PART - 19

458 36 4
                                    

Chaeနဲ့Lisa လည်း ကားနံပါတ်ကို ခြေယာခံလိုက်တော့ ဂိုဒောင်ဟောင်းတခုကို ညွှန့်ပြနေလေသည် ။ သူတို့လည်း အချိန်မဆွဲတော့ဘဲ့ Unnie Irene ကို ဖုန်းဆက်ကာ နေရာကို ပြောပြပြီး ရဲတွေကို ခေါ်ပြီး လိုက်လာရန် ပြောလေသည် ။
     သူနဲ့ဘLisa လည်း ကားတစီးကို ယူကာ ထိုနေရာသို့ ထွက်လာလေသည် ။
————————————
     တဖက်က Jisoo က hanin ပြတဲ့ နေရာကြည့်လိုက်တော့ Chae နဲ့ Lisa ပုံစံ လူနှစ်ဦးကို ဟန်ဆောင်ကာထိုင်ခိုင်းထားလေသည် ။
  Jisoo - Hanin ဘာလို ဒီလိုလုပ်ရတာလဲ ငါ့နဲ့ မင်းနဲ့ ကြားမှာ ဘာပြသာနာမှမရှိပါဘူး
Hanin - Soo ... ငါ့မင်းကို ကျောင်းတက်ကတည်း ချစ်တာငိသားနဲ့
Jisoo - အဲတာနဲ့ ဆိုင်လို့လား
Hanin - ဆိုင်တယ် နင်ငါ့ အချစ်ကို အမြဲတမ်းငြင်းခဲ့တယ် ပြီးတော့ နင်ကလေးက ငါ့ကို လူကြားထဲမထွက်နိုင်အောင်ရှက်ခွဲခဲ့တာ နင်သိလား
Jisoo - Chae က ဘာလုပ်လို့လဲ နင်ကို
Hanin - နင်မသိသေးရင် ပြောပြရသေးတာပေါ့ ဒီလို
  ***Haninယောက်Jisoo ကို ကျောင်းမှာ ဖွင့်ပြောတဲ့နေမှာ jisoo က သူကို ချက်ချင်း ငြင်းသဖြင့် စိတ်တိုကာကျန်ရစ်တော့ Chae ကသူကိုကြည့်ကာ သတ်မယ့်ပုံစံလုပ်ပြသွားလေသည်။ နောက်တနေ့ရောက်တော့ Hanin တယောက် ကျောင်းကိုပုံမှန်လာတော့ သူကျောင်းဝင်းထဲဝင်ကတည်းက ကျောင်းသူကျောင်းသားတွေကသူကို ဝိုင်းကြည့်နေတော့ သူလည်း ဘာဖစ်တာလဲဆိုပြီး တွေးပြီး အတန်းသို့လာတော့ သူအခန်းထဲရောက်ခါနီးမှာ သူသူငယ်ချင်းတွေက သူကို အပြေးလာခေါ်ကာ သူအခန်းထဲအ့မြန်သွားဖို့ ခေါ်လေသည် ။သူလည်းဘာမှမသိဘဲ လိုက်သွားတော့ သူစာသင်ခန်းရဲ့ ကျောက်သင်ဘုန်းအပေါ်မှာ သူကောင်လေးတွေ လိုက်ကြူခဲ့အကြာင်းတွေ သူသူငယ်ချင်းတွေနဲ့ မိန်းကလေးတွေကို ပြောထားတာတွေကို စာထုတ်ကာ အခန်းထဲကပ်ထားလေသည် ။ သူလည်းစိတ်တိုကာ စာရွက်တွေဆွဲခွါတော့ သူကို အခန်းပြင်မှာ ရပ်ကြည့်နေသော Park chaeyoung နဲ့ Lisa သူလည်း ရှက်တာကြောင့် အပြင်သို့ပြေးထွက်လာပြီး park chaeyoung ကို ကြည့်ကာ '' Park chaeyoung မင်းတနေ့ငါ့အုကာင်းကောင်းကောင်းသိစေရမယ် '' *****
    jisoo - အဲတာကြောင့် ကျောင်းထွက်လိုက်တာလားနင်က
Hanin.- ဟုတ်တယ် ဒါကြောင့် ငါ့ညီမလေးကို နင်ကလေးနဲ့ တွဲစေပြီး နင်ကို မုန်းအောင်ငါ့လုပ်ခဲ့တာ
Jisoo - နင့်ညီမလေး ဘယ်သူလဲ
Hanin - Yeon ထွက်လာခဲ့
Jisoo လည်း Hanin ကို စိုက်ကြည့်ပြီး ဘေးကို တချက်ကြည့်လိုက်တော့ ထွက်လာတဲ့သူကိုမြင်ကာ သူအံ့ဩသွားလေသည် ။
   Jisoo - မင်း ... မင်း Jung soyeon
Soyeon - ဟုတ်ပါတယ် ကျမက Oppa ရဲ့ ညီမလေးပါ
Hanin - ဘယ်လိုလဲ Jisoo အခုနင့်ကလေးက ငါ့ညီမလေးနဲ့ ပြန်တွဲတော့မယ်တဲ့ဘ
Jisoo - မဖစ်နိုင်တာတွေမပြောပါနဲ့ Hanin
Hanin - ဘာလို့ မဖစ်နိုင်ရမှာလဲ ဟာ အခုနင်ကို ငါ့ကယူရင် Park Chaeyoung က ငါ့ညီမယူပေါ့ မဟုတ်ဘူးလား
Jisoo - ဟဲ့ ... စကားပြောတာကောင်းလှချည်လား ငါ့ကနင်ကို လက်ခံနေသလိုကြီး မပြောပါနဲ့ ငါ့အစကမင်းကို သူငယ်ချင်းလိုနေဖို့ စဉ်းစားသေးတယ် အေးအခုလုပ်ရပ်ကြောင့် နင်ကို ရွံတယ် Hanin
  Hanin - ရွံ့စမ်းပါ ကြိုက်သလောက် အခုကမင်းငါ့လက်ထဲရောက်နေဘီလဲ ဘာလုပ်ဦးမလို့လဲ
Hanin - ဟေ့ကောင်တွေ သူကို ကြိုးတုပ်ကြစမ်း
Jisoo - ဘာ ...
     လူတစုကသူကို ကြိုးဖြင့်လာတုပ်တော့ သူလည်း ရုန်းတော့ သူရဲ့ ဗိုက်ကို တချက်ထိုးလိုက်တော့ Jisoo တယောက် မလှုပ်နိုင်တော့ဘဲ ခွေခွေလဲ လဲကျသွားသည် ။
  Jisoo - Hanin ... နင်တော်တော် ယုတ်မာတာဘဲ့
Hanin - ကိုယ့်ချစ်တဲ့ သူရဖို့ဆို ယုတ်မာသင့် ယုတ်မာရမှာဘဲ့ သူကို ခေါ်သွားကြစမ်း ငါ့အခန်းထဲ
    ထိုလုပ်စုကလည်း Jisoo ကို ဆွဲခေါ်သွားရန်လုပ်နေတုန်း တံခါးကို ကန့်ဖွင့်ကာ ဝင်လာစော လူနှစ်ယောက်
   Chae - Jung Hanin ... မင်း ယုတ်မာလှချည်လား
Hanin - အော် သူရဲကောင်းလေး ရောက်လာဘီပေါ့
Jisoo - ကလေး ...
Chae - မမကို အခုလွှတ်ပေးစမ်း
  Hanin - ဘာလို့လွှတ်ပေးရမှာလဲ ဟေ့ကောင်တွေ ဆုံးမလိုက်ကြစမ်း
  chae နဲ့ lisa လည်း လက်ထဲက သံချောင်းကို ကောင်းကောင်းဆုပ်ကိုင်ကာ သူတို့အနားလာနေသော လူအယောက်၂၀ လောက်ရှိသောလူတို့ကို တိုက်ခိုက်ရန် အသင့်ဖြင့်နေကြလေသည်။
    ခဏကြာတော့ ထိုနေရာမှာ တိုက်ခိုက်တာ သူတို့အဖက်ကလူတွေ အကုန် လဲကုန်သည် Chae နဲ့ Lisa လည်း ပင်ပန်းကာ နှစ်ယောက်သား ပူးကာ ရပ်ပြီး
  Lisa - Chae မင်းက unnie soo သွားကယ် ငါ့ဒီမှာ ရှင်းထားတယ် ခဏနေ unnie irene ရောက်လာတော့မယ်
Chae - အင်း ဂရုစိုက်နော်
     Chae လည်း Jisoo ကို ဆွဲခေါ်သွားသောနောက်ကို လိုက်သွားတော့
  Chae - Hanin ...
Hanin - ရှင်းခဲ့ ...
     သူနောက်က ငါ့ယောက်လောက်က Chae နဲ့ ဆိုက်ခိုက်ရန် ရောက်လာတော့ Chae တယောက် ပြန်လည်ခုခံရင်း လက်ထဲက သံချောင်းက လွှင့်ထွက်သွားတော့ သူကို ရီကာ ကြည့်နေသော Hanin က
  Hanin - Chaeyoung .. မင်း ကျောင်းတုန်းက ငါ့ကို ရှက်ခွဲခဲ့သလို ငါ့ မင်းရဲ့ မမကို မင်းအရှေ့မှာ ချစ်ပြမယ် မင်း ကြည့်နေ
  Hanin တယောက် Jisoo ကိုတုပ်ထားသော ကြိုးတွေကို ဖြည့်ကာ အင်္ကျီကို ဆွဲချွတ်ဖို့လုပ်တော့
  Jisoo - Hanin မယုတ်မာနဲ့နော်
Hanin - ဟား ... ဟား Park chaeyoung ကြည့်ထား ဒီမှာ ဗြဲ....
    jisoo အင်္ကျီကို ဆုပ်ဖြဲလိုက်တော့ Jisoo ရဲ့ အပေါ်ဝတ်ကာ ပြဲသွားတော့ Chae တယောက် သူကို ရိုက်နှက်နေတဲ့ ကြားကာ ငိုကာ တောင်းပန်လေသည် ။
   Chae - ငါ့...ငါ့ တောင်းပန်ပါတယ် မလုပ်ပါနဲ့ နင်သတ်ချင်ရင် ငါ့ကို သတ် ငါ့ကိုသတ်ပါ မမကို ဘာမှမလုပ်ပါနဲ့
Hanin - မသတ်ပါဘူး နင်ကို ငါ့ညီမလေးကသိပ်ချစ်တာ သူအတွက်နင်မသေရဘူး အခုတော့ ဟား .. ဟား
   Jisoo တယောက် ရုန်းကန်နေသော်လည်း ခုနားက ဗိုက်ကို ထိုးထားတာကြောင့် အားက ရုန်းလို့ မနိုင်ပေ သူလည်း မျက်ရည်တွေကျကာ သူရှေ့ကာ အရိုက်ခံထိထားနေသော ကလေးကို တချက်ကြည့်ကာ မျက်လုံးအစုံမှိတ်ချလိုက်လေသည် ။
  ထိုအချိန်
  '' ဒိုင်း..... ''
Chae ကို ထိုးကြိတ်နေတဲ့ သူဆီကို သေနတ် တချက်လာထိလေသည် ။ Hanin လည်း လန့်ကာ Jisoo ကို ဆွဲထူကာ သူခါးကြားမှာ ရှိနေသော သေန်ကို ဆွဲထုတ်ကာ Jisoo ခေါင်းကို ချိန်ထားကာ
  Hanin - ဘာကောင်လဲ
Police - လက်နက်ချလိုက်
    Irene နဲ့ ရဲတွေ ရောက်လာတော့ Chae တယောက် လှဲနေရက အတင်းထကာ
  Chae - Hanin လက်နက်ချလိုက်ပါ
Hanin - မချနိုင်ဘူး နင်တို့ ထဲကတယောက်ယောက်သေကို သေရမယ်
  Police -Jung hanin  shi လက်နက်ချလိုက်ပါ
Lisa - Chae ရရဲ့လား
Chae - ရတယ် ဘာမှမဖစ်ဘူး Hanin လက်နက်ချပြီး ကောင်းကောင်း ဖမ်းခံလိုက်ပါ
Hanin - ဖမ်းခံရအောင် ငါ့က အရူးလား ဟား .. ဟား
    Jisoo တယောက် Hanin ကအရူးတယောက်လို စကားပြောနေတာ သတိထားမိကာ သူကို ကိုင်ထားသော လက်ကို ကိုက်ပြီးတော့ ခြေထောက်ကို တက်နင်းကာ Chae ဆီသို့ပြေးသွားလေသည် ။
  Hanin - အား.... မင်း ငါ့ကို ကိုက်တယ်ပေါ့ သေစမ်း
     Haninတယောက် သူလက်ကိုကိုင်ပြီး ထွက်ပြေးသွားသော Jisoo ကို ပစ်ရန် ချိန်လိုက်ချိန် သူကို ပစ်လိုက်သော ရဲများ သူလည်း လှဲကျသွားပြီး
  Hanin - ငါ့ ... ငါ့
     Chaeလည်း jisoo ခန္ဓာကိုယ်လေး ဖက်ကာ နေတုန်း
  ''ဒိုင်း... ဒိုင်း ''
   Lisa တို့လည်း လည်း အနောက်သို့ လှည့်ကြည့်လိုက်တော့ Jisoo unnie ဆီသို့သေနတ်ချိန်ကာ ပစ်လိုက်သော Hanin
ရဲတွေလည်း Haninလက်ထဲက သေနတ်ကို သိမ်းကာ
Hanin - ဟား ... တူတူသေကြတာပေါ့ soo ဟား .. 
   hanin လည်း ခဏကြာတော့ သေဆုံးသွားလေသည် ။
   Chae ကတော့ သူကို ပြုံးကြည့်ကာ သူရင်ခွင်ထဲ ပြုတ်ကျလာသော jisoo ခန္ဓာကိုယ်လေးကို ဖက်ကာ
  Chae - မမ... မဖစ်ဘူး မမ... မဟုတ်ဘူး မမ.. မသေရဘူး ငယ်ကို တယောက်တည်း မထားခဲ့နဲ့ မမ ကို ဆေးရုံကို ခေါ်သွားမယ်နော် မမ.. မသေရဘူးနော် အားတင်းထား
  chae တယောက် Jisoo ခန္ဓာကိုယ်လေးကို ပွေ့ချီကာ အရူးတယောက်လို အပြင်သို့ပြေးထွက်ကာ
Chae - Unnie Irene လူနာတင်ကားခေါ် ပေး
Irene - လာနေဘီ Chae စိတ်လျော့ ထားနော်Soo ဘာမှမဖစ်ဘူး Unnie တို့ သူကို ဆေးရုံးခေါ်သွားကြတာပေါ့
   Chae တို့စကားပြောနေတုန်းာလူနာ တင်ကားရောက်လာတော့ Chae တယောက် Jisoo ခန္ဓာကိုယ်လေးကို ကားပေါ်တင်ကာ
  Chae - မမကို ကယ်ပါဦး
Nurse - စိတ်လျော့ထားပါ
Chae  - မမ အားတင်းထားနော် chae ဆေးရုံခေါ်သွားမယ်နော် ငယ်ကို တယောက်တည်း မထားခဲ့နော်
  Chae လည်း jisoo လက်လေးကိုင်ကာ တလမ်းလုံးငိုကာ လိုက်လာလေသည် ။
—————————————
  ဆေးရုံရောက်တော့ ဆရာဝန်တွေက Jisoo ကို အရေးပေါ်အခန်းထဲသို့ ခေါ်သွားကြလေသည် ။ Chae တယောက် ငိုကာ အရေးပေါ်အခန်းထဲ ဝင်ရန်လုပ်တော့
  Nurse - မိန်းကလေးဝင်လို့ မရပါဘူးရှင့်
Chae - ဘာလို့ ကျမ မိန်းမ ကို ကျမလိုက်ကြည့်ပါပေါ့
  Nurse - မိန်းကလေး ရဲ့ ဇနီးကို ကျမတို့ အေကာင်းဆုံး ကုပေးပါမယ်ရှင့် သူကို ဆွဲထားကြ
    ဆေးရုံက Nurse တွေကိ chae ကို အတင်းဆွဲထားရလေသည် ။ Chae လည်း အားကုန်ကာ ခုံပေါ် ထိုင်ချလိုက်ပြီး အခန်းပြင်ကစောင့်နေလေသည် ။
    ခဏကြာတော့ Irene ရောက်လာကာ Chae ကို ဖက်ကာ
  Irene - စိတ်အေးအေးထားchae လေး soo ကဘာမှမဖစ်လောက်ပါဘူး စိတ်အေးအေးထားနော်
  Chae - Unnie ... မမ ကိယ့်ထဲ ကျည်က နှစ်တောင့်တောင်ဝင်သွားတာ unnie ရယ် ပြီးတော့
    Chae တယောက် စကားပြောရင်း မေ့လဲသွားလေသည် ။
   Irene - တယောက်ယောက် ကူညီပါဦး
Nurse တွေကလည်း အမြန်လာကာ Chae ကို အခန်းတခုထဲသို ခေါ်သွားကာ
   Irene - chae လေး ရယ် ...
    Nurse တွေက သူကိုယ်ပေါ်က ဒဏ်ရာတွေကို ဆေးထည်ုပေးရင်း အားဆေးတွေသွင်းကာ ထားလိုက်လေသည် ။ Irene လည်း chae ကို အခန်းထဲထားကာ Soo အခန်းသို့ လာတော့ IU နု့ Jane က ငိုကာ စိုးရိမ်တကြီး ပြေးလာလေသည် ။
   Jane - Unnie ဘယ်လိုဖစ်တာလဲ Unnie ji ရော
Irene - ခွဲစိတ်အခန်းထဲမှာ
IU - Chae လေးရော
Irene - chae က ဟိုမှာ ထိုးထားတဲ့ အရှိန်နဲ့ ငိုထားတာနဲ့ ပင်ပန်းလို့ မေ့လျော့သွားတာ အခုအားဆေး သွားထားရတာ
Jane - ဒါဆို Jane သူကို စောင့်နေလိုက်မယ် ဒါနဲ့ လုပ်တဲ့ သူကို ဖမ်းမိလား
Irene - အင်း တခြားလူမဟုတ်ဘူး Jung Hanin လေ သူလည်း အဲဒီမှာ တခါတည်း ဆုံးသွားတာ
  iU - Jane က Chae လေးကို စောင့်ပေး Unnie တို့sooကို စောင့်နေလိုက်မယ်
Irene - jane ဟိုလေ chae ကို အဝတ်အစားလှဲပေးလိုက်နော် သေးတွေနဲ့ အမြင်မကောင်းလို့
Jane - အင်း
    Jane လည်း chae အခန်းထဲ ရောက်တော့ အိပ်ယာပေါ်တွင် ဒဏ်ရာပေါင်းမြောက်များစွားဖြင့်အိပ်နေသော Chae သူလည်း ဘေးမှာ လုပ်စရာရှိတာလုပ်ပြီး Lisa ဆီ ဖုန်းဆက်ကာ
  Jane - Lili ဆင်ပြေရဲ့လား
Lisa - ပြေတယ် Jane အဲဒီမှာရော ဆင်ပြေရဲ့လား
Jane - unnie jiက ခွဲခန်းဝင်နေတယ် chae ကတော့ မူးလဲလို့ အခုအားဆေးသွင်းပြီး အိပ်ပျော်နေတယ်
Lisa - အင်း Lili ဒီမှာ လုပ်စရာရှိတာ လုပ်ဦးမယ် ပြီးမှ လာတော့မယ်
Jane - အင်း ဂရုစိုက်နော်
      Jane လည်း ဖုန်းချကာ chae ကို အဝတ်အစားတွေ လှဲပေးရန် ပြင်နေလေသည် ။
------------------------
    ခွဲစိတ်အခန်းရှေ့တွင် Irene နဲ့ IU နှစ်ယောက် ခေါက်တုံခေါက်ပြန် လမ်းလျှောက်နေတုန်း ခွဲခန်းထဲကdoctorအရေးတကြီးထွက်လာကာ သူတို့လည်းdoctorအနားသွားကာ
  Irene - ဆရာအခြေအနေဘယ်လိုလဲဟင်
Doctor - ကျတော်တို့ ကျည်ဆံတော့ ထုတ်ပြီးပါဘီ ဒါပေမဲ့ သွေးကအရမ်းထွက်နေတော့ ကျတော်တို့ သွေးသွင်းရမယ်ဗျာ ဒါပေမဲ့ လိုအပ်တဲ့ သူကဒီမှာ အတော်ရှားတယ်ဗျာ မလုံလောက်ဘူး
Irene - ဘာသွေးလဲ ဆရာ
Doctor - AB သွေးပါ
Irene - ကျမတို့နှစ်ယောက်လုံးက Bသွေး ဘယ်လိုလုပ်ရမလဲ
Jane - Jane မှာ ယူပါ AB သွေးပါ
    Chae အတွက် လူနာ ဝတ်စုံယူနေတုန်းသွေးလိုနေတယ်ပြောနေတာကြောင့် Jane နားထောင်လိုက်တော့ unnie jiက Jane လို AB သွေးတဲ့
Doctor - ကောင်းတာပေါ့ လာဆရာနဲ့ လိုက်ခဲ့
Jane လည်း ဆရာနောက်ကို လိုက်သွားလေသည် ။
   Irene နဲ့ IU လည်း Jane လက်လည်း ဆွဲကာ
IU - ကျေးဇူးပါ Jane
Jane - မလိုပါဘူး chae အဝတ်အစားတွေသွားလှဲပေးလိုက်ပါ
    Jane လည်း ပြောရင်း ခွဲခန်းထဲသို့ ဝင်လိုက်တော့ Unnue ji က ခွဲစိတ်အခန်းထဲမှာ မေ့လျော့နေလေသည် ။ သူလည်း Nurse တွေအနားသွားကာ သွေးသွင်းရန် သွေးစစ်ပြီး Unnie ji အတွက် သွေးယူနေကြလေသည် ။ ခဏကြာတော့ သူလည်း လိုအပ်တဲ့ သွေးပေးပြီး အခန်းထဲကထွက်လာတော့ Unnie Irene တို့က
  Irene - Chae ကို VIP အခန်းထဲရောက်နေဘီ  အဲမှာ သွားအနားယူကြရအောင်နော်
Jane - အင်း
Irene - IU  ခဏစောင့်အုန်း ငါ့Jane က်ု သွားပို့ဦးမယ်
---------------------------
    ခွဲစိတ်အခန်းထဲမှာ မှာ အချန် 3နာရီလောက်ကြာတော့ ခွဲစိတ်ပေးတဲ့ doctor က ထွက်လာလေသည် ။
Irene - Doctor ...
Doctor - ခွဲစိတ်တာအောင်မြင်ပါတယ် ဒါပေမဲ့
IU - ဘာဖစ်လို့လဲ ဟင်
Doctor - ကျည်ဆံကခါးချည်း နှစ်ကြိမ်ထိတော့ အောက်ပိုင်းသေသွားနိုင်တယ်
Irene - ရှင် ...
IU - ပြန်မကောင်းနိုင်ဘူးလား ဆရာ
Doctor - လေ့ကျင့်ခန်းပုံမှန်လုပ်ပေးရင် ပြန်ကောင်းနိုင်ပါတယ် အခုတော့ သီးသန့်အခန်းဖဲ ပြောင်းလိုက်ပါဘီ
Irene - ကျေးဇူးတင်ပါတယ် Doctor
     Doctor လည်း သူတို့ကို ပြုံးပြကာ ထွက်သွားတော့မှ သူတို့လည်း စိတ်အေးကာ ထိုင်ခုံပေါ်ထိုင်ချလိုက်ချိန် Soo မိဘတွေနဲ့ chae ရဲ့ မိဘတွေရောက်လာကြလေသည် ။
  Soo' appa - ဘယ်လိုဖစ်ကြတာလဲ သမီးတို့
Chae 'omma - Omma တို့လည်း Lisa ဖုန်းချက်ချင်းရတာနဲ့ မှီတဲ့ လေယဉ်နဲ့ လာတာ ဆင်ပြေရဲ့လား
Irene - ဆင်ပြေတယ် အန်တီSoo ကတော့ အခုခွဲစိတ်ပြီးလို့ သီးသန့်အခန်းထဲ ရောက်သွားပါဘီ chae လေးကတော့ အခုအားဆေးသွားထားလို့ အခုအခန်းမှာ အိပ်ပျော်နေပါတယ်
Soo' Appa - ဒါဆို chae လေး အနားသွားကြမယ်
Chae 'appa - အင်း
     သူတို့လည်း Chae အခန်းထဲသို့ရောက်တော့ Chae ကကုတင်ပေါ်မှာ အိပ်ပျော်နေလေသည် Jane.ကတော့ ဘေးက ဆိုဖာပေါ်မှာ မှေးနေလေသည် ။
Irene - Jane ...
Jane - Unnie ... ဟင် chae တို့ appa.omma တို့ပါလား
IU  - Jane ရော ဆင်ပြေရဲ့လား
Soo'omma - သမီးလေးကနေမကောင်းဘူးလားသမီး
Jane - ကောင်းပါတယ် အန်တီ ခုနားက unnie jiတွက်သွေးပေးထားလို့ ခဏနားနေတာပါ
Chae ' omma - ဟုတ်လား ကျေစဇူးတင်ပါတယ်ကွယ် နားလိုက်သမီး အန်တီတို့ကို အားမနာနဲ့
Chae ' appa - မိန်းမတို့ ဒီမှာနေခဲ့ကြ ငါ့တို့ Lisa နားသွားလိုက်မယ် သူတယောက်တည်း အကောင်းဘူး
Soo' appa - ဟုတ်တယ် ငါ့တို့ သမီးတွေကိုလုပ်တာ ဒီတသက်ခွင့်မလွှတ်ဘူး
    Appa နှစ်ယောက်က ကျိန်ကာ အခန်းထဲက ထွက်သွားလေသည် ။ ကျန်ခဲ့ သူတွေကတော့
Soo' omma - အောင်မလေး chae လေးရယ် မျက်နှာတခုလုံး ဒဏ်ရာတွေနဲ့ပါလား
Chae ' omma - ဟုတ်ပါ့ ငါသမီးလေးကို လုပ်ရက်ကြတာ ဘယ်သူလဲ သမီးတို့ သူတို့က
Irene - soo ကျောင်းတုန်းက လိုက်ကြိုက်ခဲ့တဲ့သူပါ အဲတုန်းက chae က သူကို ရှက်ခွဲလို့ဆိုပြီး လုပ်တာပါ
Soo' omma - အဲလောက်ယုတ်မာရသလား အခုသူက ဖမ်းမိရဲ့လား
Irene- ပွဲချင်းပြီးဆုံးသွားပါတယ် သူသေခါနီး soo ကို ပစ်ခဲ့တာပါ
Chae 'omma - ကောင်းတယ် တခါတည်းသေသွားတာ အခုတော့ ငါ့တို့ရဲ့ သမီးလေးတွေ ဒဏ်ရာတွေနဲ့
   IU - အန်တီတို့ ပြောစရာရှိသေးတယ်
Soo'omma - ဘာများလဲ ကွယ်
IU - Doctor ပြောတာ ကျည်ဆံက ခါးကို ထိတော့ soo အောက်ပိုင်းသေနိုင်တယ်တဲ့
Chae 'omma - လုံးဝမကောင်းတော့ဘူးလား
IU - လေ့ကျင့်ခန်းလုပ်ရင် ပြန်ကောင်းနိုင်ပါတယ်တဲ့
Soo' omma - အင်း အဖစ်ဆိုးလိုက်တဲ့ သမီးလေးတွေ
    သူတို့လည်း အိပ်ပျော်နေသော chae ကို ကြည့်ကာ ပြောနေကြလေသည် ။

———————/————————
  

ချစ်ခွင့်လေးတော့ ပေးပါ ROSÉWhere stories live. Discover now