Jisoo တယောက်အိမ်သို့ရောက်သော်လည်း သူတွေ့တဲ့ အရာကိုမတွေးဘဲမနေနိုင်ဖစ်နေသည်။
အဒါ်ကြီး - မမလေး !!!!!
Jisoo - ဟင် အဒေါ်ကြီး ဘာဖစ်လို့လဲ
အဒေါ်ကြီး - ဘာမှတော့ မဖစ်ပါဘူး အိမ်ထဲသို့မဝင်ဘဲ အိမ်ပေါက်ဝမှာ ရပ်နေလို့ ခေါ်ကြည့်တာ တခုခုဖစ်လာလို့လား မမလေး
Jisoo - ဘာမှမဖစ်ပါဘူး ဒီအတိုင်းတွေးစရာလေးနဲနဲရှိနေလို့ပါ အော်ဒါနဲ့ ဒီနေ့ ညစာတယောက်စာဘဲ့ပြင်ပေးနော်
အဒေါ်ကြီး - ဘာဖစ်လို့လဲ chae လေးနဲ့ရန်ဖစ်လာလို့လား
Jisoo - မဖစ်ပါဘူး သူဒီနေ့ အိမ်ပြန်နောက်ကျမှာလို့ သူကိုမစောင့်နဲ့တဲ့
အဒေါ်ကြီး - အော် ဒါဆို မမလေး ရေချိုးပြီးစားလို့ရအောင်အဒေါ်ကြီးတို့ပြင်ဆင်ပေးထားမယ်နော်
Jisoo - ဟုတ် အဒေါ်ကြီး
Jisoo လည်းအဒေါ်ကြီးကိုပြောပြီး အခန်းထဲသို့ တက်လာလေသည် ။ အခန်းထဲသို့ရောက်တော့
Jisoo - သူတို့နှစ်ယောက်က တကယ် သူငယ်ချင်းဘဲ့ ဖစ်မှာပါ ငါ့အတွေးလွန်တာဘဲ့နေမှာပါ ဟူး ဒါပေမဲ့Jane ပြောတဲ့ နှင်းဆီပန်းကြိုက်တဲ့ အချက်ဘာလို့ chae နဲ့ တူနေရတာလဲ သူတို့ သူငယ်ချင်းတွေထဲမှာနှင်းဆီကြိုက်တာ chae လေးတယောက်ဘဲ့ရှိတာ ငါ့သေချာလေ့လာအုန်းမယ်သူတို့နှစ်ယောက်ကို
Jisoo လည်း တယောက်တည်းပြောပြီးရေချိုးသန့်စင်ကာညစာစားဖို့ အိမ်အောက်သို့ဆင်းလာတော့ အဒေါ်ကြီးတို့သူကိုစောင့်နေကြသည် ။
Jisoo- အဒေါ်ကြီးနားလိုက်တော့နော်
အဒေါ်ကြီး - မမလေးတယောက်တည်းဖစ်နေမှာပေါ့
Jisoo - ရတယ် ခါတိုင်းလည်းစားနေကြဘဲ့
အဒေါ်ကြီး - ဟုတ် မမလေး
အဒေါ်ကြီးထွက်သွားတော့ Jisooတယောက်တည်း ညစာစားနေလေသည် ။ ခဏကြာတော့ သူမလည်း ညစာစားပြီး ဧည့်ခန်းထဲတွင်ထိုင်ကာ Chae လေးကိုစောင့်ရင်း အလုပ်စရာရှိတာလုပ်နေလေသည်။
—————————-
တဖက်တွင် Chae တို့ကတော့ ကလပ်တွင် ပျော်ရွင်စွာသောက်စားနေကြသည် ။
Lisa - Chae မင်းမသောက်ဘူးလား
Jane - ဟုတ်တယ် နဲနဲဘဲ့သောက်တာ ဘာဖစ်လို့လဲနေမကောင်းဘူးလား
Chae - ကောင်းပါတယ် ငါ့မသောက်ချင်လို့ ပြန်ရင်လည်းကားမောင်းရအူးမယ်လေ
Lisa - မင်းကားကဆိုင်မှာလေ အခုကJane ကားနဲ့ လာတာကို
Chae - အကုန်လုံးမူးနေရင်ဘယ်သူမောင်းမှာလဲ မင်းမောင်းမှာလား
Nayeon - အပိုတွေပြောမနေနဲ့ Chae ရယ် မင်း အိမ်ကိုပြန်ရင် ဆူခံထိမှာကိုသိလို့မလား ဟဲ
Nayeon တယောက် ပြောပြီး မူးလို့ ခုံပေါ်မှာအိပ်ပျော်သွားလေသည် ။
Jane - Chae မသောက်ချင်မသောက်နဲ့လေ Jane တို့သောက်မှာပေါ့
Chae - အင်း
Chae လည်း သူတို့နဲ့ စကားပြောလိုက် အအေးလေးသောက်နဲ့ နေတာ အခုဆိုချိန်က ညနက်လေဘီလေ ။ ဒါကြောင့်အိမ်ပြန်ရန်နိုးတော့
chae - Lisa ထတော့ အိမ်ပြန်ရအောင်
Lisa - ဟာ မပြန်ဘူး ဒီမှာ တညလုံးနေမှာ အေ့ ...
Nayeon - ဟုတ်ဆယ် အေ့..
Jane - Chae ပြန်တော့မလို့လား Jane ပို့မယ်လေ
Chae - ရတယ် တက္ကစီငှါးပြီးပြန်လိုက်မယ်
Jane - ရလို့လား Jane မမူးသေးပါဘူး
Chae - ရပါတယ် အဲနှစ်ကောင်ကိုသာ ကြည့်ပေးထားပါ သူတို့ခဏနေနိူးရင် ပြန်သောက်ကြမှာ
Jane - ဟုတ်လား ဒါဆို Jane စောင့်နေပေးလိုက်မယ်
Chae - ဟုတ် ဒါဆို Chae သွား ဘီနော် မနက်ကျမှတွေ့မရ် ဘိုင့်
Chae တယောက် Jane ကိုနှုတ်ဆက်ပြီး တက္ကစီငှါးကာ အိမ်သို့ပြန်လာလေသည်။
————————————
Jisoo တယောက် အလုပ်တွေပြီးလို့ နာရီတချက်ကြည့်လိုက်တော့ ညအတော်နက်ဘီ အခုချိန်ထိသူ့ကလေးမပြန်လာသေးပါ ။
သူမလည်း စိတ်ပူလာလို့ ဟိုလျှောက်ဒီလျှောက်ဧည့်ခန်းထဲတွင်လျှောက်နေတော့ အိမ်ထဲသို့ဝင်လာသော ကားတစီး သူမလည်း ထွက်ပြီးကြည့်လိုက်တော့ သူ့ကလေး Chae ။
Jisoo လည်းဧည့်ခန်းထဲသို့ပြန်ဝင်ကာပြန်ထိုင်နေလိုက်သည်။
Chae တယောက်ကလပ်မှပြန်ကာအိမ်သို့ ရောက်တော့ Unnie ကဧည့်ခန်းထဲမှာထိုင်နေလေသည် ။ သူလည်း Unnie အနားဝင်ထိုင်ကာ
Chae - Unnie မအိပ်သေးဘူးလား ဒီအချိန်ထိ
Jisoo - အလုပ်တွေမပြီးသေးလို့ပါ ပြီးတော့ မင်းပြန်လာရင်ဘယ်သူကတံခါးဖွင့်ပေးမှာလဲ ဒါကြောင့်အလုပ်လုပ်ရင်းစောင့်နေတာ အခုတော့ ရောက်လာဘီဆိုတော့ အိပ်တော့မယ်မင်းလည်းနားတော့
Chae - Unnie ခဏလေး
Jisoo - ဘာလဲ ကိစရှိလို့လားပြောလေ
Chae - Chae ကိုစိတ်ဆိုးသွားတာလား လာတာနောက်ကျလို့ အဲတာဟိုကောင်တွေဆွဲခေါ်ထားလို့ပါ စိတ်မဆိုးပါနဲ့
Jisoo - ငါ့ကဘာလို့စိတ်ဆိုးရမှာလဲ မင်းလည်း ပြောပြီးသွားတာကို အိမ်ကိုပြန်လာတာဘဲ့ကျေနပ်ပါဘီ
Chae - စိတ်မဆိုးဘူးပေါ့ ဒါဆို ဟိုလေ Chae ကို ဟို
Jisoo - Chae !! မင်းဒီနေ့ပြောအုံးမှာလား
Chae - ဟို Chae ဗိုက်ဆာလို့ ဘာစားစရာရှိလဲ အဲတာပြောမလို့
Jisoo - အဲတာလေးပြောဖို့ကို လာ Unnie လုပ်ပေးမယ် စားစရာ
Chae - ဟုတ် ဟီးဟီး
Chae လည်း သူရှေ့ကထွက်သွားတဲ့Unnie နောက်လိုက်ကာ ထမင်းစားခန်းထဲသို့ဝင်လာလေသည်။
Jisoo - Chae ခဏလေးစောင့် Unnie နွေးပေးမယ် စားစရာတွေအေးနေဘီမလို့
Chae - ဟုတ် အေးဆေးလုပ်ပါ
Jisoo တယောက် Chae အတွက်စားစရာတွေနွေးပေးနေရင်း**ငါ့ chae ကို jane အကြောင်းမေးရမယ် ဒီကိစ ငါ့ကောင်းကောင်း သိမှရမယ် မဟုတ်ရင်အကုန်လွန်ကုန်မှာ **
Jisoo လည်း တွေးပြီး Chae အတွက်စားစရာတွေထည့်ပေးရင်း သူဘေးကခုံမှာဝင်ထိုင်ပြီး
Jisoo - Unnie.မေးစရာတခုရှိတယ် Chae
Chae - မေးလေး ဘာမေးမှာလဲ
Chae တယောက် စားပလုတ်ပလောင်းဖစ်Unnie ကိုပြောနေလေသည်။
Jisoo - ဟို Chae သူငယ်ချင်းအသစ်ဆိုတဲ့ Jane က Ruby Jane လား
Chae လည်း Unnie မေးကြောင့် ထမင်းစားနေတာရပ်ရင်းUnnie ကိုကြည့်ကာ
Chae - ဟုတ်တယ် Unnie သူဘာဖစ်လို့လဲ
Jisoo - မဖစ်ပါဘူး သူကမနက်ကUnnie တို့ Company နဲ့ စာချုပ်ချုပ်တဲ့ မော်ဒယ်လေ
Chae - ဟုတ် Chae သိတယ် Unnie , Jane ပြောပြတာ
Jisoo - သူနဲ့ခင်တာကြာဘီလား
Chae - မကြာသေးပါဘူး အခုမှ ၂ရက်လောက်ဘဲ့ရှိသေးတာ အခုကသူ့အလုပ်ရလို့ Chae တို့ကို မုန့်လိုက်ကျွေးတာ
Jisoo - ဘယ်လို ခင်တာ မကြာသေးဘူး
Chae - အင်း
Chae လည်း Unnie ကိုပြောပြီး ထမင်းဆက်စားနေလိုက်သည် ။ ဘေးကUnnie ကတော့ ဘာတွေတွေးနေမှန်းမသိ ။
Jisoo တယောက် chae ပြောတာကိုကြားပြီး သူကြောင်ကာထိုင်နေမိတော့သည်။
**ဒါဆို Jane ပြောတာ Chae ပေါ့ အောင်မလေး ငါ့တော့ သေချင်တယ် ဘယ်လိုတွေတောင်တိုက်ဆိုင်နေရတာလဲ Jane ရယ် ငါ့မှာတော့ အောင်မြင်ပါစေလို့တောင်အားပေးလိုက်ရသေးတယ် ဟူး အခုတော့ သူသဘောကျနေတာ ငါ့ ဇနီးဖစ်နေတာပါလား ဟူး ***
Jisoo တယောက်တယောက်တည်းတွေးပြီး ကြက်သီးတွေထနေလေသည် ။
Chae - Unnie !!! Unnie CHU !!!
Jisoo - ဟင် Chae ဘာပြောလိုက်တာလဲ
Chae - chae ဒီမှာစားလို့ပြီးဘီ တက်မယ် အပေါ်ကို ဘာတွေတွေးနေတာလဲ
Jisoo - မတွေးပါဘူး တက်မယ်လေ အပေါ်ကို
Chae - အင်း
နှစ်ယောက်သားအပေါ်သို့တက်ကာ တယောက်ခန်းတယောက်ဝင်ပြီး နားယူလေတော့သည် ။
——————————————-
တဖက် ကလပ်တွင်ကျန်ခဲ့တဲ့အုပ်စုကတော့ ဆက်ပြီးသောက်နေကျတုန်းပါ ။
Jane - Lisa တော်ကြတော့လေ အရမ်းမူးနေကြဘီ
Lisa - Jane ရယ်မမူးတော့ပါဘူး ခုနားကအိပ်လိုက်တာ မူးပြေသွားတယ် ဒါကြောင့်ပြန်သောက်နေတာ ဟဲဟဲ ဟိုကောင်တော့ ပြန်သောက်ပြီး ပြန်မှောက်သွားပြန်ဘီ
Jane - ဟုတ်သား Lisa ရောမူးနေဘီလား
Lisa - ပြန်တော့ မမူးတော့ပါဘူး Jane တယောက်တည်းပျင်းနေမှာပေါ့ ကျမပါမူးရင်ဒါကြောင့်အများကြီးမသောက်တော့ဘူး
Jane - အင်း Jane တခုမေးလို့ရမလား Lisa
Lisa - မေးလေ ဘာမေးမှာလဲ
Jane - ဟို Chae မှာ ရည်းစားရှိလားဟင်
Lisa - မရှိပါဘူး ဒါပေမဲ့
Jane - တကယ်ပျော်လိုက်တာ
Lisa တယောက် သူပြောတာကိုမဆုံးဘဲပျော်နေသောတယောက်ကို ကြည့်ကာအံ့ဩနေမိသည် ။
Jane - Lisa မင်းကသူ့သူငယ်ချင်းဆိုတော့ မင်းသူကိုမပြောပြရဘူးနော်
Lisa - ဘာကိုလဲ
Jane - ဟို Jane လေ chae ကိုမြင်မြင်ချင်းသဘောကျသွားတာ မဟုတ်ဘူး ချစ်သွားတာ ဟိဟိ
Lisa - ဟင် .....ဘယ်လို Chae ကို
Jane - သူကိုမပြောပြရဘူးနော်
Lisa - Jane မင်းမှားမရ်နော်
Jane - ဘာမှားလို့လဲ သူမှာရည်းစားမှမရှိတာ ငါ့အတွက်အခွင့်အရေးရှိသေးတာကို
Lisa - Chae မှာ ရည်းစားတော့မရှိဘူး မိန်းမရှိတယ်လေ
Jane - ဘယ်လို မိန်းမ ဟုတ်လား
Lisa - ဟုတ်တယ် ခုနားကသူဖုန်းပြောနေတာသူ့Unnie မဟုတ်ဘူး သူ့မိန်းမ
Jane - ဟင် ဒါဆို Chae က
Lisa - ဟုတ်တယ် Chae အိမ်ထောင်ရှိတယ် ဒါကြောင့် လက်လျော့လိုက်တော့
Jane - ဘယ်လိုလုပ်ပြီး ဘယ်လိုလုပ်ပြီး သူတကယ်သဘောကျပြီး ချစ်သွားတဲ့သူကမှမိန်းမရှိနေရတာလဲ
Lisa - Jane ရယ်
Jane - သူမိန်းမကဘယ်သူလဲ ပြောပြပါလား
Lisa - ဒါတော့ သူကိုမေးလိုက်တာကောင်းမယ်
Jane - ဘာဖစ်လို့လဲ
Lisa - အဲတာတော့မသိဘူးသူမှာအိမ်ထောင်ရှိတာ ဘယ်သူကမှမသိစေချင်ဘူး သူငယ်ချင်းတွေ သူမိန်းမသူငယ်ချင်းတွေဘဲ့သိတာ
Jane - ဟုတ်လား သူမိန်းမကဘာလုပ်တာလဲ သူကိုရောချစ်လား
Lisa - ချစ်တယ် သူ့မိန်းမကသူကိုအရမ်းချစ်တာ သူကသာမချစ်တာ
Jane - ဟုတ်လား သူတို့ကချစ်လို့ယူထားတာမဟုတ်ဘူးလား
Lisa - အိမ်ကလက်ထက်ပေးထားတာ
Jane - အော် သူတို့လက်ထက်တာဘယ်လောက်ကြာဘီလည်း
Lisa - အခုဆိုတနှစ်ပြည့်တော့မယ် ဒါပေမဲ့ Chae ကအခုသူ့မိန်းမအပေါ် အရင်လို မမုန်းတော့ဘူး ခုနားကဘဲ့ကြည့်ပါလား သူ့ပြန်လာနောက်ကျကြောင်းပြောနေတာ
Jane - ဒါကတော့ သူလည်း အိမ်ကိုပြန်တာနောက်ကျမည့်ဖစ်ကြောင်းပြောတာနေမှာပါ
Lisa - မဟုတ်ဘူး အရင်ကဆို သူအပြင်မှာ ကြိုက်သလိုနေအိမ်ကိုလည်းပြန်ချင်မှပြန်တာ Lisa နားအိပ်တာ များတယ် အခုလိုဖုန်းဆက်ပြောတာဆို မရှိသလောက်ဘဲ့ အိမ်ပြန်ရောက်ရင်လည်း ရောက်ကြောင်းပြောလိုက်ယုံဘဲ့
Jane - အခုကအရင်လိုမဟုတ်တော့ဘူးပေါ့အဲလိုလား
Lisa - ဟုတ်တယ် သူ အိမ်ပြန်အိပ်နေတာ တပတ်လောက်ရှိဘီ
Jane - သူမိန်းမစိတ်ပူနေမှာစိုးလို့နေမှာပေါ့
Lisa - မဟုတ်ဘူး Jane ငါ့ပြောတာ သူအရင်ကလောက် သူမိန်းမပေါ်မဆိုးတော့ဘူး ဂရုစိုက်တက်လာတယ် ဆိုလိုတာက သူသူ့မိန်းမပေါ်ချစ်လာဘီပေါ့အာလိုပြောတာ
Jane - ဟင်ချစ်လာတယ် ဟုတ်လား
Lisa - အင်း အခုတော့ပြန်ကြရအောင်လေ
Jane - မပြန်ဘူး ဒီညမူးအောင်သောက်မှာ
Lisa - ဘယ်လို မူးအောင်သောက်မှာ
Jane ယောက် Lisa ပြောတာကိုခေါင်းဘဲ့ ညိမ့်ပြပြီး ပုလင်းလိုက်သောက်နေလေတော့သည် ။
ခဏလောက်ကြာတော့ Jane တယောက်မူးကာစကားစပြောလာသည် ။
Jane - Lisa !! အေ့ မင်း
Lisa - အင်း ရှိတယ်
Jane - Lisa ငါ့လေ မင်းသူငယ်ချင်းကို အရမ်းချစ်တာ ငါ့နှလုံးသားကပထမဦးဆုံး ချစ်ဖူးတဲ့သူတယောက်ဘဲ့ရှိတာ ဒါပေမဲ့ ငါ့သဘောကျတဲ့သူကဘာဖစ်လို့ ...
Jane တယောက်ပြောပြီးငိုနေလေသည် ။ Lisa လည်းJane ကြည့်ကာ ခေါင်းခါပြီး
Lisa - Jane မူးနေဘီ တော်တော့နော်
Jane - မတော်နိုင်ဘူး ဘာလို့တော်ရမှာလဲ ဒီမှာ အသည်းကွဲနေပါတယ် ဆို ဘာလဲ မင်းကဆရာကြီးလား
Nayeon - ဟင် Lisa ဘာဖစ်ကြတာလဲ ဘယ်သူသည်းကွဲနေတာလည်း
Nayeonတယောက် မူးရာကထပြီး မေးနေလေသည် ။
Lisa - ဒီမှာလေ Jane
Nayeon - Jane ကဘာလို့သည်းကွဲနေတာလဲ သူဘဲနဲ့ပြတ်လို့လား
Lisa - မဟုတ်ဘူး သူကChae ကိုချစ်နေတာတဲ့လေ
Nayeon - ဘယ်လို
Lisa - ဟုတ်တယ် ငါ့လည်း မပြောဘဲနေမလို့ဘဲ့ ဒါပေမဲ့ ဟိုကမိန်းမရှိနေတာလေ သူနောက်မှသိရင်ပိုဆိုးမှာကြောက်လို့ ပြောပြလိုက်တာ
Nayeon - ဟုတ်တယ် ပြောပြလိုက်တာကောင်းတယ်မဟုတ်ရင်သူပိုပြီးခံစားရမှာ ငါ့သူငယ်ချင်းလေးသနားပါတယ်
Jane - ဟုတ်တယ်မလား Nayeon ငါ့ကသနားစရာလေးမလားငါ့နိုင်ငံခြားမှာ သူများအသည်းလိုက်ခွဲလို့ထင်တယ် အခုငါ့ပြန်ခံစားနေရဘီ အီး .... ဟီး ...
Lisa လည်း မူးသမားနှစ်ယောကိုဘာမှမပြောဘဲ့ ဘေးကထိုင်ကာ ကြည့်နေမိတော့သည် ။
** Jane ရယ် နင်က ချစ်တက်လိုက်တာနော် ပိုင်ရှင်ရှိတဲ့သူကိုမှ ချစ်ရတယ်လို့ **
Lisa တယောက်တည်းတွေးကာ Jane ကိုထိုင်ကြည့်နေမိသည် ။ ဟုတယ် Lisa က Jane ကို စတွေ့တဲ့နေ့ကတည်းကသဘောကျနေခဲ့တာပါ ။ သူဘယ်သူမှမပြောဘဲ တယောက်တည်းသဘောတွေကျနေခဲ့ တာအခုတော့ ချစ်တဲ့Jane က ချစ်နေတာ Chae တဲ့လား ။
**Jane ရယ် ကိုယ်မင်းကို ဂရုစိုက်ပေးနေတာတွေ မင်းအပေါ်တခြားလူတယောက်ထက်ပိုဂရုစိုက်နေတဲ့ ငါ့နှလုံးသားကိုတော့ မင်း မမြင်ခဲ့ဘူးလား မင်း Chae ကိုသဘောကျတယ်ပြောတဲ့ချိန်ငါ့ဘယ်လောက်နာကျင်မလဲ မင်းမသိခဲ့ဘူးလား မင်းတနေ့ကျငါ့ချစ်မြင်လာရင်သိပ်ကောင်းမှာ **
Lisa လည်း မူးပြီးအိပ်နေသောသူကိုကြည့်ကာ တွေးနေလေတော့သည် ။
—————————————-
မနက်မိုးလင်းရောက်သော်လည်းJisoo တယောက် အိပ်မောကျလို့နေသည် ။
''ဒေါက်.....ဒေါက်''
Chae - Unnie မနိုးသေဘူးလား
Jisoo တယောက် အပြင်ကတယောက်ယောက်နိုးသံကြားလို့ ထပြီးနာရီကြည့်လိုက်တော့
Jisoo - OMG !! ၇နာရီတောင်ရှိနေဘီလား ငါ့လည်း ညကညနက်မှအိပ်ပျော်တာကို
Chae - Unnie !!!
Jisoo - အင်း Chae ,Unnie နိုးဘီ
Chae - ဟုတ် Chae မနက်စာစားရင်းစောင့်နေမယ်
Jisoo - အင်း
Jisoo လည်း Chae ကိုအော်ပြောပြီး အမြန်ရေချိုးကာ အလုပ်သို့သွားရန်ပြင်ဆင်ပြီး အောက်သို့ဆင်းလာရတော့သည် ။
Chae - Unnie လာ မနက်စာလာစား
Jisoo - မစားတော့ဘူး အလုပ်နောက်ကျတော့မှာ Unnie က
Chae - ဘယ်လို့ ရှင်က CEOလေ တခါတလေနောက်ကျလို့ဘာဖစ်မှာလဲ မနက်စာလာစားအခု
Jisoo - ဟို
Chae - Kim Jisoo!!!!!စိတ်မတိုချင်ဘူးနော် လာဒီကိုလာစား
Jisoo - ဟုတ်
Jisoo တယောက် လက်ထဲကအရာတွေဧည့်ခန်းထဲမှာ ထားခဲ့ပြီး မနက်စာစားဖို့ သူ့အနားသို့ သွားလေရလေသည် ။
မနက်စာစားတဲ့ နေရာရောက်တော့ သူကိုဆူပုတ်ပုတ်နဲ့ကြည့်ကာ
Chae - ဒီလို မနက်စာမစားဘဲ အလုပ်သွားနေတာ ဘယ်လောက်ကြာဘီလဲ
Jisoo - ဟိုနေ့နဲ့ဆို ၂ရက်လောက်
Chae - မယုံဘူး အဒေါ်ကြီး
အဒေါ်ကြီး တယောက် Chae ခေါ်တော့ အနားသို့ရောက်လာလေသည်။ Jisoo လည်းဘာမှမပြောရန် မျက်လုံးနဲ့ပြောနေလေသည် ။
Chae - Chu စားစရာရှိတာစား မကြည့်နဲ့
Jisoo - ဟုတ်
Chae - အဒေါ်ကြီး Chu မနက်စားမစားဘဲ အလုပ်သွားနေတာဘယ်လောက်ရှိဘီလဲ
အဒေါ်ကြီး - ဘယ်သူလဲ Chu က
Chae - Unnie လေ သူကchae ကငယ်ငယ်က Chuလို့ခေါ်တာ မမှတ်မိတော့ဘူးလား
အဒေါ်ကြီး - ဟုတ်သားဘဲ့ chae လေးခေါ်တာ မကြားတော့လို့မေ့သွားတာ
Chae - ရီမနေနဲ့ မေးတာဖြေသူ မနက်စာမစားဘဲ အလုပ်သွားနေတာ ဘယ်လောက်ရှိဘီလဲ လိမ်ဖို့ မစဉ်းစားနဲ့နော်
အဒေါ်ကြီး- အဲတာကလေ
Chae - ဟိုနှစ်ယောက် ဖြေ
အဒါ်ကြီးတယောက်တယောက်မဖြေဘဲဟိုလိုလုပ်နေတော့ Chae တယောက်စိတ်မရှည်တော့ဘဲ ဘေးကရပ်နေတဲ့ ကောင်မလေးနှစ်ယောက်ကိုမေးလိုက်တယ်
Maid 2- ဟို အမှန်တိုင်းပြောရရင် မမလေး မနက်စာစားပြီးသွားတဲ့ နေ့ကတလမှာမှ တရက်နှစ်ရက်လောက်ဘဲ့ရှိတာပါ
Chae - ဘယ်လို နေပါဦး မင်းကအသစ်ရောက်လာတဲ့ သူမလား မင်းတောင်သိနေမှတော့ KIM JISOO!!!
Jisoo - ရှိပါတယ် နီးနီးလေးကို ဒီလောက်အော်ရသလား
Chae - ဘာ!!! အခုသူပြောတာကြားတယ်မလား ဘာတဲ့ တလမှာစားတဲ့ရက်က ၁ရက်၂ရက်
Jisoo - မအားလို့ပါ Chae လေးကလည်း
Chae - အဒေါ်ကြီး တို့ ခဏထွက်သွားပေး Chae ရှင်းစရာရှိသေးလို့
အဒေါ်ကြီး - စိတ်လိုက်မာန်ပါမလုပ်နဲ့လေ chae လေးကလည်း
Chae - မလုပ်ဘူးစိတ်ချ
အဒေါ်ကြီးတို့ ထွက်သွားတဲ့ ကျန်ခဲ့ တဲ့ Chuက သူကို သူမလုပ်ထားတဲ့ အတိုင်းမျက်နှာငယ်လေးဖစ်ကြည့်နေသည် ။
Chae - မကြည့်နဲ့အာလို
Jisoo - Chae လေးကလည်း စိတ်လျော့ပါ Unnie မနက်စာမစားတော့ အိမ်မှာ မနက်စာ တနပ်စာပိုက်ဆံကုန်တာသက်သာတာပေါ့ မဟုတ်ဘူးလား
Chae - ဘယ်လို ဘယ်လို အဲဒီပိုက်ဆံသက်သာတာထက်ရှင်နေမကောင်းဖစ်ရင်ဘယ်လိုလုပ်မလဲ
Jisoo - မဖစ်ပါဘူး Unnieက ဒေါင်ဒေါင်မြည်နေတာ ကြည့်ပါလား အကုန်လုံးနေကောင်းတယ်
Chae တယောက် သူ့ရှေ့က သူနေ့ကောင်းကြောင်း ကလေးတယောက်သဖွယ်လုပ်ပြနေတဲ့သူကို စိတ်ထဲမှာအသည်းတွေယားနေတော့သည် ။ အပြင်မှာတော့
Chae - တော်ကြာနေမကောင်းရင် Chae ဘဲ့ စိတ်ပူရမှာ မရဘူးဒီနေ့ကစပြီး Chae နဲ့အတူမနက်စာအတူတူစားရမယ် ကြားလား
Jisoo - ဟုတ်ပါဘီရှင် အခုတော့ အလုပ်ကိုသွားရဘီမလား
Chae - နေအုံး chae ကို ဆိုင်သို့လိုက်ပို့အုံး မနေ့ကကားအဲမှာထားခဲ့တာ
Jisoo - ဟုတ်ဘီ လာ သွားကြတာပေါ့
Chae တယောက် Jisoo ကိုပြောကာ သူယူစရာရှိတာယူပြီး ကားထဲမှာစောင့်နေသူ့အနားလာတော့
Jisoo - တက်လေ ဘာလုပ်နေတာလဲ Unnie နောက်ကျတော့မယ်
Chae - တခါတလေ နောက်ကျလို့ ဘာများဖစ်မှာလဲလို့
Jisoo - ဘာပြောလိုက်တာလဲ
Jisoo တယောက် သူ့ကို ပွစီပွစီပြောပြီး ကားပေါ်တက်လာသောသူကိုပြန်မေးတော့
Chae - ဘာမှမဟုတ်ဘူးမောင်းတော့
---------
Chae တို့လည်း စကားမပြောဘဲကားပေါ်တွင်နှစ်ယောက်သားတိတ်ဆိတ်၍လာနေလေသည် ။ ခဏကြာတော့ Chae တို့ Coffeeဆိုင်သို့ရောက်လာလေသည် ။ Chae လည်းကားပေါ်မှမဆင်းဘဲ သူကိုကြည့်ကာ
Chae - နေလည်စာ စားချိန်ကျရင် ဒီကိုလာ Unnie
Jisoo - ဘာလုပ်ဖို့လဲ ကိစရှိလို့လား
Chae - မရှိဘူး ရှင်နေလည်စာမစားမှာစိုးလို့ ဒီမှာ ကျွေးမလို့
Jisoo - ဟုတ်ပါဘီ နေလည်စာစားချိန် Unnie လာခေါ်မယ်လေနော် အခုတော့ ဘိုင့်ဘိုင့်
Jisoo တယောက် သူကို ဆူပြီး ကားပေါ်ကဆင်းသွားတဲ့ တယောက်ကိုကြည့်ကာ ပြုံး၍အလုပ်သို့ ကားကိုမောင်း၍လာလေသည်။
———————————-
Chae တယောက်ဆိုင်ထဲသို့ဝင်လာတော့ Lisa ကိုမတွေ့
Chae - ဒီကောင်တွေညကဘယ်လောက်တောင်သောက်ထားလို့ အလုပ်ကိုမလာနိုင်ကြတာလဲ ငါ့ဖုန်းဆက်ကြည့်ရမလား
chae တယောက် Lisa.ကို ဖုန်းဆက်မလိုလုပ်တုန်းမှာ Lisa တယောက် ဆိုင်အတွင်းသို့ဝင်လာတော့
Chae - Lisa !!
Lisa - အမယ် အမြဲတမ်းအလုပ်နောက်ကျတဲ့ သူက ဒီနေ့မှငါ့ထက်စောလို့ပါလား
Chae - ငါ့စောတာမဟုတ်ဘူး နင်နောက်ကျနေတာ
Lisa - ဟုတ်သား ညကသောက်တာများသွားလို့ထင်တယ်
Chae - ညကဘယ်ချိန်ပြန်ကြတာလဲ
Lisa - မနက် ၃နာရီလောက်မှပြန်တာ ငါ့တော့ အရမ်းကြီးမမူးတော့ သူတို့နှစ်ယောက်လိုက်ပို့နေရသေးတာ
Chae - Jane ရောမူးသွားတာလား
Lisa - ဟုတ်တယ် မင်းသွားပြီး ငါ့ကမူးပြေတော့ သူနဲ့ စကားပြောရင်း သူသည်းကွဲလို့တဲ့ မူးအောင်သောက်တာ
Chae - Jane ကအသည်းကွဲတယ် ဟုတ်လား
Lisa - ဟုတ်တယ်လေ ညကငါ့ တညလုံးနားထောင်နေရတာသူသည်းကွဲတဲ့အကြောင်း
Chae - ဟုတ်လား ဟား ဟား မင်းတော့ သနားစရာဘဲ့ အခုတော့ အလုပ်လုပ်ကြရအောင်
Lisa - အေး
Chae တယောက် Lisa နဲ့စကားပြောပြီး အလုပ်လုပ်ရန်ပြင်ဆင်ရလေသည် ။##ဖတ်ရတာဘယ်လိုနေလဲမသိဘူး ပထမဆုံး ရေတဲ့ Fic ဆိုတော့ ဖတ်ရတာမကောင်းရင်ပြောကြနော် ##
##Chaesoo Ficဆိုဖတ်သူအရှိမှာကို စိတ်ပူနေတာ ##
#### C.S####
YOU ARE READING
ချစ်ခွင့်လေးတော့ ပေးပါ ROSÉ
Fanfiction'မင်းဆီက ငါ့ကိုမုန်းနေတဲ့ မျက်ဝန်းလေးတော့ ပျောက်ကွယ်သွားစေချင်တယ် '