Chaeတယောက်အိမ်ကနေအလုပ်သို့ထွက်လာလေသည်။ သူဆိုင်သို့ရောက်တော့ Lisaကသူကိုကြည့်ပြီး ပြုံးပြနေတာကြောင့် သူလဲ ပြန်ပြုံးပြပြီး အလုပ်လုပ်ရန်အထဲသို့ဝင်လာတော့ သူနောက်ကလိုက်လာသော Lisa ။
Chae - Lisa !!မင်း ပြောစရာတွေမေးစရာတွေရှိနေတာမလား
Lisa - ဟဲ သူငယ်ချင်းကငါ့အကြောင်းသိသားဘဲ့ အင်း မေးစရာရှိတယ်
Chae - မေး ဘာကိစလဲ
Lisa - Unnie Sooနဲ့ ဆင်ပြေသွားဘီလား
Chae - အင်း
Lisa - ကောင်းတာပေါ့ ငါ့တို့လုပ်ပေးထားတာကို
Chae - ဘာကိုနင်တို့ကလုပ်ပေးထားလို့လဲ
Lisa - မပြောပြဘူး အိမ်ရောက်မှ Unnieကိုမေး
Chae - Lisa !!!မင်း သူငယ်ချင်း အချင်းချင်းကို ပြောပြ ဟာ
Lisa - No!!!!!!အလုပ်လုပ်တော့ သွားဘီ
Lisa တယောက် သူသိချင်တာမပြောဘဲ အပြင်သို့ပြေးထွက်သွားလေသည်။ ကျန်ခဲ့တယောက်ကတော့
Chae - Lisa မ သိချင်တာမပြောပြသွားဘူး
**ဘာကိစမလို့ ငါ့ကို မပြောပြတာပါလိမ့် အိမ့်ရောက်မှမမကိုမေးရမယ်**
Chaeတယောက် တယောက်တည်းတွေးပြီး အလုပ်လုပ်နေလေတော့သည်။
——————————————
တဖက်ကKim jisooတယောက်ကတော့ အလုပ်လုပ်နေတာ ကြာဘီဖစ်သောကြောင့် အောက်သို့ခဏဆင်းရန် ကြံပြီး ထလိုက်တော့ ညကဒဏ်ကြောင့် ပြန်ထိုင်ချမိလိုက်သည်။
Jisoo- အောင်မလေး နာလိုက်တာ ဒီကလေးဘာလို့ ဒီလောက်ကြမ်းတမ်းရတာလဲမသိ အခုတော့ ငါ့ ထိုင်မရဖစ်နေဘီ ဟူး အိပ်ယာခင်းလဲ လဲရအူးမယ်
Jisooတယောက်တည်းပြောပြီး အိပ်ယာမှ မနဲအားယူထကာ အဒေါ်ကြီး တို့ကိုခေါ်ရန် အခန်းပြင်ထွက်လာရလေသည်။
Jisoo- အဒေါ်ကြီး ရေ!!!!!!
အဒေါ်ကြီး - မမလေး ခိုင်းစရာရှိလို့လား
Jisoo- ဟိုကောင်မလေးတွေရှိလား
အဒေါ်ကြီး - ရှိတယ် မမလေး
Jisoo- အပေါ်သို့ခဏတက်လာခိုင်းပါအုံး ခိုင်းစရာရှိလို့
အဒေါ်ကြီး - ဟုတ် အခုဘဲ့ လွှတ်လိုက်ပါမယ်
Jisooလည်းအဒေါ်ကြီးကိုပြောပြီး အခန်းထဲပြန်ဝင်ကာ ရေချိုးရန်ပြင်နေတော့ ကောင်မလေးနှစ်ယောက်ရောက်လာသည်။
Jisoo- ရောက်လာကြဘီလား
Maid1,2- ဟုတ်မမလေးဘာခိုင်းစရာရှိလို့လဲမသိဘူး
Jisoo- အင်း ငါ့ခိုင်းတာ ဘယ်သူမှမပြောနဲ့နော် အဒေါ်ကြီးတောင်မသိစေနဲ့
Maid1,2- ဟုတ်
Jisoo- ဟို အိပ်ယာခင်းတွေစောင်တွေ အကုန်လဲပေးသွား ပြီးတော့ ကလေးအခန်းထဲက သူ့ပစ္စည်းတွေ ပြောင်းရွေ့ပေး ဒီလောက်ဘဲ့
Maid1,2 - ဟုတ် မမလေး
Jisooတယောက် သူ့မှာချင်တာမှာပြီး ရေချိုးအခန်းထဲသို့ ဝင်သွားလေသည်။ ကျန်ခဲ့တဲ့နှစ်ယောက်ကတော့
Maid1- ကောင်မ ဒီမှာကြည့်ဦး သွေးကွက်တွေ ဘယ်လောက်တောင်ချစ်ကြတာလဲမသိဘူး
Maid2- ဟုတ်တယ် မနဲဘူး ပြီးတော့ မမလေးကမနက်စာတောင်ဆင်းမစားဘူး ပြီးတော့ မမလေးလမ်းလျှောက်တာ နဲနဲ ....
Maid1- ဟုတ်တယ်ဟ ငါ့တော့ သူတို့ ချစ်သွားကြတာ အရမ်းပျော်တာဘဲ့
Maid2- အင်းတူတူဘဲ့ မမလေး Chae တော့ မမလေး ကိုဘယ်လောက်ချစ်မလဲသာကြည့် အခုတောင် အိမ်မြန်မြန်ပြန်လာလောက်တယ်
Maid1 - ဟုတ်တယ် အခုတော့ အလုပ်စရာရှိတာလုပ်ကြရအောင် တော်ကြာမပြီးဘဲနေရင်ဆူခံထိမယ်
နှစ်ယောက်သား ပျော်ပျော်ရွင်ရွင် အလုပ်ကို လုပ်နေကြလေသည်။
နာရီအနည်းငယ်ကြာတော့ Jisooတယောက်ရေချိုးပြီးလို့ထွက်လာတော့ ဟိုကောင်မလေးတွေတောင်မရှိတော့ဘူး အကုန်လုပ်ပြီးလို့ သွားကြကုန်ဘီ
Jisoo- ငါ့ဒီလောက်ကြာသွားတာလား ...ဟုတ်မယ် ရေနွေးနဲ့ စိမ်ပြီးနေတာတောင် တနာရီလောက်ကြာတာကို ဟူး...အခုမှ နဲနဲဆင်ပြေသွားတယ်
ရေချိုးပြီးလို့ အဝတ်အစားလှဲရန် ပြင်တော့ ဖုန်းသံမြည်လာလေသည်။ သူလည်းဘယ်သူလည်းလို့ကြည့်လိုက်တော့ အမေတို့ ။
Jisoo📲- Hello... Omma
Mrs. Kim - Hello သမီးဆင်ပြေရဲ့လား သမီးတို့
Jisoo- အမေတို့ မေးသေးတယ်နော် နိုင်ငံခြားထွက်သွားကတည်းက ဖုန်းတောင် အသေချာ မဆက်ကြဘူး ဒီကလွမ်းနေတာကို
Mrs. Kim- လွမ်းရင်ခေါ်လိုက်ပေါ့ သမီးကအလုပ်နဲ့ မအားမှာစို့လို့ ဒါနဲ့ Chaeလေးရော နေကောင်းရဲ့လား
Jisoo- အောင်မလေး သမီးကိုကျမမေးဘူး သူချွေးမကိုကျစိတ်ပူနေလိုက်ကျတာ
Mrs. Kim - စိတ်မပူဘဲရမလား အမေတို့မှာ ဒီချွေးမလေးတယောက်ဘဲ့ ရှိတာကို
Jisoo- အင်းပါ ဒါနဲ့ Appaရောနေကာင်းရဲ့လား
Mrs.Kim - ကောင်းပါ့ ခုနားကMr.Parkလာခေါ်သွားတယ် ဂေါ့သွားရိုက်မလို့တဲ့
Jisoo- ဟုတ်လား ကောင်းတာပေါ့ဒါနဲ့ Omma Park ရောနေကောင်းရဲ့လား
Mrs.Park - ကောင်းပါတယ် သမီးရေ Omma Park.တို့ကနေကောင်းပြီးသား
Jisoo - Omma Park !!!ဘေးမှာရှိနေတာတောင်ဘာမှမပြောဘူး
Mrs. Park - သမီး အမေနဲ့ စကားပြောနေတာ ကြည့်နေတာ ဒါနဲ့ သမီးကို Chae လေးနိုင်ကျင့်သေးလား
Jisoo - သူဘာမှမလုပ်ပါဘူး ဒါပေမဲ့ ဟိုလေ ...
Mrs. Park - ဘာဖစ်လို့လဲ ပြောOmma ကိုပြော ဆုံးမပေးမယ်
Jisoo- ဟို သူအရင်လို သမီးကိုမမုန်းတော့ပါဘူး
Mrs.Park - ဒါဆိုချစ်လာပြီပေါ့ ဟုတ်လား ငါ့တို့ မြေးရတော့မယ်ထင်တယ် Mrs.Kim ရေ
Jisoo- Omma !!! အဲလောက်ထိမဟုတ်သေးဘူးလေ Omma
Mrs.Kim - အဲလောက်မဟုတ်ဘဲနေလဲ ချစ်နေဘီဆိုရင် မကြာဘူးလေ ဒါနဲ့ ချစ်နေဘီဆိုတာကာ သူလားသီးလား
Jisoo- နှစ်ယောက် စလုံးပါ ပြီးတော့ ဟိုညကOmma တို့ သိပါတယ်
Mrs. Kim - ဒါဆိုသေချာဘီ Mrs.Park ရေ ငါ့တို့ လေ့ကျင့်ခန်းမြန်မြန်လုပ်မှရမယ် တော်ကြာ မြေးမချီရဘဲ နေလိမ့်မယ်
Jisoo - OMMA !!!! တော်ဘီ မပြောတော့ဘူး Omma တို့နဲ့
Mrs.Kim - ဟုတ်ပါဘီ ဒါဆိုဆင်ပြေအောင်နေကြနော် Omma တို့ လေ့ကျင့်ခန်းသွားလုပ်အူးမယ် ဘိုင့် သမီး
Jisooတယောက် သူတောင်မချရသေးဘဲ ဖုန်းချသွားသော Omma တို့ကို စိတ်ဆိုးကာ တယောက်တည်း ပေါက်ကွဲနေလေသည်။
ထိုအချိန် သူနောက်မှ တစုံတယောက်လာဖက်တော့ လန့်သွားကာ နောက်သို့ လှည့်ကြည့်လိုက်တော့ သူ့ရဲ့ ကလေးဆိုး ။
Chae - ဘာတွေ ပေါက်ကွဲနေတာလဲ မမရယ်
Jisoo- Omma တို့ပေါ့ မမတောင် ဖုန်းမချရသေးဘဲ သူတို့အရင်ချသွားလို့
Chae - ဟုတ်လား မမကသူတို့ကိုဘာပြောလိုက်လို့လဲ
Jisoo- မမက ငယ်နဲ့ ဆင်ပြေသွားဘီလို့ပြောလို့ သူတို့ မြေးရတော့မှာဆိုပြီး မြေးချီရအောင်လေ့ကျင့်ခန်းသွားလုပ်မှာတဲ့လေ
Chae - ဟုတ်လား ကောင်းတာပေါ့ မမရယ်
Jisoo - ဘာကောင်းတာလဲ သူမခံရတဲ့အတိုင်း ကလေးမွေးချင်ရင်ရှင်မွေး ကျမတော့ မမွေးနိုင်ဘူး
Chae - ဟာ မမ အဲလိုမဟုတ်ဘူးလေ မမကအောက်
ပုဂ္ဂိုလ်လေ ကလေးမွေးရမှာပေါ့
Jisoo - ဘာမှမဆိုင်ဘူး မင်းလဲမိန်းကလေးဘဲ့ မင်းမွေး
Chae - ဟူး အခုတော့ စိတ်မဆိုးနဲ့ စိတ်ဆိုးစရာလဲမရှိဘဲ ငယ် မုန့်ယူလာပေးတယ်
Jisoo- ဟွန့် သူကိုပြောတာနဲ့ မုန့်နဲ့ တန်းချော့တာဘဲ့
Chae - မဟုတ်ပါဘူးကွာ ငယ်က မမ စိတ်ထပ်ဆိုးမှာကြောက်လို့ပါ လာပါအခုတော့ မုန့်စားရအောင် လာငယ် ခွံ့ကျွေးမယ်
Jisooတယောက် ကလေးလိုမျိူး နှခမ်းလေးဆူကာ Chae ခေါ်ရာနောက် လိုက်လာကာ
Chae - နာနေသေးတာမလား လာ ငယ် ပေါင်ပေါ်လာထိုင်
Chae ပြောလိုက်တာနဲ့ သူပေါင်ပေါ်လာထိုင်သော မမ ။ Chae လည်းဘာမှမပြောဘဲ ကိတ်မုန့်ကို ခွံ့ကျွေးကာ တီတီတာတာလေးတွေပြောရင်း ချော့နေရလေသည်။
———————————————-
Lisa တယောက်ကတော့ ညနေကတည်းက တယောက်တည်း ဆိုင်မာ ဝန်းထမ်းကောင်မလေူတွေနဲ့ တိုင်ပတ်နေလေသည် ။
Lisa - **Chae ..Chae ငါ့ကိုဆိုင်မာတယောက်တည်းထားခဲ့တယ် သူ့မိန်းမနဲ့ဆင်ပြေတော့ သူငယ်ချင်းကို ရှိနေမှန်းတောင်မသိတော့ဘူးထင်တယ် ညနေရောက်တာနဲ့ တားချိန်တောင်မရလိုက်ဘူး အိမ်တန်းပြန်တာ ဟူး ...**
Lisa တယောက် တယောက်တည်းတွေးပြီး နေလေသည် ။
ညနေဆိုင်သိမ်းချိန်လည်းရောက်နေဘီ ဆိုတော့ သူလည်း ဆိုင်ကကောင်မလေးတွေကို ခိုင်းစရာရှိတာခိုင်းပြီး ဆိုင်ပါပိတ်ကေးရန်မှာပြီးဆိုင်ကထွက်လာလေသည်။
သူလည်း အိမ်မပြန်ချင်သေးတာကြောင့် ဟန်းမြစ်ဘက်သို့ လေညင်းခံရန် ထွက်လာလေသည် ။ သူဟန်းမြစ်သို့ရောက်တော့ လူတောင်သိပ်မရှိတော့ဘူး သူလည်း လူရှင်းတဲ့ နေရာမှာ ထိုင်ကာ ဆိုဂျူလေးသောက်သာ ထိုင်နေလေသည် ။
Lisa တယောက်တည်း ထိုင်ပြီးတယောက်တည်းသောက်နေစဉ် သူဘေးနား တယောက်ယောက်လာထိုင်တော့ သူလည်း ကြည့်လိုက်တော့ ။
Lisa - Jane!!!!
Jane - အင်း
Lisa - ဘာလာလုပ်တာလဲ
Jane - အလုပ်ကနေအိမ်ပြန်တော့ လေညင်းလေးခံမလား ဒီကိုရောက်လာတာ မင်းကိုမြင်တော့ အစကမင်းမဟုတ်ဘူးထင်ခဲ့တာ ပြီးမှ နီးနီးလေးကောင်းကောင်းကြည့်လိုက်တော့ မင်းဖစ်နေလို့ လာထိုင်တာ
Lisa - ဟုတ်လား လာထိုက် သောက်မလားဆိုဂျူး
Jane - အင်း Jane မှာလည်းပါတယ် တူတူသောက်ရအောင်
Lisa - အင်း
နှစ်ယောက်သားဘာမှမပြောတော့ဘဲ တိတ်ဆိတ်စွာ ထိုင်နေတော့ Jane ကနေစပြီး
Jane - ဟို Chae ရော မပါလာဘူးလား
Lisa - သူမိန်းမနဲ့ ဆင်ပြေတော့ အဲကောက်အလုပ်တောင်စောစောဆင်းသွားတာ ဒါကြောင်းတယောက်တည်းထိုင်နေရတာ
Jane - ဟုတ်လား ဟား ... ဟား ဒါနဲ့ Unnie jiတော့ အလုပ်မလာဘူး နေမကောင်းလို့တဲ့
Lisa- ဟုတ်လား ဟိုကောင်စားတာ ခံရတာနေမယ် သူတို့ဆင်ပြေသွားတော့ Lisa ပျော်ရွင်မိတယ်သိလား
Jane - ဘာလို့လဲ
Lisa - ဒီလို Unnie Sooကိုအားနာလို့ သူတို့လက်ထက်ခါစဆို Chae က Unnie ကို လုံးဝစကားမပြောတာ ညအိပ်တာတောင် Lisa ဆီမှာအိပ်တာ မနက်အိမ်ပြန်ပြီး အဝတ်အစားလဲပြီး အလုပ်ပြန်လာ ဒီမှာအိပ်အဲသလိုနေတာ
Jane - ဟုတ်လား ဒါဆို Unnie jiက ဘာမှမပြောဘူးလား
Lisa - မပြောလဲ မရဘူးလေ Lisa ဆီ ညဘက်ဆိုဖုန်းဆက်တယ် သူဒီမှာ အိပ်သလား အိပ်နေတယ်ဆို စိတ်ချဘီ ဆိုပြီး ဖုန်းချချသွားတာ
Jane - Unnie Ji ကသနားစရာဘဲ့ အခုတော့ ပျော်ရွင်ရတော့မယ် chaeရဲ့ ချစ်ခံနေရမှုမှာ
Lisa - မင်းကရော သူကိုချစ်နေသေးတာလား
Jane - မချစ်တော့ဘူး ဒါပေမဲ့ မေ့ပစ်ဖို့ခက်တယ် တကယ်ချစ်မိတာဆိုတော့ ဒါပေမဲ့ Unnie Jiကိုတော့ အားကျမိတယ် Chae ရဲ့ အချစ်ကို ရခဲ့လို့
Lisa - ဟုတ်တယ် Unnie jiက ငယ်ငယ်လေးကတည်းကချစ်နေတာ Unnie jiလည်း သဘောကျချင်စရာကို အဲကောင်က ယောကျားလေးအတိုင်းဘဲ့
Jane - ဟုတ်တယ် Chae ကိုကြည့်ရတာ Unnie jiကိုတကယ်ချစ်သွားတဲ့ပုံဘဲ့
Lisa - အင်း သူကချစ်ရင် မုန်းရက်လည်း အရမ်းမုန်းတာ သူမှာ ကျောင်းတက်တုန်းကကောင်မလေးတယောက်ရှိခဲ့ဖူးတယ် သူအရမ်းချစ်တာ အဲကောင်မလေးကို သူကျောင်းစတက်ပတည်းကအဲကောင်မလေးနဲ့ တွဲတာ ဒါပေမဲ့ ကျောင်းပြီးလို့ ဘွဲ့ယူခါနီးမှာ ကောင်မလေးက လမ်းခွဲသွားတာ်လေ
Jane - ဟုတ်လား အရမ်းခံစားရမှာဘဲ့ ဘာလို့ လမ်းခွဲခဲ့တာလဲ ကောင်းမလေးက
Lisa - Unnie sooနဲ့ အိမ်ကလက်ထက်ပေးမှာကို သိလို့တဲ့ ပြီးတော့ Chae ကိုတကယ်မချစ်ဘူးတဲ့ အပျော်တွဲခဲ့တာတဲ့ တခါတည်းသူ့ကောင်လေးနဲ့ပါမိတ်ဆက်သွားတာ အဲနေ့မှာ
Jane - Chae ကဘာမှမပြောဘူးလား ဒါဆို
Lisa - ပြောတာပေါ့ ငိုပြီူတောင်းပန်တာ သူအဲနေ့က ဒါပေမဲ့သူအဲတနေ့ဘဲ့ ငိုတာ ကျန်တဲ့ နေ့တွေမှာ မငိုတော့ဘူး
Jane - ဘာလို့လဲ
Lisa - သူကိုအပျော်တွဲတဲ့ မိန်းမတယောက်အတွက် သု့မျပ်ရည်တွေမတန်လို့တဲ့ အဲချိန်ကတည်းက သူရည်းစားမထားတော့တာ Unnie sooနဲ့လည်ူလက်ထက်လိုက်တယ်လေ
Jane - အော် Chae ကသနားစရာဘဲ့ ဒါပေမဲ့ အဲကောင်မလေးသာ ပြန်လာခဲ့ရင် လက်ခံမယ်လို့ထင်လား ပြန်ပြီး
Lisa - မထင်ဘူး သူအခုကUnnie sooကို ချစ်နေဘီဘဲ့ ပြီးတော့ သူက အချစ်ကြီးသလောက်အမျက်ကြီးတာ သူမုန်းသွားရင်ဘာလုပ်လုပ် လက်မခံတော့တာ သူ့အကျင့်
Jane - ဒါပေမဲ့ သူUnnie jiကို ချစ်သွားတယ်လေ
Lisa - မတူဘူး Unnie sooက သူကUnnie sooကို ငယ်ငယ်ကအရမ်းချစ်တာအမတယောက်လို ဒါပေမဲ့ သူကမိန်းမတယောက်ဖြင့်လက်ထပ်လိုက်ရတော့ ခဏမုန်းမိတာ Unnie sooကလည်းသူကိုငာ်ငယ်ကလို ဂရုစိုက်တော့ သူအကြာကြီး မမုန်းနိုင်ဘူးလေ အခုကြည့်ပါလား အရမ်းချစ်နေတာမလား Jane ကြည့်နေ Chae ဘယ်လောက် Unnie sooကို ဖြစ်သည်းနေမလဲဆိုတာ
Jane - အင်း အခုတော့ပြန်ကြရအောင် လိုက်ပို့ပေူမယ်လေ
Lisa - ဟို Lisa မှာ ကားပါတယ်
Jane - ဟင် ဟိုနေ့ကမပါဘူးမလား ဝယ်လိုက်တာလား
Lisa - မဟုတ်ဘူး ဆိုင်နဲ့ အခန်းနဲ့ နီးတော့မယူတော့ တာ အခုက ဟန်းမြစ်လာတော့ ယူလာတာ အစကတည်းကရှိပြီးသားကားက
Jane - ဟုတ်လား Jane က ထင်တော့ထင်သား Lisa ကိုလိုက်ပို့နေ့ကတည်းက
Lisa - ဘာထင်တာလဲ
Jane - Lisa နေတဲ့ အခန်းတွေလေ တော်ရုံလူတွေ မငှားနိုင်ဘူးတဲ့ သူဌေးတွေဘဲ့ ငှားနိုင်တာ တဲ့ အဲဒီတွေက
Lisa - အင်း
Jane - Jane က Lisa ကို ဆိုင်မှာ အလုပ်လုပ်ပြီး နေနေတဲ့ သူထင်နေတာ
Lisa - ဟို ကြွားတယ်လို့မထင်ပါနဲ့ Lisa က ထိုင်းကဆိုတော့ အဖေတို့ကထိုင်းမှာ နေတာ Lisa မှာမနေချင်လို့ ဒီမှာ အလုပ်လုပ်ရင်းနေနေတာ ဟိုကိုမပြန်ချင်လို့
Jane - ထိုင်းကလား Lisa က Jane ရောက်ဖူးတယ် ထိုင်းက ဘန်ကောက်ကိုလေ အလည်ရောက်ဖူးတယ်
Lisa - ဟုတ်လား နောက်တခါ ထိုင်းသွားရင် Janeအလည်ခေါ်မယ်နော်
Jane - အင်း ဒါနဲ့ Lisa အဖေတို့ကဘာအလုပ်လုပ်တာလဲ
Lisa - ဟိုတယ် ပါ
Jane - နာမည်က
Lisa - ဘန်ကောက်မှာဆို 'M. HOTEL ' ဆိုပြီးမေးလိုက်ရင်မသိသူမရှိပါဘူး အဲတာ Lisa အဖေပိုင်တာ
Jane - ဟုတ်လား Jane တည်းဖူးတယ် အရမ်းလှတာ ဟိုတယ်က ပြီးတော့ Lisa ကိုမြင်ဖူးတယ် မိသားစုဓာတ်ပုံချိတ်ထားလို့
Lisa - ဟုတ်လား
Jane - မင်းကိုမြင်လည်း မမှတ်မိဘူး အလည်သွားတာကြာတော့ အခုကမင်းနဲ့ ပြောရင်းသတိရတာ
Lisa - ဟုတ် သွားကြရအောင် Jane
Lisa တို့နှစ်ယောက်လည်း သူတို့ကားအနားသို့လာကာ ကားပေါ်တက်ပြီး အိမ်သို့ပြန်လာခဲ့ ကြလေတော့သည် ။—————————-
##Chaesoo##
##facebook မှာလည်းစကားပြောလို့ရပါတယ် မချေတက်ဘူး ##စကားလာပြောကြနော် အားမနာနဲ့ 😁😁😁❤️❤️❤️
YOU ARE READING
ချစ်ခွင့်လေးတော့ ပေးပါ ROSÉ
Fanfiction'မင်းဆီက ငါ့ကိုမုန်းနေတဲ့ မျက်ဝန်းလေးတော့ ပျောက်ကွယ်သွားစေချင်တယ် '