မနက်ရောက်တော့ Chae တို့အုပ်စု Jung soyeon အိမ်သို့သွားရန် ပြင်ဆင်နေကြသည်။ chae တို့ကတခါမှမရောက်ဖူးပေမဲ့ lisa ရဲ့ လမ်းပြမှုနဲ့ သွားရမှာမို့ lisa ကို ထိုင်စောင့်နေကြသည်။
Chae -Lisa ဘာလုပ်နေလဲ မသိဘူး မရောက်လာသေးတာ
Jane - လာနေဘီတဲ့Chae မကြာခင်ရောက်လာတော့မှာပါ
Irene - ဟိုမှာလာဘီ
Chae တို့လည်း အိမ်ထဲ ဝင်လာသော ကားကို ကြည့်ကာ
Chae - Lisa ဘာလုပ်နေလို့ ကြာနေတာလဲ
Jisoo - ငယ် ဘယ်လိုဖစ်လို့ လောနေတာလဲရောက်နေဘီကို
Jane - ဟုတ်တယ်
ကားပေါ်ကဆင်းလာသော lisa တယောက် chae ရဲ့ မျက်စောင်းအရင်ဆုံးမြင်တော့ သွားတွေ ရှိသမျှအကုန် ကျဲကာ
Lisa - ဟဲ .. အိပ်ယာထတာနောက်ကျသွားလို့ပါဟာ
Chae - ဒီလို့နေ့မှ အိပ်ယာထနောက်ကျရလား စောစောသွားစောစောပြန်လို့ရတာပေါ့ အခုကြည့်ချိန်ကို
Jisoo - ငယ် ...
Lisa - ငါ့လည်း ရှေ့နေ့တွေကကောင်းကောင်းမအိပ်ရသေးလို့ပါ တောင်းပန်ပါတယ်
Chae - ရတယ် နင်အခုဆင်သင့်ဖစ်ရင်သွားကြရအောင်
Lisa - အင်း အကုန်လုံး တူတူသွားကြမယ်
Irene - အကုန်လုံးဆံ့ပါမလား
Chae - ဒီလိုလုပ် Unnie Irene.Unnie IU နဲ့ ကတစီးစီး Chae တို့ကတစီး ဘယ်လိုလဲ
IU - ကောင်းတယ် ကဲသွားကြမယ် Soo အရင်တင်
Chae - အင်း
Chae လည်း Soo ကို ပွေ့ကာ ကားပေါ်တင်လိုက်သည် ။ Soo ကို တင်ပြီးတာနဲ့ Chae က soo ဘေးထိုင်လိုက်ပြီး Jane ကတော့ lisa ရဲ့ ဘေးမှာ ထိုင်ကာ ထွက်ခွာလာကြလေသည်။
——————————-
အချိန်နာရီဝက်လောက်ကြာတော့ Jung Soyeon ရဲ့ အိမ်သို့ ရောက်လာကြသည် ။Chae တို့လည်း ကားပေါ်ကဆင်းကာ Jane က soo အတွက် ဝှီးချဲယူလာပေးပြီး chae လည်း soo ကို ဝှီးချဲပေါ်တင်ကာ Unnie irene တို့စောင့်ကာ အိမ်ထဲသို့ တူတူဝင်လာကြသည် ။
သူတို့ အိမ်ထဲရောက်တော့ လူကအတော်များသည် သူတို့လည်း Jung soyeon omma လို့ ထင်ရတဲ့ သူဆီ lisa ကခေါ်သွားတော့ သူတို့လိုက်သွားတော့
Lisa - ခနလေး ငါ့အန်တီသွားခေါ်လာပေးမယ်
Chae - အင်း
Lisa ထွက်သွားပြီး ခနကြာတော့မိန်းမကြီးတဦးနဲ့ ယောက်ကျားကြီးတဦးလိုက်လာလေသည်။
Lisa - အန်တီ အန်ကယ် ဒါlisa ပြောတဲ့ သူတွေပေါ့
Mrs.jung - ဟုတ်လား သမီးလေးတို့က အန်တီ ရဲ့ သားတွေကြောင့် ဒီလိုဖစ်သွားရတာဆို အန်တီတောင်းပန်ပါတယ်ကွယ်
Mr.Jung - ဟုတ်ပါတယ်ကွယ် အန်ကယ်တို့ မသိလို့ပါ
Jisoo - ရပါတယ် အန်တီ အန်ကယ်
Mrs.Jung - အခုသမီးက ခြေတောက် ကဘယ်လိုနေသေးလဲ အန်တီတို့ တာဝန်ယူပေးပါမယ်
Chae - ရပါတယ် အန်တီ အခုလို ပြောတာနဲ့ တင်ကျေးဇူးတင်နေပါဘီ
Mr.Jung - မဟုတ်တာကွယ် အန်ကယ်သားက အရမ်းဆိုးတာ အန်ကယ်သားကြောင့် ဖစ်တာ အန်ကယ်တို့ တာဝန်ယူပါရစေ
Jisoo - ရပါတယ် အန်ကယ် သူလည်း အသက်ဆုံးရှုံးသွားတာဘဲ့
Mrs.Jung - ဟုတ်ပါတယ်ကွယ် သူကအရမ်းဆိုးတာ အန်တီတို့ကို သူပြောတာက သူKoreaမှာ အလုပ်လုပ်ချင်လို့ သူကို ဒီကို သွားခိုင်းတဲ့ အန်တီတို့လည်း သူတကယ်လုပ်လုပ်ချင်တယ်ထင်လို့ လွှတ်လိုက်တာပါကွယ်
Chae - ဟုတ် အန်တီ Soyeon ကို ဘယ်တော့ မီးသဂြိုလ်မှာလဲအန်တီ
Mr.Jung - မနက်ဖြန်ပါ
Chae - ဒါဆို မနက်ဖြန် လာခဲ့ပါမယ် အန်တီ အခုတော့ အလုပ်လေးရှိလို့ Chae တို့ကို ခွင့်ပြုပါဦး
Mrs.Jung - ဟုတ်ပါဘီကွယ် အခုလို လာပေးတာနဲ့ ကျေးဇူးတင်ပါဘီ
Chae တို့လည်း အန်တီတို့ကို နှုတ်ဆက်ပြီး Soyeon အနားခဏသွားကာ အိမ်သို့ပြန်လာခဲ့ကြလေသည်။
——————————————
Chae တို့အိမ်ရောက်တော့ Unnie Irene တို့ကတော့လိုက်မလာတော့ပေ အလုပ်ကို တခါတည်း သွားခဲ့ကြလေသည် ။ lisa နဲ့jane ကတော့ အိမ်သို့ လိုက်လာကြသည် ။ အိမ်သို့ရောက်တော့ ဧည့်ခန်းထဲအတူထိုင်ကာ စကားပြောနေကြသည်။
Chae - Lisa ငါ့မင်းကို ကူညီတောင်းစရာရှိသေးတယ်
Lisa - ပြောလေ ဘာကိစလဲ
Chae - အခုဆိုင်ကို မင်းကို တာဝန်ယူစေချင်တယ် ငါ့ကမမ company မှာ လုပ်လုပ်မလို့
Lisa - ရတာပေါ့
Jane - Unnie ဘယ်လိုနေသေးလဲ နာနေသေးလား
Jisoo - မနာတော့ပါဘူး လေ့ကျင့်ခန်းလုပ်မလို့စဉ်းစားနေတာ
Chae - အခုတော့ ခဏနားဦး ခနနေchae နဲ့ တူတူ လမ်းလျှောက်ကြမယ်
Jisoo - အင်း Jane ရော ဒီမှာနေဦးမှာမလား
Jane - မနေတော့ဘူး unnie အလုပ်ကို သွားရအူးမယ် ဒါပေမဲ့ unnie တို့ တခုခု ဆင်မပြေရင် jane ကိုခေါ်လို့ရပါတယ်
Chae - အင်း lisa နဲ့ တခါတည်းလိုက်သွားမှာမလား
Jane - အင်း
Jisoo - ဂရုစိုက်ပြီး သွားကြ
Lisa - ဟုတ် Unnie ဒါဆို သွားလိုက်အူးမယ် chae ငါ့သွားဘီ
Chae လည်း lisa ကို ခေါင်းညိမ်ပြကာ တာ့တာလုပ်ပြလိုက်လေသည်။
Lisa တို့ထွက်သွားတော့မှ chae လည်း jisoo ဘက်လှည့်ကြည့်ကာ
Chae - မမ လေ့ကျင့်တော့မှာလား
Jisoo - မမကို လွတ်လပ်တဲ့ အင်္ကျီလေးတွေဝတ်ပေးဦး ဒီဟာကြီး ဝတ်ထားတာ အဆင်မပြေဘူး
Chae - ဟုတ် လာ ငယ်လှဲပေးမယ်
Chae လည်း jisoo ရဲ့ ဝှီးချဲကို တွန်းကာ အခန်းထဲသို့ ဝင်သွားလေသည် ။ အခန်းထဲရောက်တော့ Chae တယောက် သူ့မမအတွက် အဝတ်ရွေးပေးနေလေသည် ။
Jisoo - ငယ် မရသေးဘူးလား အင်္ကျီ
Chae - မမကဘယ်အင်္ကျီတွေနဲ့ လိုက်မလဲဆိုတာ ရွေးနေတာ
Jisoo - ညဝတ်အိပ်တဲ့ ဟာပေး
Chae - ရလို့လား
Jisoo - ဒီခြံဝန်းပြင်ကြီး ထဲမှာ လျှောက်မှာကို ဘယ်သူမှ မမြင်ဘူး စိတ်ချ အဲတာသာပေး
Chae - အင်း လာ ငယ်လှဲပေးမယ်
Chae လည်း Jisoo ကို အဝတ်အစားများ လှဲပေးနေလေသည် ။ ခဏကြာတော့ အဝတ်အစားတွေလှဲပြီးလို့ အပြင်သို့ ထွက်လာကာ ခြံထဲသို့ တူတူဆင်းကာ နေရိပ်ရသော သစ်ပင်အောက်ကို ထွက်လာခဲ့ကြသည်။
Jisoo - ဒီနားလျှောက်ရအောင်
Chae - ငယ် လေ့ကျင့်တဲ့ ပစ္စည်းတွေက ဟိုနားပြင်ပေးထားတာကို ဒီကို တွန်းခိုင်းတယ်
Jisoo - အဲပစ္စည်းတွေနဲ့က ငယ် မရှိတဲ့ ချိန် လေ့ကျင့် ရတာပေါ့ အခုက ငယ်ရှိနေတော့ ငယ်နဲ့ တူတူလျှောက်ချင်တယ်
Chae - ဟုတ် လာထ ငယ်ထူပေးမယ်
Jisoo လည်း Chae လက်လေးကို တွဲကာ မတ်တပ်ရပ်လျက် Chaeနဲ့ အတူလမ်းလျှောက်စမ်းနေလေသည်။
သူတို့ လမ်းလျှောက်လိုက် ခဏနားလိုက်နဲ့ နှစ်ယောက်သား ပျော်ရွင်စွာလေ့ကျင့်နေကြလေသည်။
Jisoo - ငယ် ...
Chae - ပြောလေ မမ
Jisoo - မမကို လက်လွှတ်ကြည့်
Chae - လဲသွားမှာပေါ့ မမရာ
Jisoo - မလဲ ဘူး ငယ်က ဟိုနား က နှင်းဆီပန်းလေး သွားခူးလာပေး မမသဘောကျလို့
Chae - ဒါဆို ဒီမှာ ခဏထိုင်နေ
Jisoo - အင်း
Chae လည်း jisoo ကို ဝှီးချဲပေါ် ခဏထိုင်ခိုင်းပြီး နှင်းဆီခင်းဆီ လမ်းလျှောက်လာလေသည် ။ Jisoo ကတော့ ဝှီးချဲပေါ်ကနေ အား ပြုထကာ တယောက်တည်း လမ်းလျှောက်စမ်းရန် ကြိုးစားနေလေသည်။
ခဏကြာတော့ တယောက်တည်း ထကာ တလှမ်းချင်းလျှောက်စမ်းကာ နဲနဲ အားပြုကာ
Jisoo - ငယ် မမကို ကြည့်ဦး
Chae လည်း Jisoo ကို ကြည့်လိုက်တော့ တယောက်တည်း အားပြုပြီး လမ်းလှောက်စမ်းနေလေသည် ။ သူလည်း Jisoo အနား အမြန်သွားကာ
Chae - မမ ဘာလို့ တယောက်တည်း လျှောက်စမ်းနေရတာလဲ ဒဏ်ရာတွေက ကျက်သေးတာ မဟုတ်ဘူးလေ
Jisoo - အဲလောက်မနာဘူးလေ ဒါပေမဲ့ အခုတယောက်တည်း လျှောက်ကြည့်လို့ ထင်တယ် နဲနဲ နာလာဘီ
Chae - ဟော.. အခုဆော့ ဖစ်ဘီ မလား လာအိမ်ထဲ ဝင်သွားကြရအောင် နားရအောင် ဒီနေ့ အတွက်
Jisoo - ဟာ ဒီလောက်လေး နာတာကို ရတယ် လျှောက်ဦးမာ
Chae - မမ .. နောက်နေ့တွေလည်း ရှိသေးတယ်လေ အခုဆော့ အနာကို ဆေးထည့်ရတော့မယ် ပြီးတော့ မမရေချိုးပေးရအူးမှာ
Jisoo - ဟင် .. ရေပေးချိုးမှာ
Chae - ဟုတ်တယ်လေ ဘာဖစ်လို့လဲ
Jisoo - ကိုယ်ဟာ ကိုယ် ချိုးလို့ မရဘူးလား
Chae - မရဘူး ဒဏ်ရာကို ဂရုစိုက်ပြီး လုပ်ရမှာမို့ ဘာလဲ မမက ရှက်နေတာလား
Jisoo - အင်း
Chae - အမယ် မယား အချင်း ချင်းဘဲ့ လာအိမ်ထဲ ဝင်ကြရအောင်
Jisoo -အင်း
နှစ်ယောက်သား အိမ်ထဲသို့ ဝင်လာတော့ Omma တို့က ဧည့်ခန်းထဲတွင် စကားထိုင်ပြောနေကြလေသည်။
Chae'omma - သမီး Chae
Chae - ဟုတ် Omma
Chae 'omma - သမီးလေး ji ကို အခန်းထဲ နား ခိုင်းပြီး သမီးလေးက ဒီကို ခနလာခဲ့
Jisoo - သမီးက နားထောင်လို့ မရဘူးလား Omma
Chae' omma - သမီးက နားထောင်ချင်လို့လား
Jisoo - ဟုတ်
Jisoo' omma - လာဒီကို နှစ်ယောက်လုံး
Chae လည်း Omma ဆို့ Appa တို့ ဘေး ဝင်ထိုင်လိုက်ကာ မမကတော့ Chae ဘေးမှာ ဝှီးချဲနဲ့ ထိုင်နားထောင်နေလေသည်။
Jisoo' omma - Omma တို့ ပြောမဲ့ ကိစက တခြား ကိစမဟုတ်ဘူး ဒီလို
Jisoo - ဘာကိစလဲ Omma
Jisoo 'omma - မင်းတို့နှစ်ယောက်ကိစ
Chae - သမီးတို့ နှစ်ယောက်ကိစ ဘာကိစလဲ omma
Chae ' omma - သမီးတို့ နှစ်ယောက် ကလေးမွေးမဲ့ ကိစ
Jisoo - ရှင်
Chae - Omma !!!!
Chae 'omma - Omma သူငယ်ချင်း Doctor ကို မေးပြီးဘီ သူတို့က ရတယ်တဲ့ သမီးတို့ နှစ်ယောက် အဆင့်သင့်ဖစ့်ရင် ယူလို့ ရတယ်တဲ့
Chae - ဒါပေမဲ့ Omma မမမှာ ခြေမကောင်းသေးဘူးလေ
Jisoo' omma - Omma တို့က အလောတကြီး မစီစဉ်ပါဘူး သမီးလေး နေကောင်းမှ လုပ်မှာ အခုက တည်းက Omma တို့ စုံစမ်းထားတာ
Jisoo - Omma တို့က ဘာလို့ အခုကတည်းက အကုန်လုံး စုံစမ်းထားပြီးဘီပေါ့
Jisoo' omma - ဟုတ်တယ် Omma တို့ မြေးချီချင်ဘီ
Chae' appa - ဟုတ်တယ် သမီးလေး တို့ Appa တို့ မြေးချီချင်ပြီ
Jisoo' appa - ဟုတ်တယ် Appa တို့ဆို မြေးတွေကို ချီနိုင်အောင် အခုကတည်းက လေ့ကျင့်ခန်းလုပ်နေရတယ်
Jisoo - Appa !!!!
Chae ' omma - ဘယ်လိုလဲ သမီးလေးတို့
Chaesoo - စဉ်းစားပါရစေဦး Omma တို့
Omma တို့ Appa တို့ကတော့ သူတို့ပြောတာ ကို ခေါင်း တညိမ့်ညိမ့်နဲ့ နားထောင်နေကြလေသည်။ သူတို့လည်း အနားယူရန် အခန်းထဲ သို့ ဝင်လာကြလေသည်။
အခန်းထဲရောက်တော့ မမကို ကုတင်ပေါ် ပွေ့ချီကာ
Chae - မမရော ဘယ်လို သဘောရလဲ ဒီကိစကို
Jisoo - မမကတော့ ငယ်နဲ့ တူတဲ့ ကလေးလေးတော့ လိုချင်ပါတယ် ဒါပေမဲ့ မမမှာ နေကောင်းရင် အလုပ်တွေ ရှိသေးတယ်လေ ကလေးတွေနဲ့ဆို အလုပ်က လုပ်ရတာ အဆင်မပြေဘူး
Chae - ဒါဆို မမက နေကောင်းရင် လုပ်မလုပ်နဲ့တော့
Jisoo - မမ မလုပ်ရင် ဘယ်သူလုပ်မှာလဲ
Chae - ငယ်လုပ်မှာပေါ့ မမကနေကောင်းရင် ငယ်တို့ ထပ်ပြီး လူတွေ ကြာမှာ ထပ်ပြီး လက်ထက်ကြမယ် ပြီးတော့ ငယ်တို့ ကလေးတွေ ယူကြပြီး ပျော်ပျော်ရွင်နေကြမယ်
Jisoo - ဟား... ဟား အတက်လေး
Chae - နော် မမ သဘောတူတယ်မလား
Jisoo - တူပါတယ် ရှင့် ကဲ အခုတော့ ရေချိုးပေး
Chae - ဟုတ်
Chae လည်း Jisoo ရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီကာ ရေချိုးအခန်းထဲ သို့ တူဆူဝင်သွားလေသည် ။
အချိန် တနာရီလောက်ကြာတော့ နှစ်ယောက်သား ရေချိုးပြီးပြင်ဆင်လို့ ပြီးလို့ ညစာ စားရန် အခန်းထဲ မှ ထွက်လာတော့ အကုန်လုံး ဆင်သင့်ဖစ်ကာ သူတို့ကို ထိုင်စောင့်နေကြလေသည်။
သူတို့ ညစာကို ပျော်ရွင်စွာ စားကြပြီး Omma တို့နဲ့ ခဏစကားပြောကာ မမကို ဆေးပေးသောက်ရန် အချိန်ရောက်တော့ အခန်းထဲသို့ ဝင်ကာ မမကို ဆေးတိုက်ပြီး Chae ကတော့ အလုပ်စရာလုပ်လေးတွေ အဆုံးသတ်နေလေသည် ။
မမကတော့ ကုတင်ပေါ်မှာ စာအုပ်လေးဖတ်ကာ အနားယူနေလေသည်။ ညနက်လာတော့ Chae နာရီ တချက်ကြည်လိုက်တော့ 11နာရီလောက် ဖစ်နေတော့ မမကို ကြည့်တော့ အိပ်ရာပေါ် စာအုပ်ကို လက်ကမချဘဲ အိပ်ပျော်နေလေသည်။
သူလည်း အလုပ်တွေ ပြီးသတ်ပြီး မမဘေးနားသွားကာ သူကိုင်ထားသော စာအုပ်လေး ဘေးသို့ ချကာမမဘေးနား ဝင်အိပ်တော့ သူ မဍအနား တိုးလာကာ သူ့ခါးလေးကို ဖက်ကာ အိပ်ပျော်နေသော မမ သူလည်း အသည်းယားကာ မမရဲ့ နှဖူးလေးနမ်းကာ တနေ့တာ ပင်ပန်းမှု များတွက် အိပ်စက်နားယူလေသည်။————————————-
##Chaesoo##
YOU ARE READING
ချစ်ခွင့်လေးတော့ ပေးပါ ROSÉ
Fanfiction'မင်းဆီက ငါ့ကိုမုန်းနေတဲ့ မျက်ဝန်းလေးတော့ ပျောက်ကွယ်သွားစေချင်တယ် '