမြင်တော့သလို။
Park Hyungho အတွက်ကတော့ ၄မိနစ်လောက်ထိုနေရာမှာ ရပ်စောင့်နေခဲ့တဲ့ Jungkook ဆီ သားဖြစ်သူကိုပေးရပါတော့မည်။
တစ်ဖက်ကကမ်းနေတဲ့လက်ပိုင်ရှင်က Jungkook ဖြစ်နေပါဦးတော့ ဖခင်တစ်ယောက်၊မိဘတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောရင်သွေးလေးကို မပေးလိုက်ချင်။
"အစ်ကို ... "
အကြာကြီးရပ်နေတဲ့ Hyungho ကို Jungkook ကပဲသတိကပ်စေလိုက်သည်။
ဒီတော့မှ ဝဲတက်လာတဲ့မျက်ရည်စတွေကို မျက်တောင်နဲ့ပုတ်ခတ်လို့အတင်းပြန်ရုတ်တော့သည်။
သားဖြစ်သူရဲ့လက်လေးကို Jungkook လက်ထဲထည့်ပေးရင်း... "Jungkook-ah...။ အစ်ကို့သားလေးကအရမ်းဆိုးတယ်၊မလိမ္မာဘူး၊စကားလည်းနားမထောင်ဘူး၊ခဏခဏဂျီကျတတ်တယ်..."
Jungkook ကသူသိပါတယ်ဆိုတဲ့သဘောနဲ့ ခေါင်းလေးတငြိမ်ငြိမ့်....
"သူအရမ်းဆိုးတာတွေမလိမ္မာတာတွေကိုသည်းမခံနိုင်တော့တဲ့အခါပဲဖြစ်ဖြစ်၊ စကားနားမထောင်ဘဲဂျီကျတာကိုစိတ်မရှည်တော့တဲ့အခါပဲဖြစ်ဖြစ် သူ့ကိုဒေါသမထွက်ပါနဲ့ ။ အဲ့လိုအချိန်တွေမှာ မင်းမတတ်နိုင်တော့ဘူးဆိုရင် အစ်ကို့သားလေးကိုအစ်ကိုတို့ဆီကိုပဲပြန်ပို့ပေးပါ တောင်းဆိုပါတယ်"
YOU ARE READING
ရင်ခုန်သံပုစိကွေး (Z+U) ~ ( Completed )