PART-13

438 39 3
                                    

  
   Chae တယောက် အလုပ်ကပြန်ကတည်းက မမကိုချော့နေရသည်နဲ့ အိမ်ကအမေတို့နဲ့ စကားပြောနေတာကြောင့် သူ့မေးချင်တဲ့ အရာကို အခုရေချိုးပြီးမှမေးမလို့ မမ ရေချိုးနေတာကို အိပ်ယာပေါ်မှာ ထိုငိစောင့်နေလေသည်။
    ခဏကြာတော့ မမကရေချိုးခန်းမှ ထွက်လာလေသည်။ မမကဘယ်ချိန်ကြည့်ကြည့် အမြဲတမ်းလှနေတော့တာဘဘဲ့ အိမ်ပြင်တောင်မထွက်စေချင်တော့ဘူး လှလွန်းလို့ ။
     Jisooတယောက် ရေချိုးပြီးထွက်လာတော့ သူပယကို အိပ်ယာပေါ်မှာထိုင်ကာ ပြုံးပြီး ကြည့်နေသော ကလေးပေါက်စ ။
  Jisoo- ငယ် ဘာတွေတွေးပြီး ပြုံးနေတာလဲ ပြောပါဦး
  Chae - မမအကြောင်းပေါ့ ဘာအကြောင်းရှိရမှာလဲ
Jisoo - မမအကြောင်းဟုတ်လား ဘာလဲ
  Chae - မမကလှလွန်းလို့ အပြင်သို့မထွက်စေဘဲနေခိုင်းမလားလို့တွေးနေတာ
  Jisoo - အပိုတွေ ရေသွားချိုးတော့ အခု
  Chae - တကာ်ပြောတာကို
  Jisoo - ဟုတ်ပါဘီ
       Chae တယောက် သူကိုမကြည့်ဘဲ အဝတ်အစားလှဲရန်ပြင်နေသောသူအနားသွားကာ နောက်ကနေဖက်လိုက်ပြီး ပေါ်နေတဲ့လည်ပင်းသားလေးကိုတချက်နမ်းကာ ရေချိုးခန်းအထဲသို့ဝင်သွားလေသည် ။
       Jisoo ကတော့ သူကိုနမ်းပြီး ရှက်ကာ ရေချိုးခန်းထဲသို့ ဝင်သွားသောသူကို ပြုံးကာကြည့်ပြီး ဝတ်အစားလှဲကာ ညစာစားရန်အတွက်အောက်သီု့ဆင်းလာတော့သည် ။
     သူအောက်ထပ်သို့ဆင်းလာတော့ အဒေါ်ကြီးတို့ကသူကို ပြံုးကာကြည့်နေကြတော့ Jisoo လည်း သူတို့အနားသွားကာ
   Jisoo - အဒေါ်ကြီး ဘာတွေသဘောကျလို့ပြုံးနေတာလဲ
  အဒေါ်ကြီး - သမီးလေး ဆင်ပြေသွားဘီ ကိုသတင်းကြားလို့ အဒေါ်ကြီးပျော်လို့ ပြုံးနေတာပါ
  Jisoo - ဟုတ်လား ဟား ဟား အခုတော့ အဒေါ်ကြီးတို့ အနားယူတော့လေ ကျမတို့ကိုယ့်ဘာသာ စားယူတော့မယ်
   အဒေါ်ကြီး - ဟုတ် ဒါဆိုအဒေါ်ကြီးတို့ အနားယူတော့မယ်နော်
    အဒေါ်ကြီးလည်းကောင်မလေးတွေ ခေါ်ပြီး အနားယူရန်ထွက်သွားတော့ မှ Jisoo လည်း သူ့ကလေးဆင်းလာရင် အဆင်အသင့်ဖစ်နေအောင်လုပ်ဖို့ ညစာ အခန်းထဲဝင်ကာ ပြင်ဆင်နေတော့သည်။
     Chae တယောက်ရေးချိုးပြီးလို့ ထွက်လာတော့ မမကအခန်းထဲမှာမရှိ ညစာစားရန်အောက်သို့ဆင်းသွားထင်လို့သူလည်း အဝတ်အစားလဲကာ အောက်သို့ ဆင်းလာလေတော့သည်။ သူအောက်သို့ရောက်တော့ အစားစရာတွေအဆင့်သင့်ဖစ်နေလေသည်။
Jisoo - ငယ် .. ရောက်လာဘီလား လာ ညစာစားကြမယ်
Chae - ဟုတ်
နှစ်ယောက်သား ညစာကို စားသောက်နေကြတော့သည် ။ ခဏကြာ စားလို့ Jisooက ပန်းကန်များကို ဆေးကြောနေတော့ Chae က သူမအနောက်သွားကာ ခါးလေးကိုဖက်လိုက်ပြီး
Chae - မမ.. ဘာလို့ ပန်းကန်ဆေးနေတာလဲကွာမနက်ကျ ကောင်မလေးတွေဆေးမှာပေါ့
Jisoo - သူတို့နဲနဲသက်သာအောင်လို့ပါ ပြီးတော့မှာ ဖက်ထားတာ ခွာပါဦး
Chae - မခွာပါဘူး ဖက်ထားမှာ
Jisoo - မင်းဖက်ထားတော့ ငါ့လုပ်ရတာဆင်မပြေဘူးလေ သွား ဧည့်ခန်ူထဲကို TV တူတူ ကြည့်ကြမယ် အဲချိန်စားဖို့ သစ်သီးတွေယူထားသွား လိမ္မာတယ် မရဲ့ ကလေးလေးက
Chae -ဟွန့်....
    Chaeဆယောက်ဆူပုတ်ကာ ဧည့်ခန်းသို့သွားကာ ပြင်ဆင်စရာရှိတာတွေပြင်ရင်း tv ကြည့်ကာ သူ့မမကိုစောင့်နေလေတော့သည်။ခဏကြာတော့ jisooလည်း ထမင်းစားခန်းတွင်းမှထွက်လာကာ Tv ကြည့်ရန်ဧည့်ခန့်သို့ လာလေသည်။
   Jisoo - ငယ် .. မမပြီးဘီ
Chae - ဒီကိုလာ ငယ်ရင်ခွင်ထဲလာကြည့်
Jisoo - အင်းလာဘီ ဘာကားကြည့်နေတာလဲ
Chae - ဒီအတိုင်း လာတဲ့ကားကြည့်နေတာ ဘာကားကြည့်ချင်တာလဲ မမက
Jisoo - သရဲကားကြည့်ကြမယ် ' THE NUN' ကားလေ အခုအသစ်ထွက်နေတဲ့ဟာ
  Chae - ဟာ ကြောက်စရာကြီးမမကလည်း
Jisoo - မကြောက်ပါနဲ့ မမရှိတယ် ဟဲ .. ဖွင့်လိုက်
       Chae တယောက် သရဲဇတ်ကားတွေဆိုကြောက်သော်လည်း မမကကြည့်ချင်တဲ့လဆိုလို့ ဖွင့်လိုက်ပြီး မမကို သူ့ရင်ခွင်ထဲထည့်ကာ ကြည့်နေလိုက်တော့သည် ။
    Jisoo - အား!!!!!! ငယ် !! သရဲထွက်လာဘီ
Jisooတယောက် မကြောက်ဘူးဆိုပြီး အခုတော့ Chae ရင်ခွင်ထဲမှာခေါင်းတောင်မပေါ်ဘဲ ကြောက်လို့ ပုန်းနေလေသည်။
  Jisoo - ငယ် .. ပိတ်လိုက်တော့ မကြည့်ချင်တော့ဘူး ကြောက်စရာကြီး
  Chae - ပြောတော့ မကြောက်ဘူးဆို
Jisoo - သရဲကားဆိုတော့ ရိုးရိုးကားဘဲ့ ထင်တာပေါ့လို့ အခုကသွေးတွေနဲ့ မကြည့်နဲ့တော့ မမကြောက်တယ်
  Chae - ဟုတ်ပါဘီ မကြည့်တော့ ဘူး ကာတွန်းကားကြည့်အာဆို
Jisoo - အင်း ကြောင်နဲ့ ကြွက် ဖွင့် ဟီး...
  Chae တယောက် ကာတွန်းကားဖွင့်ပေးပြီး သူ့မေးရန်ရှိသော အရာကိုမေးရန်ပြင်လေသည်။
Chae - မမ မေးစရာရှိတယ်
Jisoo - မေးလေ ဘာမေးမလို့လဲ
  Chae - ဟို Lisa က ငယ်ကိုပြောတယ် မမနဲ့ ဆင်ပြေသွားအောင် သူတို့လုပ်ပေးထားတဲ့ အဲတာ ဟုတ်လား
Jisoo - အင်း .. အယ် နေပါဦး ဘာကိုလဲ
Chae  - မလိမ်နဲ့ မမအမှန်တိုင်းပြော
Jisoo - မလိမ်ပါဘူး စိတ်အေးထား အမှန်တော့ ဒီခဒလို ( ဟို အရှေ့ပိုင်းတွေမှာ Chae ဖွင့်ပြောလာအောင် လုပ်ထားတာတွေပြောပြလိုက်တယ် )
Chae - ဒါဆို အဲကောင်လေးက  Gay ပေါ့ ဟုတ်လား
Jisoo - အင်း သူဘေးကကောင်လေးက သူချစ်သူလေ
  Chae - ဟူး အခုမှဘဲ့ စိတ်အေးတော့တယ်
Jisoo - ဘာလို့လဲ
Chae - မမကို လုယူသွားမှာစိုးလို့
Jisoo - ဟား ဟား
နှစ်ယောက်သား TV ကြည့်ပြီး ညနက်မှ အိပ်ယာ ဝင်သွားကြလေသည် ။

ချစ်ခွင့်လေးတော့ ပေးပါ ROSÉWhere stories live. Discover now