PART -4

419 39 4
                                    

  
       Chae တယောက် jisoo unnie နဲ့ မုန့်အတူစားပြီး အိမ်သို့ပြန်လာသောအခါ Omme Appaတို့ ဧည့်ခန်းမှာထိုင်၍စကားပြောနေကြသည်။ Chaeလည်းသူတို့အနားဝင်ထိုင်ကာ
  Chae - ဘာတွေပြောနေကြတာလဲ
  Mrs. Park - တကယ်တော့ ပြောစရာရှိလို့ chae လေးကိုစောင့်နေကြတာ
Chae - chae ကိုစောင့်နေကြတယ် ဘာကိစ္စရှိလို့လဲ
Mr. Park - အရင်ဆုံးမေးစရာရှိတယ် chae
Chae - ဟုတ်
Mrs. Park - chaeလေးji လေး အပေါ်ဘယ်လိုသဘောရလဲဟင်
Chae - Unnie လား ဘာကိစ္စလဲလို့ Unnie ကိုအမတယောက်လိုချစ်တာ
Mrs. Park - အဲထက်ရော မပိုဘူးလား
Chae - ဟာ omma တို့ ရယ် အဲထက်ကဘာလို့ ပိုရမှာလဲ omma တို့ကလည်း တော်ဘီ စိတ်ရှုပ်နေကြားထဲ သွားအ်ပ်တော့မယ် မနက်ဖြန် ဘဲွ့ယူဖို့အတွက်လေ့ကျင့်ရအုံးမှာ
Mrs. Park - အင်းပါ
Chaeyoung တယောက် သူအမေတို့ကိုပြောပြီးခြေဆောင့်ကာ သူ့အခန်းထဲသို့တက်လာလေသည်။အခန်းထဲသို့ ပြန်ရောက်သောအခါ အမေတို့မေးတာကိုသူစဉ်စားနေမိသည်။
- **omma တို့ ဘာလို့ငါ့ကိုအဲလိုမေးတာပါလိမ့် ဟူး ငါ့ကဘဲ့ တွေ့များနေတာဖြစ်ပါလိမ့်မယ် ဟူး soyeon ရေမင်းကိုလွမ်းလိုက်တာ ဘာလို့ ငါ့နဲ့ လမ်းခွဲချင်နေရတာလဲကွာ ငါ့ဝဍ်များ လည်တာလားကွာ အစတုန်းကကောင်မလေးအသဲလိုက်ခွဲလို့ မနက်ဖြန်ဒီကိစ္စရှင်းရအုန်းမှာ**
       Chae တယောက် တယောက်တည်းတွေးရင်း အိပ်ယာဝင်ခဲ့လေသည်။
       မနက်ရောက်သော် chae တယောက်မနက်စာကိုမစားနိုင်ဘဲ ကျောင်သို့ သွားရန် လေနေလေသည်။
  Mrs. Park - chae ဘာကိစ္စရှိလို့ ဒီလောက် အလျင်အမြန်ဖြစ်နေရတာလဲ
  Chae - ကျောင်းသွားမလို့ပေါ့ Omma ကလည်း
  Mrs. Park - ဒီလောက်လောပြီးအစောကြီးသွားနေရတာလဲ ပြီးတော့ မင်း Unnie လည်းနိုးသေးမှာမဟုတ်ဘူး
Chae - ဒီနေ့ unnie နောက်မလိုက်တော့ဘူး unnie ထက်အရေးကြီးတဲ့ လူတွေ့ရမှာမလို့
Mrs. Park - ji လေးထက် အရေးကြီးတာ ဘယ်သူလဲ မင်းကောင်မလေးလား ဟဲ့ အော် မေးတာတောင် ဆုံးအောင်မဖြေသွားဘူး chae လေး ကားဂရုစိုက်မောင်း သွားကြားလား
   Mrs. Park ပြောတာကို ဂရုမစိုက်ဘဲ ကားကိုမောင်း၍ ထွက်သွားလေသည်။
     Chaeyoung တယောက် ကျောင်းသို့ အမြန်သွားနေလေသည် ။
  ** သူကိုရအောင်တောင်းပန်ရမယ် ဒီနေ့ ဘာဖြစ်လို့လမ်းခွဲချင်နေရတာလဲလို့ အသေအချာပြောရမယ် **
     တဖက်တွင် jisoo တယောက် chae ကို ကျောင်းသို့ပို့ရန် Park အိမ်တော်သို့ကားကိုမောင်း ၍လာလေသည်။
Jisoo - အန်တီ chae လေးနိုးပြီးလား
Mrs. Park - အောင်မလေး jiရယ် မနက်ကတည်းက ထွက်သွားဘီ ကျောင်းမှာရေးကြီးတဲ့ လူတွေ့စရာရှိလို့တဲ့
Jisoo - ဟင် !!အာဆို ဒါဆို သမီးလည်း သွားလိုက်အုံးမယ် အန်တီ
Mrs. Park - အင်း ဂရုစိုက်သွားနော် Ji လေး
Jisoo လည်း အန်တီကိုနှုတ်ဆက်ပြီး အလုပ်သို့ ကားကိုမောင်း၍လာလေသည်။
Jisoo - chae ကဘာဖြစ်လို့ အစောကြီးကျောင်းသွားရတာလည်း ဘဲွ့ယူရမှာမလို့လား မဟုတ်မှ Jung Soyeon ကိုပြန်တောင်းပန်မလို့လား chae လေး ဒီတခါ တကယ်ချစ်မိသွားတယ်ထက်တယ် ဟူး ငါ့လည်း တနေ့နေ့ဒီအကြောင်းတွေးရင်းရူးတော့မယ်
Jisoo လည်း အလုပ်သို့ သွားတဲ့ လမ်းတလျှောက်အတွေးများဖြင့်ရှိနေလေသည် ။
တဖက်ကကျောင်းတွက် chae တယောက် Lisa ကို တဲွကာ Soyeon ကို ရှာနေလေသည်။
Lisa - chae မင်းကလည်း ဖြေးဖြေးသွားပါ ငါ့လိုက်နေရတာမောနေဘီ Chae ဟိုကိုကြည့်
Chae - Lisa ငါ့ကိုလျှောက်ပြမနေနဲ့ ငါ့ Baby ရှာနေတာ
Lisa - ငါ့ပြနေတာ မင်းBaby လေ ဟိုမာကောင်လေးတယောက်နဲ့
Chae - ဘယ်မှာ
Chae လည်း Lisa ပြတဲ့ နေရာကြည့်လိုက်တော့ Babyကကောင်လေးတယောက်နဲ့ chae လည်း ဒေါသထွက်စွာ သူတို့အနားသွားပြီး
Chae - Baby !!!!!
Soyeon - အော် Chae
Chae - သူကဘယ်သူလဲ baby
Chae လည်း သူဘေးအနား ကကောင်လေးကို ကြည့်၍မေးလေသည်။
Soyeon - သူလား တို့ကောင်လေးလေ သူနာမည်ကLeoတဲ့ နိုင်ငံခြားမှာကျောင်းတက်နေတာလေ ငါ့ဘွဲ့ယူတော့မှာမလို့ လာဂုဏ်ပြုတာ
Chae - ဘာ ဒါဆို ငါ့ကဘာလဲ baby အပျော်လား မင်းရှင်းအခုရှင်း
Soyeon - ဟက် မင်းကလား ခဏတာအပျော်ပေါ့ပြီးတော့ငါ့က lesbianမဟုတ်ဘူးရှင်းတယ်လေ
Chae - ဘာပြောတယ် ငါ့ကခဏတာအပျော် ဒီလောက် နှသ်တွေကြာကြီးချစ်ကြတာကို ဟက် ရီရတယ်နော်
Soyeon - ငါ့မင်းကိုတကယ်မချစ်ခဲ့ဘူး Chaeyoung shii ငါ့ မင်းတို့ ညီအမအကြောင်းသိချင်လို့ တွဲတာ ရှင်းလား
Chae - ဘာငါ့တို့ ဘယ်သူ jisoo unnie လား unnieနဲ့ ဘာဆိုင်လဲ
Soyeon - ဆိုင်ဆိုင်မဆိုင်ဆိုင်မင်း မကြာခင်သိရတော့မှာပါ ပြီးတော့ လက်ထက်တော့မှာဆို ဂုဏ်ယူတယ်နော် ဟား ဟား သွားဘီ
Chae - နေပါဦး လက်ထက်မယ် ဘယ်သူပြောလဲ
Soyeon - မက်းမသိသေးဘူးကိုး မင်း မိဘတွေမေးကြည့်ပေါ့ သူတို့ စီစဉ်နေတာတဲ့
Chae - ဘာ မင်းကိုဘယ်သူပြောလဲ
Soyeon - မင်းကသာမသိတာ ငါ့ကသိတာကြာဘီ ဘယ်သူနဲ့ လက်ထက်ပေးမှာအစဟား ဟား ကံကောင်းပါစေနဲ့
Chae - နေဦး !!!!!!!
Jung Soyeon တယောက် chae ကို ပြောတာကိုနားမထောင်ဘဲသူကောင်လေးလက်ကိုတွဲ၍ထွက်သွားလေသည်။
ထိုနေရာမှာ ကြောင်ပြီးရပ်နေသူတဦး နဲ့ ရုပ်ကြိုးပျက်မလိုဖစ်နေတဲ့ နှစိယောက်ကျန်ခဲ့လေသည် ။
Lisa - Chae !!! Chaeyoung !!!!!!
Chae - ဟင် ဘာလဲ ပြော
Lisa - သူပြောသွားတာတကယ်လား
Chae - ငါ့ လည်းမသိပါဘူးဆို အမေတို့ကိုမေးကြည့်ရတာပေါ့
Lisa - ဒါနဲ့ မင်းကရော လက်ခံမှာလား အဲကိစ္စတကယ်ဆို
Chae - လက်ခံစရာလား လက်ထက်တာက ကစားစရာမှမဟုတ်တာ သူငါ့လမ်းခွဲချင်လို့ လုပ်ကြံပြောသွားတာနေမှာပါ
Lisa - မဖြစ်နိုင်ဘူးနော် သူတကယ် ပြောသွားသလိုဘဲ့ ဒီလိုလုပါပါလား
Chae - ဘယ်လို
Lisa - Jisoo unnie မေးကြည့်ပါလား သူကနင်တိုါအိမ်နဲ့ ဒီလောက်ရင်းနှီးတာ သူသိချင်သိမှာပေါ့
Chae - မဖြစ်နိုင်ဘူး Unnue သိရင်ငါ့ကို ပြောပြမှာပေါ့
Lisa - ငါ့ထင်တော့ မေးသင့်တယ်
Chae - ဟုတ်တယ် ငါ့တို့သွားမေးကြမလား အခု ကျောင်းလစ်ပြီး
Lisa - ကြာတယ် သွားမယ်
သူငယ်ချင်းနှစ်ယောက် ကားဆီ အမြန်သွားကာJisoo unnie လုပ်လုပ်တဲ့ Company သို့ မောင်းလာခဲ့ သည် ။
နာရီအနည်းအငယ်ကြာပြီးနောက် Chae တို့ Mr.kim တို့ company သို့ရောက်လာလေသည် ။
Lisa - Unnieက ဘယ်အထပ်မှာလုပ်လုပ်တာလဲ
Chae - ငါ့သိတယ် လာ
Lisa လည်း ဘာမှမပြောဘဲ သူနောက်လိုက်သွားလေသည် ။ chae young တို့ Company ထဲ ဝင်သွားခိုက်တာနဲ့ ဝန်ထမ်းတွေက ခေါင်းငုံကာ နှုတ်ဆက်ကြသည် ။
Lisa - မင်းက လာနေကြလား သူတို့က ခေါင်းငုံပြီးတောင်နှုတ်ဆက်နေကြတာ
Chae - မင်းကလေ လဘ်သလိုနဲ့တုံးတာ ငါ့အဖေက ဒီ Companyvမှာ ရှယ်ယာ တဝက်ပိုင်တာ ဒီ Company မှာ ငါ့ကတဝက် unnieကတဝက် ငါ့က မလုပ်ချင်သေးလို့ မလုပ်တာ တကယ်တော့ ဒီcompany က တည်ထောက်ကတည်းက ငါ့တို့ နှစ်ယောက်အတွက် နာမည် ကြည့်လိုက်ဦး လေ
C.S လေ Chaeyoung& Jisoo ဟဲ ဟဲ
Lisa - ငါ့တို့အားကျတယ်ကွာ ချမ်းသာတဲ့ မိဘတွေရှိတော့
Chae - သူကပြောရတယ်ရှိသေး သူကမချမ်းသာတာကျလို့ ထိုင်းနိုင်ငံဟိုတယ်တဝက်က ဘယ်သူဟာတွေ
Lisa - အဖေဟာတွေဟဲ ဟဲ
Chae - နင်အဖေဟာနင်ဟာမဟုတ်ဘူးလား
Lisa - ငါ့မကြိုက်ပါဘူး ဟိုတယ်လုပ်ငန်းတွေ တော်ဘီ မပြောတော့ဘူး မင်းနဲ့
Chae - ဘယ်သူကပြောချင်လို့လဲ ဟင်း
Lisa - မရောက်သေးဘူးလား
Chae - အယ် ရောက်ဘီ ဒီအထပ်ဘဲ့ လာ
Chae young တို့လည်း Jisoo ရှိတဲ့ အထပ်သို့ရောက်တော့ လမ်းမှာ IU unnie နဲ့တွေ့လေသည် ။
Chae - Unnie
IU- aww chae အလည်လား သူငယ်ချင်းလည်းပါတာဘဲ့
Chae - ကိစ္စရှိလို့ Unnie ဒါနဲ့ unnue အခန်းထဲမှာမလား
IU - အခန်းထဲမှာ ဒါပေမဲ့ အခု ဧည့်သည်နု့စကားပြောနေတယ် ပြီးတော့မှာ  နားနေခန်းထဲခဏလေးစောင့်လိုက်နော် unnie အအေးယူလာခဲ့မယ်
Chae - ဟုတ် unnie လာ Lisa
Chae တို့လည်း unnie ပြောသလို့ နားနေခန်းအထဲထိုင်စောင့်နေကြသည် ။ မိနစ်၃၀လောက်ကြာတော့ Unnie IU လာခေါ်လေသည် ။
IU - chae လေးတို့ ဝင်သွားလို့ရဘီ သူစောင့်နေတယ်
Chae - ဟုတ်
Chae လည်း Unnie အခန်းထဲ သွားကာ
""ဒေါက် .... ဒေါက် ""
"" ဝင်ခဲ့ ""
Chae လည်းတံခါးကိုဖွင့်ကာ ဝင်သွားတော့ ထိုင်ခုံပေါ်တွင် အနားယူနေသော Unnie
chae - Unnie
Jisoo - chae& Lisa ဘာလာလုပ်ကြတာလဲ
Chae - ကိစ္စရှိလို့ အဲတာ
Jisoo - ဘာကိစ္စလဲ ပြောလေ အော်ဒါနဲ့ မနက်ကကျောင်းအစောကြီးသွားြပီးအခုတော့ ကျောင်းလစ်ြပီး ဒီကိုရောက်လာကြတယ် ဟင်း.. Chae young !!!
Chae - ဟုတ်တယ် ကျောင်းစောစောသွားပြီး Babyနဲ့ သွားတွေ့တာ
Jisoo -ဆင်ပြေရဲ့လား
Chae - မပြေဘူး သူ့ကောင်လေး တယောင်နဲ့ တွဲပြီး တောင်လာတာ
Jisoo - တကယ် unnie ကသူchae လေးကိုတကယ်ချစ်တယ်ထင်နေတာ
Lisa - လာရင်းကိစ္စပြောလိုက်ဦး
Chae - ဟုတ်တယ် မေ့သွားတယ်
Jisoo - ဘာကိစ္စလဲ
Chae ကပြောမလို့လုပ်နေတုန်းမှာ သူဘေး က Lisa က သူထက်ဦး၍ ပြောချလိုက်လေသည် ။
Lisa - ဒီလို unnie ( ရှေ့က ပြောထားတဲ့ ဟာတွေကိုတခုမကျန်ပြောချလိုက်လေသည် )
Jisoo ကတော့ ပါးစပ်လေးဟောင်းကာ
** chae လေးရောသိသွားဘီလား သူလက်ထက်မည့်သူက ငါ့ဆိုတာ **
Chae - UNNIE!!! KIM JISOO!!!!!
Jisoo - ဟင် ဘာပြောလိုက်တာလဲ
Chae - အဲဒီကိစ္စUnnie သိလားလို့မေးတာ
Jisoo - အော် အဲတာကလေ unnie မသိဘူး chae လေး လေး တို့ အိမ်ကကိစ္စကို မသိဘူး
Lisa - unnie မလိမ်ပါနဲ့ unnie သိရင်ပြောပြပါလား Lisa တို့သိချင်လို့
Jisoo - မင်းတို့သိရင်ရောဘာလုပ်မှာလဲ
Chae - Chae နဲ့ လက်ထက်မည့်ကောင်မလေးနတွေ့ရမှာပေါ့ Chae သူကိုမချစ်ဘူး လက်မထက်နိုင်ဘူးလို့ပြောမှာပေါ့
Jisoo - အိမ်ကစီစဉ်တာကို ဘာလို့လက်မထက်ချင်ရတာလဲ
Chae - Unnie ရာ Chae ကခုမှ 23နှစ်ဘဲ့ရှိသေးတာ မယူချင်သေးဘူးမိန်းမ ပြီးတော့ ဘာလဲ Unnie က Chae လက်ထက်မှာကိုပျော်နေတာလား
Jisoo - မပျော်ပါဘူး ပိုလိုတောင်ဝမ်းနဘ်းသေးတာ တွေးတွေးပြီး
Lisa - ဘာလို့ တွေးတွေးပြီးဝမ်းနည်းရတာလဲဟင်
Chae - Lisa မင်းတော်တော်ရှည်တာဘဲ့ Unnie က ငါ့သူနား မနေတော့ မှာကိုတွေးလို့ပေါ့ ဟုတ်တယ်မလား Unnie
Jisoo - ဟုတ်တယ် အခုတော့ ပြန်ကြတော့ အိမ်ကို အိမ်ရောက်မှာမင်းမိဘတွေမေး
Chae - Unnie ရာ သိသိကြီးနဲ့ မပြောပြဘူး မကောင်းဘူး Unnie
Jisoo - Unnie မပြောပြချင်လို့ မဟုတ်ပါဘူး မင်းမိဘတွေပြောပြရင် ပိုဆင်ပြေမယ်ထင်လို့
Chae-ဟုတ်ဘီ သွားလိုက်အုံးမယ် ဒါဆို ဘိုင် Unnie ပြန်မယ် Lisa
Chae တို့လည်း Unnie ကိုနှုတ်ဆက်ပြီး အိမ်သို့ပြန်လာကြလေသည် ။
တဖက်မှာကျန်ခဲ့တဲ့ တယောက်ကတော့
**အန်တီတို့ ပြောြပတော့မယ်ထင်တယ် ငါ့တော့ စိတ်လေးနေမိတယ် ဟူး **
IU - Soo !!chae တို့ဘာလာလုပ်တာလဲ
Jisoo - ဘာလာလုပ်ရမှာလဲ ငါ့နဲ့ လက်ထက်ပေးမည့် ကိစလာပြောတာ
IU - သူသိသွားဘီလား
Jisoo - မသိသေးဘူး လက်ထက်ပေးမယ့်လို့သာသိတာ ဘယ်သူနဲ့လဲ မသိသေးဘူး
IU - ငါ့တော့ ရူးချင်တယ် နင်တို့နဲ့တော့ ပြောပြလိုက်ဘူးလားနင်က ဒါဆို
Jisoo - ငါ့ပြောပြတာထက်သူမိဘတွေပြောပြမှာကိုလိုချင်လို့ မပြောပြလိုက်ဘူး
IU - မနက်ဖြန်သူဘွဲ့ယူရတော့ မယ်သူမိဘတွေလည်းပြောပြတော့ မယ်ထင်တယ် မင်းကသာစိတ် တင်းထားအမုန်းဒဏ်ခံနိုင်အောင်
Jisoo လည်းIU ပြောတာကိုခေါင်းညိမ့်ပြပြီး အလုပ်ဆင်းကာ အိမ်သို့ပြန်ပြီး စောစောအနားယူတော့သည် ။
**ဒီနေ့Chaeyoung တို့ ဘွဲ့ယူမည့်နေ့ဘဲ့ ငါ့အစောကြီး သွားရမှာဘဲ ဟူး **
Jisoo လည်းပြင်စရာရှိတာပြင်ပြီး chae တို့ ဘွဲ့ယူမည့်ကျောင်းသို့လိုက်လာလေသည် ။ သူကျောင်းရောက်တော့ Chae ကို သူဖုန်းခေါ်ရန်ပြင်လိုက်စဉ် သူရှေ့ရောက်လာသော ဖိနပ်တရံကြောင်းမော့ကြည့်မိသည် ။ သူရှေ့ရောက်လာတာကတော့ Chae ကောင်မလေး Jung Soyeon ။
Soyeon - Unnie Jisoo
Jisoo - အင်း
Soyeon - chae ကို လာဂုဏ်ပြုပေးတာလား
Jisoo - ဟုတ်တယ် မင်းကရော ဘွဲ့ယူရတော့မှာမလား ဂုဏ်ယူပါတယ်နော်
Soyeon - Unnie က chae ကိုတော်တော်ချစ်တာဘဲ့ နော်
Jisoo - အင်း မင်းကဘာလိူ့ chae နဲ့ လမ်းခွဲရတာလဲ ဒီလောက်အနှစ်တွေကြာကြီး တွဲပြီးမှ
Soyeon - အကြောင်းရှိလို့ပေါ့ ဘာဖြသ်လို့လဲ Unnie အတွက်မကောင်းဘူးလား
Jisoo - ငါ့အတွက် ဘာလို့ကောင်းရမှာလဲ
Soyeon - အိုး unnie ရယ် မသိမလိုမနေ့ပါနဲ့ chae နဲ့ unnieကိုအိမ်ကလက်ထက်ပေးမလို့ စီစဉ်ထား တာအကုန်သိတယ်
Jisoo - ဘယ်လို မင်းဘယ်လိုသိတာလဲ
Soyeon - Unnie ရယ် Unnie တို့ကြောင်းကို အကုန်သိတယ် Unnie တို့က ပါဝါအာဏာကြီးတဲ့ သူတွေ့မလို့ ဘယ်သူမှမပြောရဲတာ
Jisoo - Chae ရောသိတာလား
Soyeon - မသိပါဘူးသူ ကိုနဲနဲဘဲ့ပြောပြရသေးတာ
Jisoo - မင်းကဘာလို့ ဒီကိစ္စဆွေအကုန်သိနေရတာလဲ
Soyeon- သိချင်တဲ့ဘဲ့ စုံစမ်းရတာပေါ့ unnieလည်းတို့မကြာခင်ကိုယ်ချစ်တဲ့ သူရဲ့ အမုန်းကိုခံစားရတော့မှာပါ
Jisoo-ဘာတွေပြောနေတာလဲ အဓိပ္ပါယ်မရှိတာတွေ
Soyeon - ဟား ဟား Unnie ရယ်
သူတို့နှစ်ယောက်ပြောနေချိန် chaeတယောက်သူ့တို့အနားရောက်လာလေသည်။
   Chae- Unnie ဘာလုပ်နေတာလဲ Baby နဲ့ စကားပြောနေတာလား
Soyeon- ဟုတ်တယ် young ဒီကိုလာတာ unnie ကိုတွေ့လို့ လာနှုတ်ဆက်တာ သွားလိုက်အုံးမယ် Unnie နဲ့ Young
    Soyeon လည်း သူတို့နှစ်ယောက်ကိုနှုတ်ဆက်ပြီးသွားတော့ chae လည်း unnie ကိုခေါ်ကာ Appa တို့ ရှိတဲ့ဘွဲ့ယူမည့်ခမ်းမသို့ခေါ်လာလေသည်။
     Chae - Unnie ဒီမှာAppa တို့ chae သွားလိုက်အုံးမယ်
   Jisoo - အေးဆေး ပေါ့Chae
မကြာခင်မှာဘဲ့ ကျောင်းရဲ့ ဘွဲ့သဘင်အခမ်းအနားကို ကျင်းပလေသည်။ အခမ်းအနဋးတွင်ဆုတွေ ပေးြရဘွဲ့တွေပေးပြီး သည်အထိ jisooနေလေသည် Company မှာအလုပ်ကိစ္စပေါ်လာလို့ သွားရတော့မည်။ ထိုအချိန်
Chae - Unnie ပြန်တော့မလို့လား Chae တို့နဲ့ ပုံအတူတူရိုက်ရအောင်
Jisoo - အချိန်မရလို့ပါ အလုပ်ကိစ္စပေါ်လာလို့ ပါ
Chae - မရဘူး လာခဲ့ ခဏလေးဘဲ့ လာလို့ စိတ်ဆိုးမှာနော်
Jisoo - ၁၀ မိနစ်ဘဲ့နော်
Chae - ဟုတ် လာ
     Chae လည်း Unnie ကိုခေါ်ကာ ဓာတ်ပုံအတူတူရိုကြပြီး Unnie ကတော့ အချိန်ကွက်တိသိနေသလား ၁၀မိနစ်ပြည့်တာနဲ့ ထွက်ပြေးသွားလေသည် ။
         ဒီလိုနဲ့ ညရောက်တော့ chae တယောက် jisoo တို့ အိမ်သို့ ရောက်နေလေသည်။
  Chae - Unnie မပြီးသေးဘူးလား ဟိုဖက်အိမ်နဲ့ ဒီဖက်အိမ်ကိုသွားမလို့ကို ဒီလေညက်ပြင်နေရလား ဟိုမှာ ဒီလူတွေဘဲ့လေ
Jisoo - ပြီးပါဘီ ရေချိုးနေရသေးတယ်ရှက် ချွေးတွေနဲ့မလို့
Chae - လာတော့ ဟိုမှာ အမေတို့အန်တီတို့စောင့်နေဘီ  ဘာကိစ္စရှိလို့လဲမသ်ိunnie ဟို Omma က chae ကို ဒီနေ့ပြုံးပြီးကြည့်နေတာ အန်တီတွေရောဘဲ့
Jisoo - chae လေး ဘွဲ့ရတော့ပျော်လို့ပေါ့
Chae - ဟုတ်သားဘဲ့ လာသွားမယ်
      Jisoo တို့လည်း Chae အိမ်သို့ လာကြတော့ အကုန်အဆင့်သင့်ဖြစ်နေဘီ ။ ဧည့်သည်ဆိုလို့ Lisa တယောက်ဘဲ့ပါသည် ။
  Mrs. Park - လာကြဘီလား
Chae - ဟုတ် Unnie လာထိုင်
Mrs. Park - ကဲစားကြရအောင် နောက်မကျခင်
Jisoo - ဟုတ် ဦးလေး
သူတို့ လည်း ပျော်ပျော်ရွင်ရွင်စားသောက်နေကြလေသည် ။ စားသောက်ပြီးလို့ ပြောစရာရှိလို့တဲ့ အကုန် ဧည့်ခန်းထဲတွင် ထိုင်နေကြသည် ။
   Lisa - chae မင်းကိစ္စထင်တယ်
Lisa ကတိုးတိုးနဲ့ပြောနေလေသည် ။
  Chae - ဟုတ်တယ်ဟ Unnieတို့ မိသားစုလည်း အခြေအနေသိနေသလိုဘဲ့ ဘာကိစ္စဘဲ့ ဖြစ်ဖြစ်ပါဟ
    Mr. Park - Chae သမီး Appa တို့ပြောစရာရှိတယ်
  Chae - ဟုတ် Appa
Mr. Park - သမီးလေးက Appaတို့ ကိုစီစဉ်တာကို စိတ်မဆိုးရဘူးနော် Appaတို့ကchae လေးကောင်းဖို့စီစဉ်ရတာပါ
  Mrs. Park - ရှင်ကလည်း ဒီနေ့ ပြောအုံးမှာလား ဒီလို chae သမီး ကို လက်ထက်ပေးတော့မလို့
Chae - ရှင့် Omma တကယ်လား
Mrs. Park - ဒီကိစ္စနောက်စရာလားကွယ် ပြီးတော့ သမီးလေးရဲ့ အိမ်ထောက်ဖက်လည်းတွေ့ပြီးဘီ
Chae - Omma  !!! chae ယောကျာ်းမလိုချင်ဘူးလို့
Mrs. Park - မင်းကိုလက်ထက်ပေးမှာ ယောကျာ်လေးလို့ ပြောမိလား
Chae - ဒါဆိုမိန်းကလေးပေါ့ ဘယ်သူလဲ Chae အသိလား
Mrs. Park - မင်းနဲ့ အသိပါ
Chae - Omma တို့ကလည်း Chae အသိဆို Lisa တယောက်ဘဲ့ရှိတာလေ သူကိုတော့ မယူဘူးနော်
   Chae စကားကြောင့် အကုန်လုံး ရီကြလေသည်။
Lisa - ငါ့လည်းမင်းကိုယူမလား စဉ်းစားလေ
Mr. Park - Lisa မဟုတ်ပါဘူးကွယ် သူက မင်းရဲ့Unnie chu
   Chae နဲ့ Lisa နှစ်ယောက်လုံး အံ့ဩသွားကြလေငည် ။ Unnie ကြည့်လိုက်တော့ အောက်ကိုငုံ၍ သူမသိသလို နေလေသည် ။
   Chae - Unnie ဟုတ်လား Appa
Mrs. Park - ဟုတ်တယ် ငါ့တို့စီစဉ်ထားတာ ကြာဘီ
Chae - မယူနိုင်ဘူး ပြီးတော့ Chae  Unnie chu ငို အမတယေညက်လိုချစ်တာ ဇနီးတယေညက်အနေနဲ့ လက်ခံလို့မရဘူး
  Mrs. Park - ဘာလို့မယူရမှာလဲ Ji လေးတောင်လက်ခံတာ မိဘတွေကောင်ူလို့ စီစဉ်တာကို
Chae - Chae Unnie နဲ့ စကားခဏပြောလို့ရမလား
  Chae စကားကြောင့် အကုန်လုံးကြောင်သွားပြီး jisoo လည်း ကြောင်သွားကာ
Mrs. Park - ဟုတ်ဘီ
Chae - Unnie ပြင်ခဏ ထွက်ခဲ့ပေး
    Chaeတယောက်ပြောပြီး အပြင်သို့ ထွက်သွားလေသည် ။ Jisooလည်း လူကြီးတွေကိုကြည့်တော့ လိုက်သွားဟူသောအကြည့်ဖြင့်ကြည့်နေကြလေသည်။
    အပြင်ဘက်တွက် Chae တယောက်ဒေါသထွက်နေလေသည်။
   Jisoo - Unnie ရောက်ဘီ Chae ဘာပြောမလို့လဲ
Chae - Unnie ဘာလို့လက်ခံခဲ့တာလဲ
  Jisoo- အမေတို့စီစဉ်တာ ကောင်းတယ်ထင်လို့ ပါ
Chae - Unnie သိနေရင်စကတည်းပြောပါလာူ အခုမှ သိတော့ Chae ဘယ်လိုလုပ်ရမလဲ
  Jisoo - အစကတော့ Unnie လက်ခံတာမှန်ပေမဲ့chae မှာ ချစ်သူရရင် unnie ဖက်က ပြန်ပြီးလက်မခံဘူးလို့ ပြောမလို့စီစဉ်နေတာ
  Chae - စီစဉ်နေတာလား Chaeကဘာလား unnie တို့အတွက် အိမ်က ပြောသလို အကုန်လုံး စီစှု်တာ မငြင်းခို့ ဒီလိုစီစဉ်ကြတာလား
  Jisoo - မဟုတ်ပါဘူး ကွယ် ဒီကိစ္စစီစဉ်ထားတာ ကြာပါဘီ
    Chae- ကြာဘီဆို ဘာလို့ ကျမကိုပေးမသိတာလဲ ဘာလဲ Chae က unnie တို့အတွက် ဘာမှ မဟုတ်ဘူးလား
  Jisoo - အဲလိုမဟုတ်ပါဘူးကွယ် chae လက်မထက်ချင်ရင် ငြင်းလိုးရပါတယ်
Chae - ငြင်းပြီးဘာလုပ်ရမှာလဲ chae မှာ ချစ်ရတဲ့ သူရဲ့ လမ်းခွဲခြင်းလည်း ခံရတယ် အခုလည်း
  Jisoo- သိပါတယ်ကွယ် Unnie ကိုမချစ်လည်း Unnie လက်ခံခဲတာ မှားသွားတယ် တောင်းအန်ပါတယ်
   Chae - အခုမှလာပြီးမှက်နှာငယ်လေးနဲ့ လာမတောင်းပန်ပါနဲ့ chae မှာ Unnieကို အမတယောက်လို ချစ်လိုက်ရတာ Chae ရဲ့ အစစရာရာအကုန်တိုင်ပက်ခဲ့တာ Unnie ကတော့
    Jisoo - မင်း လက်မခံလည်းရပါတယ်
  Chae -လက်ထက်မယ် Unnieကို
Jisoo -ဟင် တကယ်လား
  Chae - ဒါပေမဲ့ chae ချစ်လို့ လက်ထက်တာလို့ မထင်နဲ့နော် အန်တီတို့ကို အားနာလို့ ပြီးတော့ chae လက်ထက်ခဲ့ပေမဲ့ ဘယ်တော့မှ ချစ်လာမှာမဟုတ်ဘူးဆိုတာကိုတော့ သိထားပေးပါ
      Chae တယောက် သူပြောချင်တာပြောပြီး အိမ်ထဲသို့ဝင်သွားလေသည် ။ ကျန်ခဲ့ တဲ့ jisooကတော့
** chae ရယ် လက်ခံတာကိုဘဲ့ကျေနပ်ပါဘီ ဒါပေမဲ့ လောဘကြီးစွာနဲ့ မင်းရဲ့ အချစ်ကိုတော့ လိုချင်သေးတယ် ကိုယ့် မှာ ကြိုးစားပိုင်ခွင့် ရှိသေးတာမလား ချစ်ခွင့်တော့ ရှိသေးတယ်မလား **
      Jisooလည်း အိမ်ထဲသို့ဝင်သွားတော့ ဖေတို့ အန်တီတို့ ပျော်နေကြတာ မြင်တော့ သူပြုံးမိသွားသည် ။ Chaeကတော့ သူကိုပင် မကြည့်ဘဲ့ Lisaနဲ့စကားပြောနေလေသည် ။
    ဒီလိုနဲ့ မိဘတွေလည်း သူတို့ စီစဉ်ထားတဲ့အတိုင်း ဖြစ်တော့ မင်္ဂလာရက်သတ်မှတ်နေကြသည် ။
      Jisooလည်း သာမန်လက်ထကိတာမျိုးမဟုတ်တော့ အကျည်းချုပ်သာလုပ်ဖို့တောင်းဆိုတော့ အကုန်လုံး ကြောင်ကြည့်နေပြီး chae လေးပါဝင်ပြောတော့ လက်ခံကြပြီး လက်ထက်ပွဲကို အကျည်းချုပ်စာလုပ်လိုက်ကြလေသည်။
      သူတို့ လက်ထက်ပြီးလို့  သူတို့အတွက် မိဘတွေက အိမ်တလုံး နဲ့ C.S company ကိုသာ လက်လွှဲပေးလိုက်ကြလေသည် ။ Chae ကတော့ တအိမ်တည်းသာ တူတူနေပေမဲ့ မတွေ့ရတဲ့ နေသာများလေသည် ။
တခါတလေဆို ညမအိပ်တဲ့နေတွေဆို sooမှာ စိတ်ပူပြီး လိုက်ရှာရတာအမော သူကတော့ Lisa တို့အိမ်မှာ အိပ်တာများလေသည် ။  ဒီလိုသူတို့မချစ်ဘဲ ဖြတ်သန်းလာတာ ၅လလောက်ကြာနေဘီဖြစ်သည်။
  ___________________________________
   ယခုလက်ရှိ
  IU တယောက် Irene ကို အကုန်လုံး ရှင်းပြပြီးတော့ မောလို့ အအေးသောက်ရန်ထွက်သွားလေသည် ။ Irene ကတော့ soo ကို ဝမ်းနည်းစွာကြည့်နေလေသည် ။
  Irene - soo မင်း အရမ်းခက်ခဲမှာနော်
  Jisoo -ထင်သလောက်လည်း မဟုတ်ဘူး သူက ငယ်ငယ်ကတည်းကသူကသံယောဇဉ်ရှိတော့ ထင်သလောက်မဆိုးဘူး
Irene - ဒါပေမဲ့လည်း သူကနင့်ကိုမချစ်ဘူးလေ ကိုယ့်ချစ်တဲ့သူတယောက်က ကိုယ့်ကိုမချစ်ဘဲ ဥပက္ခာပြုထားတာကတော့
  Jisoo - ဆင်ပြေသွားမှာပါ အခုတော့ ငါ့တို့ အလုပ်တူတူတွဲလုပ်တဲ့ အနေနဲ့ Coffeeသွားသောက်ကြရအောင်
  IU - မပြောချင်ဘူး Coffeeဆိုင်ဆို DREAM COFFEEမလား
  Irene - ဘာဖြစ်လို့လဲအဲဆိုင်က
IU - သူ့မိန်းမဆိုင်လေ 
Irene - ဟုတ်လား နင်တို့ဇနီးမယားနှစ်ယောက် တော်တော် စီးပွားရေးသောင်းကျန်းတာဘဲ့ ဟား ဟား
Jisoo - မဟုတ်ပါဘူးကွား အဲဆိုင်က သူမွေးနေ့တုန်းကငါ့ကိုဖွင့်ပေးဖို့ ပြောလို့ ဖွင့်ပေးထားတာ သူ့သူငယ်ချင်းနဲ့နှစ်ယောက်ပေါင်းပြီးလုပ်ထားတာပါ
  Irene - ဟုတ်ပါဘီ အခုတော့ သွားကြရအောင် sooရဲ့ ဇနီးကိုတွေချင်လှဘီ
   သူတို့ ၃ယောက်လုံး ရီကာ Soo လည်း ငားစော့ကို ယူပြီး Chae ဆိုင်သို့ လာခဲ့ ကြလေသည် ။
   Soo တို့ Chae ဆိုင်ထဲရောက်တော့ ဆိုင်က လူတွေ အရမ်းနေတဲ့လအချိန်ဖြစ်နေသည်။Sooတို့လည်း ဆိုင်ထဲဝင်လာတော့ Lisaကသူတို့မြင်လို့ထင်တယ် လာပြီး ကြိုဆိုလေသည် ။
  Lisa - Unnie မလာတာကြာတော့ lisaတို့ဆိုင်မေ့နေဘီထင်တာ
Jisoo - မမေ့ပါဘူး ဟိုတယောက်ရော
Lisa - ဟိုမှာ ကျောင်းသူလေးတွေအုပ်နေတာ သူဘဲ့
Soo လည်း ဘာဖြစ်လို့ အုပ်နေတာလဲ သွားကြည့်ဖို့ Lisa ကို Irene တို့ကို နေရာချပေးဖို့ မှာခဲ့လေသည် ။ သူလည်း ထိုလူအုပ်နားရောက်တော့ ြကည့်လိုက်တော့ ကိတ်မုန့်ကို အသေအချာလုပ်နေသော chaeကို ငေးနေကြတာဖြစ်သဘ် ။ ဟိုကတော့ သူလုပ်စာရှိတာ လုပ်နေလေသည်။ 
      Soo လည်းထိုကောင်မလေးတွေအကြောင်းသိချင်လို့
  Jisoo - ဟို ကျောင်းသူလေးတို့ ဘာကြည့်နေကြတာလဲ
Girl 1- ဟိုunnie ကိုပါ ဘာလဲ Unnie လည်းစိတ်ဝင်စားလို့လား
Girl 2- နင်ကလည်း Unnie Young ကို စိတ်မဝင်စားတာ ဘယ်သူ ရှိသေးလို့လဲ သူက ဒီလောက် ချောပြီး မိန်းကလေးဆိုပေမဲ့ငါ့လက်ထက်ချင်တဲ့ ပုံစံကြီး ငါ့တော့ တနေ့ပြီး တနေ့ကြွေနေရတာ မောတော့မယ်
  Girl3 - ငါ့တော့ သူအကြောင်းစုံစမ်းတာ နဲနဲဘဲ့သိရတယ်
Girl 1 - ဘာသိလာတာလဲ သူမှာရည်းစားရှိလား
Girl 2- မိန်းမရောရှိလား ဒါမှမဟုတ် ယောကျ်းရှိလား
Girl3 - ညာမှ မရှိဘူး ရည်းစားလည်းမရှိဘူး ပြီးတော့ တော်တော်ချမ်းသာတာဟ ဒီမြို့မှာချမ်းသာဆုံး လေ
Girl 2 - ချမ်းသာတာကို ဘာလို့ ဆိုင်ဖွင့်ထားလဲမသိဘူး ငါ့တော့ အခုပိုပြီး ကြွေသွားဘီ
  Jisoo လည်း ထိုကောင်မလေးပြောတာ တခုမှ ဝက်မပြောဘဲ နားထောင်နေမိသည် ။ ဒီကောင်မလေးတွေ တော်တော် သဘောကျနေတာဘဲ့
  ** ငါ့အခုမှသတိထားမိတယ် ဆိုင်မှာလာသောက်တဲ့ သူတွေကမိန်းကလေးများတာဘဲ့ ဟူး ငါ့မလဲ ဇနီးလေး တယောက်ရှိပါတယ် မီး ထုတ် ပိုက်ထားရသလိုဘဲ့ အခုတော့ ဝင်တွေ့လိုက်အံုးမယ **
     Jisoo လည်းထိုကောင်မလေးတွေကျော်ကာ Chae အနား ဝင်သွားလေသည် ။ ထိုကောင်မလေးတွေကတော့ အံ့ဩြပီးြကည့်နြေကတော့သည် ။
      Jisoo - Chae !!!
  Chae - Unnie ဘာကိစ္စလဲ Coffeeလာစောက်တာလား သွားသောက်လေ အပြင်မှာ ဘာလာလုပ်တာလဲ ရှုပ်တယ် သွား
Jisoo - Chae  ငါ့ကမင်း မနေ့ကအိမ်ပြန်မလာလို့ ဆင်ပြေရလားလို့လာကြည့်တာ
Chae - ဆင်ပြေနေတာ မြင်တယ်မလား အခုတော့ အဆင်မပြေဘူး Unnie ကိုမြင်ရလို့
Jisoo - Chae မင်း ကတော့လေ
Chae - ဘာလဲ ဒေါသထွက်တာလား ဟိုမှာ ဝယ်သူတွေနနော် သွားစမ်းပါ ညကျ အိမ်ပြန်မအိပ်ဘဲ နေရမလား
Jisoo - အိမ်တော့ ပြန်လာပါကွယ် သွားဘီ ဂရုစိုက်အုံး
     Jisoo လည်း chaeအနားမှ ထွက်လာ၍ Irene တို့ ဝိုင်းကိုသွားကာ Coffeeသွားစောက်နေလိုက်တော့သည် ။
    —————————————

    ##ပထမဦးဆံုးရေးတဲ့ Ficလေးမလို့ အမှားပါရင် သည်းခံပြီးဖတ်ပေးကြပါနော် ##
   

 

ချစ်ခွင့်လေးတော့ ပေးပါ ROSÉWhere stories live. Discover now