Chae တယောက် အိမ်ကိုရောက်တော့ ရေချိုးကာ အဝတ်အစားလှဲပြီး မမနဲ့ အတူ ညစာစားပြီးတော့ အပေါ်ကလုပ်ခန်းထဲမှာ တယောက်တည်း အလုပ်ရှုပ်နေလေသည် ။
jisoo ကတော့ အခန်းထဲမှာ လုပ်စရာရှိတာလုပ်ပြီး သူ့ကလေးကို သတိရတာကြောင့် လိုက်ရှာတော့ စာကြည့်ခန်းထဲမှာ တယောက်တည်း လုပ်လုပ်နေတာ မြင်တော့ ပြုံးပြီး အောက်ထပ်သို့ ဆင်းကာနွားနို့တခွက်ဖျော်ပြီး သူ့ကလေးအနားလာလေသည် ။
Chae တယောက် လုပ်လုပ်နေတာ ညအတော်နောက်ကျနေတာကို သတိမရဘူး လုပ်လုပ်နေတော့ မမက နွားနို့ခွက်လေးကိုင်ကာ အခန်းထဲဝင်လာမှ အချိန်ကို သတိရလေသည် ။
Jisoo - ငယ် .. မပြီးသေးဘူးလား နားဦးလေ
Chae - ပြီးသွားဘီ မရယ် သေချာအောင် ထပ် စစ်ဆေးနေတာ
Jisoo - ဟုတ်လား ရော ဒီမှာ နွားနို့လေးသောက်လိုက်ဦး ဒါမှ အားရှိမှာ
Chae - ဟုတ်
Chae တယောက် jisoo ပေးသော နွားနို့ခွက်လေးကို တခါတည်း သောက်လိုက်ပြီး
Jisoo - တော်လိုက်တာ ကလေးက
Chae - မမအိပ်တော့လေ ငယ် ခဏလောက် လုပ်လုပ်အူးမယ်
Jisoo - အင်း မမအိပ်တော့မယ် ဒါဆို
Chae - ဟုတ် Goognight မမ
Jisoo - Goodnight ငယ် မွ ...
Jisoo တယောက် သူကလေးရဲ့ နှဖူးလေးကိုနမ်းကာ နွားနို့ခွက်လေးကိုင်ပြီး အခန်းပြင်ထွက်သွားလေသည် ။
Chae ကတော့ အလုပ်စရာရှိတာ ဆက်လုပ်နေတော့သည် ။
————————————
Chae တယောက် လုပ်တွေပြီးလို့ နာရီတချက်ကြည့်လိုက်တော့ မနက် 1နာရီတောင်ရှိနေဘီ
Chae - အတော် ညနက်နေဘီဘဲ့ ဟူး အခုမှ ပြီးတော့တယ်
chae လည်း အလုပ်တွေကို လက်စသတ်ကာ စားပွဲမှ ထကာ အကြောဆန့်ပြီး အိပ်ခန်းထဲသို့ သွားရန် မခန်းထဲသို့ ထွက်လာလေသည် ။
သူအခန်း သို့ ရောက်တော့ မမက အိပ်ပျော်နေဘီ သူလည်း jisoo ဘေးနား ဝင်လှဲလိုက်ကာ မမကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်တော့
Jisoo - ရောက်လာဘီလား
Chae - ဟုတ်
Jisoo - အင်း ညအတော်နက်ဘီ အိပ်ကြရအောင်
Chae လည်း အိပ်ချင်မူးတူးဖြစ့်ဖင့်ပြောနေတဲ့ သူကို နှဖူးလေးကို နမ်းကာ ရင်ခွင်ထဲမှာ ဖက်ထားကာ အိပ်စေလေသည် ။
————————————————-
မနက်ရောက်တော့ Chae တယောက် အရင်နိုးထလာပြီး သူ့ရင်ခွင်ထဲက မမကတော့ အိပ်ကောင်းနေဆဲ
Chae - အိပ်ပုတ်လေး ထတော့ အလုပ်လုပ်ရအူးမယ်
Chae လည်း သူ့မမပါးလေးကို နမ်းကာ နိုးလိုက်တော့ လူးလိမ့်ကာ နိုးလာပြီဖြစ်ကြောင်း သူကို ပြုံးလာပြလေသည်။
Jisoo - ငယ် .. Morning
Chae - Morning ပါဗျာ
Jisoo - ထကြတော့မလား
chae - ဟုတ်
နှစ်ယောက် တူတူထကာ မျက်နှာ တူတူတိုက်နေကြတော့သည် ။
ခဏကြာတော့ Jisoo ကရေချိုးနေသဖြင့် Chae ကအဝတ်အစားတွေထုတ်ပေးနေလေသည် ။ Jisoo လည်းရေချိုးပြီး ထွက်လာတော့ အဝတ်အစားတွေအဆင့်အသင့် ဖြစ်နေတာကိုကြည့်ပြီး ပြုံးကာ
Jisoo - လိမ္မာလိုက်တဲ့ ကလေး ဆုချမယ် မွ ... မွ
Chae - ဟီး .. မနက်စာ တူတူစားကြမယ်နော်
Jisoo - ဟုတ်ပါဘီ အဝတ်အစားလှဲပြီး ဆင်းလာခဲ့ အကုန် ဆင်သင့်လုပ်ထားမယ်မမ
Chae - ဟုတ်
Chae လည်း ခေါင်းငြိမ့်ပြပြီးအဝတ်အစား လှဲနေလေသည် ။
--------------------------------------
ခဏကြာတော့ Chae လည်း မနက်စာ စားရန် အောက်သို့ ဆင်းလာတော့ မမက အဆင့်အသင့်စောင့်နေလေသည် ။
Chae -မမ ငယ် ပြီးဘီ စားကြမယ် မနက်စာ
Jisoo - အင်း
နှစ်ယောက်သား မနက်စာ တူတူစားရင်းစကားပြောကာ ပျော်ရွင်မနက်စာ စားနေကြလေသည် ။
မနက်စာစားပြီး အလုပ်သို့ တူတူ ထွက်ခွါ ကြလေသည် ။
———————————————
IU တယောက် သူCompany ကို အစောကြီး ရောက်နေလို့ ဘယ်သူ့မှမရောက်သေးလို့ တယောက်တည်းဟိုလျောက်ဒီလျောက် လုပ်နေလေသည် ။
Irene - IU နင်ဘာလို့ ဒီလောက် လုပ်ရှုပ်နေတာလဲ
IU - နင်ဘယ်တုန်းကရောက်နေတာလဲ
Irene - ငါ့ရောက်နေတာကြာဘီလေ နင်မှမမြင်တာ
Jane - ဟုတ်တယ် Unnie တယောက်တည်း ဟိုလျှောက်ဒီလျှောက်နဲ့ လုပ်ရှုပ်နေလို့ ဘာမှမမေးဘဲကြည့်နေကြတာ
IU - ဟိုဇနီး မယားတွေမရောက်သေးလို့
Irene - လာနေဘီတဲ့ ထိုင်ဦး
Jane - Lili လာထိုင်
Lisa - Unnie မုန့်စားအူး
သူတို့စကားပြောနေချိန် jisoo တို့နှစ်ယောက်လည်း တယောက်လက်တယောက်ကိုင်ကာ ဝင်လာတော့ ဝန် ထမ်းတွေက အံ့ဩသလိုကြည့်နေကြသည် ။
Irene - ရောက်လာကြဘီ မင်းသမီး စုံတွဲ
Jisoo - ငါ့တို့က မင်းသမီး စုံတွဲမဟုတ်ပါဘူးဟာ
IU - မဟုတ်လို့သာဘဲ့ နင် Company က လူတွေ အကုန် နင်တို့ နှစ်ယောက်ကြည့်နေကြတာ
Chae - သူတို့က chae ကို မသိဘူးလား
Jisoo - ငယ်မှမပြောခိုင်းတာ ပြီးတော့ Company လည်း မလာဘူးလေ
Chae - အခုပြောပြလိုက်ရမလား
IU - မပြောပြနဲ့ဦး ရှိုးပွဲနေမှ ပြောပြကြမယ် ဟုတ်ဘီလား
Jisoo - အင်း အခုကလုပ်ကိစပြောကြမယ်
Chae - အင်း lisa ဒီကို ခဏ ပြောစရာရှိသေးတယ်
Lisa - အင်း
Chae လည်း Lisa ကို အခန်းနဲ့ အဝေးကို ခေါ်သားကာ
Chae - soyeon လာနေသေးလား
Lisa - လာတယ် ဟိုနေ့ကရော
Chae - ဘာတွေပြောနေသေးလဲ ငါ့ကိုမေးလား
Lisa - မေးတာပေါ့ဟာ ငါ့မဖြေနိုင်လို့ ဒီအတိုင်းလွှတ်ထားလိုက်တာ ပြီးတော့ နင်တို့ သတိထားနေကြနော် သူမှာ အကြံတခုရှိနေပုံဘဲ့
Chae - ဘာကိုလဲ
Lisa - ဟိုနေ့ကနင်မူးနေတုန်းက သူဖုန်းပြောနေတာ ငါ့ကြားခဲ့တယ် ဘာတဲ့ သူလုပ်တာ ဆင်ပြေရဲ့လား ဘာလားဆိုဘဲ့
Chae - တခြားကိစဖြစ်မှာပါ
Lisa - မဖစ်နိုင်ဘူး
Chae - အေနင်ပြောမှသတိရတာ အဲနေ့ညကသူကူညီတောင်းလို့ ငါ့ကကူညီတာကို ဘာ်သူက Video ရိုက်ထားလဲမသိ မမဆီအဲဟာကို ပို့လိုက်တာ တော်သေးတယ် မမကအရမ်းကြီးစိတ်မဆိုးလို့တော်သေးတယ်
Lisa - အေအဲတာ ဖစ်နိုင်တယ် သူအကွက်ဆင်တာဖစ်မယ် နင်နဲ့ Unnie နဲ့ကို
Chae - ဒါဆို ငါ့တို့ သတိထားပြီးနေရမှာပေါ့
Lisa - အေ
Chae နဲ့ Lisa လည်း စကားပြောပြီးလို့ Unnie ji အခန်းထဲသို့ လာခဲ့ကြလေသည် ။
အခန်းထဲရောက်တော့ Unnie တို့ကသူတို့ကို ကြည့်ကာ
Jisoo - ဘာတွေပြောနေကြလို့ ကြာနေတာလဲ
Irene - ဟဲ့ နင်ကလည်းသူတို့စကားပြောတာဘဲ့ကို ဘာတွေဖစ်နေတာလဲ
Jisoo - ယုံရတာမဟုတ်ဘူး
IU - Chae နဲ့ Lisa အခုမော်ဒယ်အတွက် အစမ်းလျှောက်ကြည့်ရအောင်
Chae - ဒီမှာလား Unnie
IU - မဟုတ်ပါဘူးလေ ဟိုဘက်ကအခန်းမှာလေ ဘာလဲ ရှက်နေတာလား
Lisa - ဟို .. အဲ နဲနဲပါ တခါမှမလုပ်ဖူးတော့
Jane - မပူနဲ့ Lili သင်ပေးတဲ့သူရှိတယ်
Jisoo - မရှက်ပါနဲ့ ငယ် မမအစည်းအဝေးပြီးတာနဲ့ လာကြည့်မှာ
Chae - ဟာ မမကလည်း လာမကြည့်နဲ့ ရှက်စရာကြီး
IU - လာကြ အချိန်မရှိဘဲနေလိမ့်မယ်
IU လည် Chae& Lisa တို့ကို ခေါ်ကာ ထွက်သွားပြီး Jane လည်း အနောက်မှ လိုက်သွားလေသည် ။ ကျန်ခဲ့ တဲ့ Soo တို့ကတော့
Jisoo - ကဲငါ့တို့လဲ ဒီဇိုင်းဆွဲထားတဲ့ ဟာတွေကို အကောင့်အထည်ဖော်ကြရအောင်
Irene - အင်း ငါ့Company ကလူတွေလည်းရောက်နေဘီ သူတို့ကငါ့ထက်တောင်တက်ကြွသေးတာ
Jisoo - ဟုတ်လား ကောင်းတာပေါ့ဒါနဲ့ လူဘယ်နယောက်လဲ ငါ့နေ့လည်စာမှာလို့ရအောင်
Irene - မပူနဲ့ ငါ့အကုန်လုပ်ပြီးဘီ နင်မလာခင်ကတည်းက ဒီနေ့ ဝန်ထမ်းတွေရော ငါ့တို့ရော အကုန်လုံးအတွက်ရော နေလည်ရောက်လာလိမ့်မယ်
Jisoo - ကျေးဇူး Irene
Irene- ရပါတယ် ငါ့လည်း ဒီ ရှိုးမှာပါသင့်သလောက်ပါရအောင်ပေါ့ ဒါမှ ငါ့တိုါနှစ်ယောက် ပူးပေါင်းပြီး Brand သစ်ထပ်ထုတ်တာပေါ့
Jisoo- အင်း
Jisoo နဲ့ Irene လည်း ဒီဇိုင်းတွေကို ကြည့်ကာ
Irene - chae ကတော်တယ်နော် ငါ့နို့တောင်အဲလောက် မတွေးတက်ဘူး
Jisoo - ဟုတ်တယ် ညကလည်း ညနက်မှအိပ်တာ သူအကုန်ပြီးမှ
Irene - ဟုတ်လား
Jisoo - ကဲ အစည်းအဝေးခန်းထဲသွားကြရအောင်
နှစ်ယောက်သား အစည်းအဝေးခန်းထဲသို့ ဝင်လာတော့ သူတို့ကို စီးကြိုနေသော ဝန်ထမ်းတွေ
Jisoo - ကဲ အစည်းအဝေးက ရှည်ရှည်ဝေးဝေး မပြောတော့ဘူး ဒီကဒီဇိုင်းတွေ အတိုင်း ချုပ်ဖို့ဘဲ့
ဝန်ထမ်း - ဟုတ်
Irene - အကုန်လုံး ဝိယရှိရှိကြိုးစားကြမယ် ဒီကိစဆင်ပြေရင် ဘောနပ်ပေးမယ် ဟုတ်ပြီလား
ဝန်ထမ်း - ဟုတ်
Jisoo - ဌာနမှူး ဒီမှာ ဒီဇိုင်းတွေ
ဌာနမှူး - ဟုတ်
ဌာန မှူးတွေလည်း ဒီဇိုင်းတွေကြည့်တော့
ဌာနမှူး - ကျတော်တို့ ဒီတိုင်း ချုပ်လိုက်လို့ရနေတာဘဲ့ အကုန်လုံး တခုချည်း ဆွဲပြထားတာနော်
Jisoo - ဟုတ်တယ် ကဲ ကြိုးစားကြဦး
Jisoo နဲ့ Irene လည်း ပြောစရာရှိတာ ပြေရပြီး မော်ဒယ် အခန်းသို့ လာကြလေသည် ။ သူတို့နှစ်ယောက် မော်ဒယ်တွေ အခန်းရောက်တော့ Chae နဲ့ Lisa က နှစ်ယောက်တူ လျှောက်ကြည့်နေသည် ။
Soo တို့လည်း အခန်းထဲရောက်တော့ အခန်းထဲက သူတွေ အားလုံး အံ့ဩကာအလေးပြုကြလေသည် ။
Jisoo - ရပါတယ် အေးဆေးလုပ်ကြပါ
Irene - Soo နင်ကြည့်ကြည့် ဟိုနှစ်ယောက်ကို မလုပ်ဖူးလို့သာဘဲ့ လျှောက်နေကြတာ မော်ဒယ်တောင်အရှုံးပေးရတော့မယ်
Jisoo - ဟုတ်တယ် ငယ်က ဒီလိုဆို မဆိုးပါလား
IU - ဟဲ့ နင်တို့နှစ်ယောက် ဘာလာလုပ်တာလဲ
Jisoo - ငါ့ကလေးငါ့လာကြည့်တာလေ
IU - အောင်မလေး ထင်ပါတယ်လေ ခါတိုင်းဆို စကားလေးပြောဖို့တောင်မလာတဲ့ CEO ကြီးက အခုမှလာတာဆိုတော့ ဟီး ဘယ်လို မဆိုးဘူးမလား
Jane - Jane တောင် သူတို့လောက် မမိုက်သလိုခံစားရတယ်
Jisoo - ဟား Jane တို့ကတော့ နောက်ဘီ
IU - ငါ့တို့တောင် အရမ်းကြီးမသင်လိုက်ရဘူး သူတို့ကလုပ်တက်နေကြဘီ
သူတို့စကားပြောနေတဲ့ နေရာကို Chae တို့လည်းရောက်လာကာ
Jisoo - ရော ငယ်... ရေသောက်လိုက်အူး မေနေဘီလား
Irene - အောင်မလေး Jisoo နင်ဘယ်တုန်းက ရေဘူးယူလာတာလဲ
Jisoo - ငါ့ အခန်းထဲကထွက်လာကတည်းကာ
Chae - မမကတော့လေ
Lisa - Jane ဆင်ပြေရဲ့လား ကိုယ်လျှောက်တာ
Jane - ပြေတယ် Jane တောင်အဲလောက်လျှောက်မကောင်းဘူးသိလား Unnie ji ဟိုChae ခုနားက ရိုက်ထားတဲ့ ပုံပြရမလား
Chae - Jane မပြနဲ့
Jisoo - ဘာပုံလဲ ပြကြည့်
Jane - ဒီမှာ
YOU ARE READING
ချစ်ခွင့်လေးတော့ ပေးပါ ROSÉ
Fanfiction'မင်းဆီက ငါ့ကိုမုန်းနေတဲ့ မျက်ဝန်းလေးတော့ ပျောက်ကွယ်သွားစေချင်တယ် '