မနက်မိုးလင်းရောက်သော် chae တယောက်ပြတင်းပေါက်က ဝင်လာသော နေရောင်ကြောင့်နိုးလာလေသည်။ သူနိုးလာတော့ ဘေးက သူ့မမကို စမ်းကာ ရှာဖွေနေလေသည် ။
Jisoo - ဘာရှာနေတာလဲ ထတော့ နိုးရင်
အခုမှရေချိုးပြီးလို့ ရေချိုးအခန်းထဲကထွက်လာသော jisoo ကပြောနေလေသည်။
Chae - မထချင်ဘူး အိပ်ချင်သေးတယ်
Jisoo - လုပ်မသွားဘူးလားဒါဆို
Chae - တခါတလေလေးနားလို့ဘာမှမဖစ်ပါဘူး
Jisoo - အာဆို နား တို့တော့ အလုပ်သွားဖို့ ပြင်ဆင်ဦးမယ်
Chae - ငယ် မမနောက်လိုက်ချင်တယ်
Jisoo - ဘာလိုက်လုပ်မှာလဲ
Chae - မမအနားတနေ့လုံးနေချင်လို့ ဆိုင်ကိုမသွားချင်ဘူး စိတ်ရှုပ်လို့
Jisoo - မင်း ကြိုက်လို့ ဖွင့်ထားတာမဟုတ်ဘူးလား
Chae - အရင်ကတော့ အခုကမကြိုက်တော့ဘူး
Jisoo - ဘာလို့လဲ
Chae - မမသိလား ဟိုchae ကျောင်းတုန်းကရည်းစားလေ
Jisoo - ဘယ်သူလဲ Jung soyeon လား
Chae - အင်း သူလေ ဆိုင်နေတိုင်းလာပြီး ဘာတွေလာလုပ်နေမှန်းမသိဘူး
Jisoo - ဘာလုပ်လို့လဲ ငယ်လေးကို သူက
Chae - မသိဘူး ညတုန်းကကလပ်ကိုသူခေါ်လို့ ပြီးတော့ Lisa တို့ကိုအားနာလို့
Jisoo - အားနာလို့ ဟိုမှာပျော်ဆုံးက ငယ်လေးထင်တယ်နော်
Chae - ဟင်မမဘယ်လိုသိတာလဲ
Jisoo - ရော အဲဖုန်းထဲကဟာကြည့်ကြည့်
Jisoo သူဖုန်းထဲကVideo ကို ဖွင့်ပြီး chae ဆီပစ်ပေးလိုက်သည် ။ Chaevလည်း Vd ကိုကြည့်ကာ အံ့ဩသော မျက်နှာဖြင့်
Chae - မမဆီဒီဟာက ဘယ်လိုရောက်လာတာလဲ
Jisoo - မသိဘူး ညက အမည်မသိတဲ့သူတယောက်ကပို့ပေးတာ
Chae - မမဟိုလေ မမမြင်တာ တကယ်တော့
Jisoo - ဘာလဲ မဟုတ်ဘူးလို့ ငြင်းမလို့လား
Chae - မဟုတ်ဘူး မမမြင်သလို သူကို နမ်းနေတာမဟုတ်ဘူး သူကူညီတောင်းလို့
Jisoo - ဘယ်လို ကူညီတောင်းတယ် ဘာဖစ်လို့
Chae - သူကChae ကနေတဲ့ အနားလာပြီး တူတူကမယ်တဲ့ Chae အစကငြင်းပါသေးတယ် ပြီးနောက်သူကပြောတယ် သူကိုလိုက်နှောက်ယှက်နေတဲ့ သူရှိတယ်တဲ့ သူကို ရည်းစားရှိသလိုဟန်ဆောင်ပေပါတဲ့ Chae လည်း မယုံလို့ လှည့်ကြည့်လိုက်တော့ ကောင်လေး၂ယောက် Chae တို့ကိုစောင့်ကြည့်နေတာ အဲတာကြောင့်
Jisoo - အဲတာကြေင့် ကူညီပေးလိုက်တာပေါ့
Chae - အင်း ကူညီယုံသက်သက်ပါ တခြားဘာစိတ်မှမရှိပါဘူး ယုံပါ
Jisoo - မင်းကူညီတဲ့ သူက မင်းရဲ့ ရည်းစားဟောင်းလေ ပြီးတော့ မင်းရမ်းချစ်တဲ့ သူလည်းဖစ်တယ် ငါ့မနေ့ညကတည်း ဒီဟာ တွေ့ပြီး ဘယ်လောက် စိတ်တိုခဲ့ရလဲငိလား
Chae - တောင်းပန်ပါတယ်
Jisoo - မတောင်းပန်နဲ့ ပြီးတော့ မင်း ရောက်လာတော့ သူက အိမ်လိုက်ပို့တယ် ငါ့မှာ ဘယ်လောက်စိတ်တို့ခဲ့ရလဲသိလား
Chae - ငယ်တောင်းပန်ပါတယ် မမရယ်နော် ငယ်နောက်တခါ သူနဲ့ မပက်သက်တော့ပါဘူး ပြီးတော့ Chae ချစ်တာ မမတယောက်တည်းပါ
Jisoo - မယုံဘူး မင်းကို စိတ်ဆိုး တယ် လာမခေါ်နဲ့
Chae - မမ... တောင်းပန်တယ်လို့ မမ
Jisoo - မျက်နှာသစ်မှာမလား သွားသစ်
Chae - သစ်ပြီးတဲ့ အထိ စောင့်နေနော် မနက်စာတူတူစားကြမယ် ပြီးတော့ company လည်းလိုက်မှာ
Jisoo - မလိုက်နဲ့
Chae - ဟာ မမ ငိုမှာနော်
Jisoo - နေခဲ့ ငိုပြီး မနက်စာ ဆင်းစားတော့မယ်
Chae - မမလို့ စောင့်နေနော် မစောင့်ရင် သိတယ်မလား ငယ်အကြောင်း
Jisoo -မသိပါဘူး
Jisoo တယောက် အခန်းထဲမှာတယောက်တည်း ထားခဲ့ကာ အောက်သို့ ပြုံးကာ ဆင်းလာလေသည် ။
** အရူးလေးဘယ်လိုလေးမှန်းအသိ ငါ့စိတ်ကောက်လို့ ချော့တာတဲ့ ငိုတော့မဲ့ မျက်နှာနဲ့ **
တကယ်တော့ Jisoo တကယ် စိတ်မဆိုးပါ သူကို အသည်းသန်ချော့နေသော သူကြောင့် စိတ်ကောက်ဟန်ဆောင်ခဲ့တာပါ။ မနေ့ညက ဒီVd ပို့တုန်းက စိတ်ဆိုးပေမဲ့ ငယ်လေးက ဒီလိုလူမဟုတ်ကြောင်းသိတော့ သိပ်တော့ မဖစ် မနက်ဖြန်မှ ဖြေရှင်းမယ်လို့ တွေ့ပြီးနေတော့ သူကအိပ်ယာ နိုးတာနဲ့ အဲကောင်မလေးနဲ့ မပက်သက်ချင်ကြောင်းပြောနေတော့ စိတ်ဆိုးနေတာ လုံးဝကို မရှိတော့တာပါ ။
——————————————————
Chae တယောက် သူ့ကိုစိတ်ကောက်သွားသော သူကိုချော့ရန် ရေမြန်မြန်ချိုးပြီး အဝတ်အစားအမြန်လဲကာ အောက်သို့ ဆင်းလာတော့ ဧည့်ခန်းထဲတွင် သတင်းစာဖတ်နေသော မမ
Chae - မမ ငယ်ပြီး ဘီ မနက်စာစားကြမယ်
Jisoo - မစားပါဘူး
Chae - စိတ်မကောက်နဲ့တော့နော် ကလေးလေးလို လာ ငယ် ခွံကျွေးမယ် လာလို့ မမနော်
Chae တယောက် သူ့မမကို ကောက်ချီလိုက်တော့ jisoo တယောက်လန့်ကာ
Jisoo - ငယ် ... ဘာလုပ်တာလဲ အောက်ချပေး အဒေါ်ကြီးတို့ ရှိတယ်လေ ချပေးလို့
Chae - စိတ်ကောက်ပြေရင် ချပေးမယ်
Jisoo - ပြေဘီ ချပေးတော့
Chae - တကယ်လား
Jisoo - တကယ် ချပေးတော့
Chae လည်း မချပေးဘဲ ထမင်းစားခန်းထဲထိ ချီသွားကာ မနက်စာစားသည့် နေရာရောက်မှ ခုံမှာ ချပေးလေသည် ။ အဒေါ်ကြီးတို့ကတော့ ပြုံးကာ ကြည့်နေကြတော့သည် ။
Chae - ရော ဒီမှာ မမကြိုက်တဲ့ မုန့် များများစားနော်
Jisoo - အင်း
chae တယောက်သူ့မမကို ကလေးတယောက်သဖွယ်မုန့်ခွံကျွေးလိုက် ကော်ဖီတိုက်လိုက်နဲ့ သူတယောက်တည်း အလုပ်ရှုပ်နေလေသည် ။
————————————-
မနက်စာ စားပြီးတော့ Jisoo ကတော့ အပေါ်သို့တက်ကာ အဝတ်အစားလှဲနေသည် ။ သူအဝတ်အစားလှဲနေတုန်း နောက်ကတစုံတယောက် လာဖက်တာကို ခံစားရသည် ။
Chae - မမကို ဒီလို နေ့တိုင်း အချိန်တိုင်းဖက်ချင်နေတာသိလား
Jisoo - အပိုတွေ
Chae - မပိုပါဘူး လိုတောင်လိုနေသေးတာ Chae လိုက်မှာနော် Company ကို
Jisoo - ဘာလိုက်လုပ်မှာလဲ Company ရောက်ရင် မမက ငယ်လေးကို ဂရုစိုက်အားမှာမဟုတ်ဘူး နောက်လကျရင် ရှိုးအတွက် အင်္ကျီဒီဇိုင်းလုပ်နေရလို့
Chae- ရတယ် ငယ်လေး မမအနားနေချင်ယုံဘဲ့ ဘာလဲ မမက ငယ်လေးကို မခေါ်ချင်ဘူး
Chae တယောက် စိတ်ကောက်သလို နှုတ်ခမ်းလေးဆူကာ ကုတင်ပေါ် သွားထိုင်နေလေသည် ။
Jisoo - ကလေး လိုလုပ်မနေနဲ့ လိုက်မှာဆို အဝတ်လှဲ
Chae - ဟုတ် အဲတာကြောင့်မမကို ချစ်နေရတာ
Jisoo - အပိုပါနော် ညတုန်းက သူလိုချင်ရတာနဲ့ လူကို ချစ်တယ်လို့ မပြောဘဲ အိပ်သွားပြီးတော့
Chae - ဟုတ်လား ဟီး တောင်းပန်ပါတယ် မောလဲမော မူးလဲမူးနေတော့
Jisoo - အင်း အခုတော့ အဝတ်အစားလဲတော့ အောက်မှာစောင့်နေမယ်
Chae - အင်း
Jisoo လည်း အဝတ်အစားလှဲပြီး အလုပ်အတွက်လိုအပ်တာတွေယူပြီး အောက်သို့ ဆင်းကာ ဧည့်ခန်းမှာထိုင်စောင့်နေလေသည် ။
ခဏကြာတော့ Chae တယောက် ပြင်ဆင်ပြီးလို့ အောက်သို့ ဆင်းလာလေသည် ။
Chae - မမ ဘယ်လိုလဲ ငယ်ဝတ်ထားတာ ဆင်ပြေရဲ့လား
Jisoo တယောက် နောက်လှည့်ကြည့်လိုက်တော့ သူစကားပြောဖို့တောင်မေ့တဲ့အထိ ငယ်လေးက လှပြီး ဆွဲဆောင်မှုအပြည့်နဲ့ မိန်းကလေးလို့ မထင်ရအောင် ယောကျာ်းလေး ဆန်နေတာပါ
Chae - မမ... မမလို့
Jisoo - အင်း ပြောလေ
Chae - ငယ်လေးဝတ်လာတာ ဆင်ပြေရဲ့လားလို့
Jisoo - ဆင်ပြေတယ် လာသွားကြမယ်
Jisoo လည်း Chae လက်မောင်းလေးကို ချိတ်ပြီး အလုပ်သို့ သွားရန် ကားဆီသို့ ထွက်လာလေသည် ။ ကားဆီရောက်တော့
Chae - တက် ဒီနေ့ ငယ် မောင်းမယ် မမကဘေးက လိုက်
Jisoo - အင်း
Jisoo လည်း ဘာမှမပြောဘဲ ပြုံးကာ ကားပေါ်သို့တက်သွားလေသည် ။ Chae ကတော့ မောင်းသူနေရာဝင်ထိုင်ကာ သူမမလက်လေးကို ကိုင်ကာ အလုပ်သို့ထွက်လာလေသည် ။
ကားပေါ်၌ jisoo တယောက် ဘေးက ပြုံးကာ သူ့ကလေးကြည့်ပြီး လိုက်လာလေသည် ။
Chae - ငယ်လေးချောတာသိပေမဲ့ အဲလောက်ထိမကြည့်ပါနဲ့
Jisoo - ငယ်လေးက ကြည့်ကောင်းနေလို့လေ
Chae တယောက် jisoo ပြောကြောင့် လက်လေး ကို တချက်နမ်းကာကားကို ဂရုတစိုက် မောင်းနေလေသည် ။
——————————————
သူတို့ ကားနောက်က ကားတစီးလိုက်နေတာကိုတော့ ဘယ်သူ့မှသတိမထားမိခဲ့ကြပေ ။
'' ဆရာ ... ဒီနေ့ နှစ်ယောက်တူတူ company လာတယ် ဆရာ ဘယ်လိုလုပ်ရမလဲ ''
'' စောင့်ကြည့်ထား လုံးဝမလွှတ်စေနဲ့ ''
---------------------------------
Chae တို့လည်း Company ရောက်တော့မှ်ယောက်သား ရုံးခန်းထဲသို့တက်လာကြသည် ။
ရံုးခန်းရောက်တော့ IU ကအရေးတကြီး ပြေးလာကာ
IU - CEO ... ပြသာနာတက်ဘီ
Jisoo - ဘာဖစ်လို့လဲ ငါ့ရုံးခန်းထဲသွားကြမယ်
jisoo နဲ့ IU လည်း ရုံးခန်းထဲသို့ ဝင်သွားတော့ Chae လည်း Jisoo အိတ်ကို ဆွဲကာ အခန်းထဲသို့ လိုက်ဝင်သွားလေသည် ။
ရုံးခန်းထဲသို့ရောက်တော့ Jisoo က ခုံတွင်ထိုင်ကာ
Jisoo - ပြောဘာဖစ်နေတာလဲ
IU - Jung company သိတယ်မလား
Jisoo - အင်း Hanin တို့ Company မလား
IU - မနက်ကအဲCompany က ဒီဇိုင်းတွေက ကျမတို့ နောက်တပတ်ပြုလုပ်မဲ့ ပွဲရဲ့ ဒီဇိုင်းတွေနဲ့ တူနေတယ်
Jisoo - ဘယ်လို .. ဘယ်လိုပြောလိုက်တယ်
IU - ဟုတ်တယ် အဲတာ အခုသတင်းတွေတက်နေတယ် ဒီမှာကြည့်
Jisoo လည်း IU ပေးလာသော ဖုန်းကို ကြည့်လိုက်တော့
'' ကျတော်တို့ Company ကအခုတင်ဆက်ပေးထားတဲ့ ဒီဇိုင်းတွေကို သဘောကျလိမ့်မယ်လို့ ထင်ပါတယ် အခုလို ဒီဇိုင်းတွေကို ဆွဲပေးတဲ့ ဒီဇိုင်းနာများကိုလည်း အထူး ကျေးဇူးတင်ပါတယ် ''
Jisoo - ငါ့တို့ ဒီဇိုင်းတွေနဲ့ ကွက်တိပါလား ဘယ်လို ဖြစ်တာလဲ
IU - ကျမတို့က ဒီဇိုင်းတွေက သေချာ မထုတ်ရသေးဘူး တခုခုများမှားနေသလား Soo
Chae - ဆင်ပြေရဲ့လား မမ
Jisoo - မပြေဘူး ငယ် နောက်တပတ်ထုတ်မဲ့ ဒီဇိုင်းတွေအကုန် Copyထားတယ်
Chae - ငယ်ကို ဒီဇိုင်းဆွဲထားတဲ့ ဟာတွေပြပါလား
IU - ဒီမှာ Chae
IU လည်း ကွန်ပြူတာကို chae ကို ပေးလိုက်သည် ။
Chaeလည်း ကွန်ပြူတာကို ကြည့်လိုက်တော့
Chae - Hack ခံထားရတဲ့ ဒီမှာကြည့်
Chae လဲ ကွန်ပြူထဲကဟာတွေပြပြီးတော့
Jisoo - ဘယ်လိုလုပ်မှာအခု
Chae - ငယ် ကြည့်ပေးမယ်
Jisoo - IU ဒီဇိုင်းတွေအသစ်လုပ်ဖို့ အစည်းအဝေးလုပ်ကြမယ် ခဏနေ လူစုထား
IU - အင်း
Jisoo - ငယ် ဘာသောက်မှာလဲ
Chae - ရတယ်မမ ငယ် ပြီးအောင်လုပ်ဦးမယ်
Jisoo - အင်း မမ လုပ်စရာရှိတာလုပ်ဦးမယ်
Chae တယောက် ကွန်ပြူတလုံးနဲ့ အလုပ်ရှုပ်နေတာ သူမမကို တောင်မကြည့်အား နေ့လည်ရောက်မှ
Chae - မမ...
chae ခေါ်လိုက်တော့ jisoo ကအခန်းထဲမှာမရှိပေ။
Chae- အစည်း အဝေးသွားတာထင်တယ်
Chae လည်း အခန်းထဲ ဝေ့ပတ်ကာ လျှောက်ကြည့်နေမိသည် ။ ခဏကြာတော့
Jisoo - ငယ် ပြီးဘီလား
Chae - အင်း ပြီးဘီ သူတို့ဖက်ကလူဒီမှာရှိတာနေမယ်မမ အကုန် ကူးသွားတာ
Jisoo - ဟုတ်လား ဘယ်သူလဲတွေ့ကြသေးတာပေါ့
Jisoo - IU အခန်းထဲခဏလာခဲ့
Jisoo လည်း IU ခေါ်ပြီး ဆိုဖာပေါ်ထိုင်ချကာ IU လာမှာကို ထိုင်စောင့်နေမိသည် ။
ခဏကြာတော့ IU လည်း အခန်းထဲဝင်လာတော့
Jisoo - ရောက်ဘီလား ငါ့ကို ဒီဇိုင်း ဌာနမှာ ရှိတဲ့ လူအကုန်လုံးဒီခေါ်ခဲ့
IU - ဘာဖစ်လို့လဲ
Jisoo - ခေါ်သာခေါ်ခဲ့ အကုန်လုံးနော် တယောက်မှမကျန်စေနဲ့
IU - အင်း
IU လည်းခေါင်းညိမ်ပြပြီးအပြင်သို့ ထွက်သွားလေသည် ။
Jisoo ကတော့ ဘာမှမပြောတော့ဘဲ ဆိုဖာပေါ်ထိုင်ကာ ခေါင်းကို အောက်ကို စိုက်ကျကာနေလေသည်။
Chae လည်း Jisoo အနားသွားပြီး သူရင်ခွင်လေးထဲ ဆွဲထည့်ကာ
Chae - စိတ်မပူပါနဲ့ ငယ် အစွမ်းကုန်ကူညီမယ်နော်ပြီးတော့ ဒီဇိုင်းတွေက နဲနဲပြင်လိုက်ရင် အသစ်ဖြစ်ဘီလေ ငယ် ကူညီမယ်
Jisoo - ငယ်ကူညီလည်း ရှိုးပွဲက နောက်တပတ် အချိန်မရှိတော့ဘူး
Chae - စိတ်မပူနဲ့ ငယ်ကိုယုံဟုတ်ဘီလား
Jisoo - အင်း အဲတာကြောင့်ချစ်နေရတာ
Chae - ဟုတ်ပါဘီ ဗျာ ဒီကလည်း ချစ်ပါတယ်
သူတို့နှစ်ယောက် တယောက်ကိုတယောက်ဖက်ကာ နေတုန်း တံခါးခေါက်သံကြောင့် ကိုယ်တွေခွာကာ
Jisoo - ဝင်ခဲ့
IU နဲ့ ဒီဇိုင်းဆွဲတဲ့ ဌာနကလူတွေဝင်လာတော့ Chae က ခုံမှထသွားကာ ဘေးက နေရာလွတ်ကာ သွားထိုင်နေလေသည် ။
Jisoo - လာကြ အကုန်လုံးလား IU
IU - ဟုတ် မလာတဲ့သူမရှိပါဘူး
Jisoo - အင်း ဒီမှာ ငါ့ပြောစရာရှိတယ်
ဝန်ထမ်းများ - ဟုတ်
Jisoo - ငါ့တို့ company က ဒီဇိုင်းတွေ Copy ခံထိတာ သိပါတယ်နော်
ဝန်ထမ်းများ - ဟုတ်
Jisoo - အေး ဒါပေမဲ့ Copy ခံထိတာ သူတို့ hack တာမဟုတ်ဘူး ငါ့တို့ အထဲကတယောက်ယောက်က Copy ယူပြီး သူတို့ကိုပေးသွားတာ ငါ့အကုန်သိဘီ ဒါပေမဲ့ ဘယ်သူပေးလိုက်တာဆိုတာ မသိသေးဘူး ငါ့ကမင်းတို့ကို ယုံကြည့်လို့ လစာကောင်းကောင်းနဲ့ ဆင်ပြေအောင်ထားပေးတယ် အေးအခုတော့ နင်တို့ ငါ့ကို ဘာလုပ်ကြတာလဲ ဘယ်သူလုပ်တာလဲဆိုတာ နင်တို့ပြောမှာလား ငါ့စုံစမ်းရမှာလား ငါ့စုံစမ်းမှ သိရတာဆိုတော့ မလွယ်ဘူးနော် ဘယ်သူလုပ်တာလဲ ဖြေကြ
Chae - စိတ်လျော့ မမ
Jisoo - ဘယ်သူလုပ်တာလဲ !!!!!
Chae - မင်းတို့ လုပ်ထားရင် ဖြေကြနော် ပြီးမှ ငါ့ဆိုးမဆိုနဲ့
ဝန်ထမ်း - ဟို ကျတော်... ကျတော်
Chae - မင်းလုပ်တာလား
ဝန်ထမ်း - ဟုတ် ကျတော်ကို ခိုင်းလို့ လုပ်ရတာပါ
Chae - ဘယ်သူခိုင်းတာလဲ
ဝန်ထမ်း - ကျတော် လည်းသေချာမသိပါဘူး
Chae - မင်းသေချာမသိဘဲနဲ့ ဒီလိုလုပ်ရတာလား
ဝန်ထမ်း - ကျတော် ဟိုနေ့က အလုပ်ကပြန်တော့ လူနှစ်ယောက်က ကျတော်ကို ဖမ်းခေါ်သွားပြီး အင်္ကျီဒီဇိုးတွေပေးလို့ပြောပါတယ် ကျတော်လည်း မပေးဘူးလို့ပြောတော့ မင်းမိသားစု ကိုမြင်ချင်သေးလာတဲ့ ကျတော်လည်း အစကမယုံဘူးဆိုတော့ ငြင်းတော့ သူက ကျတော် မိသားစုကိုအိမ်မှာ ကြိုးတုပ်ကာ ထားထားတော့ ကျတော်ပေးလိုက်ရတာပါ
Chae - အဲလူတွေနာမည်သိလား
ဝန်ထမ်း - မသိပါဘူး ဒါပေမဲ့ မှာ ကျားပုံ တက်တူးတွေ လက်ကောက်ဝတ်နားမှာ ရှိနေကြတယ်
Chae - ဟုတ်လား မင်းက မိသားစုနဲ့ ခြိမ်းခြောက်ပြီး လုပ်တော့ ပေးလိုက်တာ ငါ့ပြစ်မပြောလို့ဘူး သွားလို့ရဘီ အကုန်လုံး
ဝန်ထမ်းအားလုံးထွက်သွားတော့မှ Irene နဲ့ jane ကရေကြီးသုတ်ပြာဝင်လာလေသည် ။
Irene - Soo ဒီဇိုင်းတွေ Copy ထိဆို ဟုတ်လား
Jane - အင်း jane က company ရောက်နေပေမဲ့ ဟိုဖက်ကို တခါတည်းသွားတော့ သေချာမသိဘူး အခုသတင်းကြားလို့ လာရတာ
Chae - ဟုတ်တယ် ဝန်ထမ်းကောင်လေးကို ခြိမ်းခြောက်ပြီး လုပ်တာ
Jisoo - အဲ ကျားတက်တူးက ဂိုဏ်းတွေမှာရှိတာမလား အခုက Hanin ကသူcompany မှာ ထုတ်တာဆိုတော့
IU - သူဘဲ့ ခိုင်းတာထင်တယ်
Jisoo - အဲကိစနောက်မှ လုပ်ကြရအောင် အခုက ဒီဇိုင်းတွေက အသစ်ဆွဲရမှာလေ အချိန်ကမရှိတော့ဘူး
Chae - ငယ်လည်း ကူဆွဲပေးမယ်
Jisoo - ဘယ်လို ငယ်က
Chae - အင်း chae ကငယ်ငယ်လေးထဲကပုံဆွဲတာဝါသနာပါတာ ပျင်းလို့ မဆွဲတာ အခုကိစကို ငယ်တာဝန်ထား
Jisoo - သေချာရဲ့လား
IU - soo လုပ်ကြည့်ရအောင် chae က အသစ်ဆွဲမှာဆို ဆင်ပြေလောက်မယ်
Irene - ငါ့ဘာကူညီရမလဲ
Chae - Unnie Irene နဲ့ jane ပုံဆွုတာဝါသနာပါလား
Jane - တို့တော့ မဆွဲတက်ဘူး ဒါပေမဲ့ ပုံစံတွေတော့ ပြောပြတက်တယ်
Irene - ငါ့ဆွဲတက်တယ်
Chae - ဟုတ်ဘီ ဒါဆို chae တို့ သုံးယောက်က ဒီဇိုင်း ဆွဲမယ် မမတို့ က ပွဲတွက်အကုန်ပြင်ဆင်ကြ
Jisoo - အင်း IU ပွဲစီစဉ်သူတွေကို အစည်းအဝေးခေါ်လိုက်
IU - အင်း
IU လည်း အခန်းပြင်သို့ အလျင်အမြန် ထွက်သွားလေသည် ။
Chae တို့လည်း အချိန်ဆွဲမနေဘဲ့မြန်မြန်လုပ်လုပ်ရန် စီစဉ်ချနေကြတော့သည် ။
—————————————
Chae တို့ အခုဆို ထိုင်လိုက် ထလိုက် ပုံဆွဲလိုက်လုပ်နေတာ အခုဆို ညနေတောင်ရောက်လို့နေလေသည် ။ နေလည်စာတောင် Lisa က မုန့်တွေလာပို့ပေးသွားလို့ နေလည်စာ စားခဲ့ ကြပြီး Company တခုလုံး အလုပ်ရှုပ်နေကြလေသည် ။
Jisoo - ကဲ ညနေရောက်ဘီဆိုတော့ နားကြတော့လေ
Jane - မပြီးဘဲနေမှာပေါ့Unnie ရာ
Chae - ဟုတ်တယ် ဒီနေ့ပုံတွေ ဒီနေ့ အကုန် ဆွဲလို့ပြီးရင် မနက်ကျ ချုပ်လိုက်ယုံပေါ့
Jisoo - ချုပ်ပေတဲ့ သူက ဒီလောက်မြန်မြန်ပြီးမလား စိတ်ပူသေးတယ်
Irene - မပူနဲ့ ငါ့Company ကလူတွေအကုန်ခေါ်ထားတယ် မနက်ကျ co.pany ကလူတွေဒီလာလိမ့်မယ်
Jisoo - အကုန်လုံးလား
Irene - အင်း ကူညီသင့်တဲ့ နေရာမှာ ကူလို့ရအောင် ပြီးတော့ မော်ဒယ်တွေကလိုသေးတယ် နော်
Jisoo - ဘယ်နယောက်လဲ IU
IU - များကြီးတော့ မလိုတော့ပါဘူး အခုက၂၀လောက်ရှိနေဘီဆိုတော့ Irene က နှစ်ယောက်လောက်ထပ်ထည့်ဦးဆိုလို့
Jisoo - အဲနှစ်ယောက် ဘယ်လိုရှာရမလဲ ငါ့တော့ ခေါင်းမီးလောင်နေဘီ
Irene - ငါ့မှာ တွေးထားတဲ့ နှစ်ယောက်ရှိတယ်
Jisoo - ဘယ်သူလဲ သိရင် ရအောင်ခေါ်ကြရအောင်
Irene - ရလောက်ပါတယ် တခြားလူတွေမှမဟုတ်တာ
.Jisoo - ဘယ်သူတွေလဲ
Irene - ဟို Chae နဲ့ Lisa ကို ထည့်မလားလို့ ဟိ
Jisoo - ဘာ ... မရဘူး
Irene - ဘာလို့လဲ သူတို့က အရပ်ရှည်ကြီးတွေနဲ့ မော်ဒယ်လုပ်လို့ ရနေတာကို
Jane - Jane လည်း သဘောမတူဘူး Lili ကို သူများကြည့်တာ မမြင်ချင်ဘူး
Jisoo - ဟုတ်တယ်
Irene - နင်တို့နှစ်ယောက်ကို မေးလို့လား ငါ့ကကာယကံရှင်နှစ်ယောက်မေးမှာ
Chae - Chae တော့ ကူညီချင်ပါတယ်
Jisoo - ငယ် ....
Chae - မမကလဲ ဒါကcompany တွက်လေ
Jisoo -မရဘူး မလုပ်ရဘူး
Chae - လုပ်ပါ မမကလဲ
Jisoo - .............
Jisoo တယောက်ဘာမှမပြောဘဲ ခုံမှထကာ စိတ်ကောက်နေလေသည် ။
တဖက်က Jane ကလည်း Irene ကို မျက်စောင်းထိုးကာ ကြည့်နေလေသည် ။
Irene - ခဏလေး ငါ့ Lisa ကို မေးကြည့်မယ်
Irene လည်း Lisa ဖုန်းနံပါတ်ကို နှိပ်ပြီး ဖုန်းဆက်လိုက်လေသည် ။
Irene - Hello Lisa
Lisa - Hello Unnie ဘာကိစရှိလို့လဲ
Irene - Lisa ကို ကူညီတောင်းစရာရှိလို့
Lisa - ဟုတ်ပြောပါ ကူညီနိုင်ရင်ကူညီပါမယ့်
Irene - Unnie တို့ပွဲအတွက် မော်ဒယ်က ထွက်သွားလို့ အဲတာ
Lisa - ဒါကြောင့် Lisa က မော်ဒယ်လုပ်ပေးရမှာပေါ့
Irene - ဟုတ်တယ် Chae လေးလဲ ပါတယ်
Lisa - ဟုတ်လား Jane သဘောမတူရင်ဘယ်လိုလုပ်မှာလဲ
Irene - သူသဘောတူတယ်တဲ့
Jane - Unnie ... Lili သဘောမတူဘူးနော် Jane
Lisa - ဟင် .. Unnie သူကမလုပ်နဲ့တဲ့
Irene - မနက်ဖြန် C.S company လညခဲ့နော် ဒီအကြောင်းဆွေးနွေးကြမယ်
Lisa - ဟုတ်
Irene ကဖုန်းချလိုက်ပြီး သူကို စားမတက်ကြည့်နေကြသော နှစ်ယောက်
Irene - နင်တို့နှစ်ယောက်ကဘာဖစ်တာလဲ ကာယကံရှင်တောင် လုပ်မယ်လို့ ပြောတာကို
Jisoo & Jane - မရဘူး သဝန်တိုတယ်
Irene - အောင်မလေး တလေသံတည်းနော် တခါတည်းကို အဖြစ်သည်းနေကြတာ
IU - ဟုတ်တယ် နင်တို့နှစ်ယောက် လုပ်ခိုင်းလိုက်ပါ
Chae - ဟုတ်ပါတယ်မမရယ် လက်ခံလိုက်ပါ
Jisoo တယောက် Chae ဝင်ပြောတော့ စိတ်ဆိုးဟန်ဖြစ် အခန်းထဲက ထွက်သွားလေစည် ။ Jane တယောက်ကတော့ Lisa ဆီဖုန်းဆက်ကာ ဆူနေလေသည် ။
Chae တယောက်ကတော့ စိတ်ဆိုးပြီး ထွက်သွားတဲ့ သူနောက်လိုက်သွားတော့ အစည်းအဝေးခန်းထဲမှာ တယောက်ထဲထိုင်နေလေသည် ။
Chae - မမ...
Jisoo - ဘာလဲ စကားနားမထောင်သူနဲ့ စကားမပြောချင်ဘူး
Chae - နားမထောင်တာမဟုတ်ပါဘူးငယ်က Company တွက်လုပ်တာပါ စိတ်မဆိုးပါနဲ့
Jisoo - ဒါပေမဲ့ ဟာ မမလက်မခံချင်ဘူး ငယ်ရာ ငယ်ကို သူများတွေကြည့်မှာ
Chae - ကြည့်တော့ ကေညင်းတာပေါ့ ရောင်းအားတောင်တက်သေးတာမဟုတ်လား
Jisoo - မတက်ချင်ဘူး ရတယ်
Chae - မမကလည်း ကလေးလေးကျနေတာဘဲ့ မမကချစ်လွန်းလို့ သဝန်တာ ငယ်သိပါတယ် ဟုတ်ဘီလား
Jisoo - သိရင်ဘာလို့ လက်ခံခဲ့တာလဲ
Chae - လက်မခံလို့ရမလား မမရယ် လုပ်ပါမမကလည်း မမလက်ခံအောင်ငယ်ဘာလုပ်ပေးရမလဲ
Jisoo - တကယ်လား
Chae - တကယ်
Jisoo - အဲတာဆို ငယ်အောက်မှာနေပေး တလတိတိဘယ်လိုလဲ
Chae - ဟာ မမကလည်း အဲဟာကနဲနဲ
Jisoo - ဘာလဲ လက်မခံဘူးလား ရတယ် မလုပ်
Chae - လက်ခံ .. လက်ခံပါတယ်
Jisoo - အင်း အဲတာကြောင့်ချစ်နေရတာ
Chae - ဟွန့် ... အခုတော့ အားရှိအောင် နမ်းပါဦး
Jisoo - မွ ထသွားရအောင်
Chae - တခါတည်းနဲ့ ရမလား လာခဲ့
Chae တယောက် Jisoo ကို ခုံပေါ်မတင်ကာ နှခမ်းလေးကို သူစိတ်ကြိုက်နမ်းနေလေသည် ။
Jisoo လည်း အသက်ရှုကြပ်တော့မှာ တွန်းထုတ်ကာ
Jisoo - တော်ဘီ .. ခုနားကပြောတာ မကြားဘူးလား
Chae - အဲတာက အိပ်ယာပေါ်ရောက်မှလေ အခုက ဒီမှာကို
Jisoo - အလည်လေး သွားကြရအောင်ကြာနေရင်မကောင်းဘူး
Chae - နမ်းလို့တောင်မဝသေးတာကို
Jisoo - လာပါတော့
Jisoo လည်း Chaeလက်လေးဆွဲကာ ရုံးခန်းထဲသို့ ဝင်လာခဲ့ကြလေသည် ။အခန်းထဲရောက်တော့
Irene - ဘယ်လိုလဲ Chae ဆင်ပြေရဲ့လား
Chae - ပြေပါတယ် Unnie ရာ
Irene -ဟဲ့ ပြေပါတယ်ပြောတဲ့သူက မပြုံးဘဲ မပြေဘူးပြောတဲ့သူက ပြုံးနေရတာလဲ
Chae - အပေးအယူနဲ့ လက်ခံတာကိုလို့
Irene - ဟုတ်လား Jane လဲ သဘောတူတယ်တဲ့ သူလည်း အပေးယူနဲ့တဲ့
Chae - ဘာအပေးယူလဲ Jane
Jane - ဘာအပေးယူရမှာလဲ ငါ့တို့ လက်ထက်ရင်သူကအောက်မှနေခိုင်းတာ
Chae - လကံခံလား
Jane- လက်ခံတာပေါ့ တလလောက်ဘဲ့ နေရမှာပါ
Chae - အော် Lisa ရယ် အဖြစ်ချင်းတူရချည်းလားဟ
Jane - ဘာလဲ နင်အပေးယူကဒါလား
Jisoo - ဟုတ်တယ် Jane
Irene - ဟယ် နင်တို့နှစ်ယောက် ရက်စက်လှချည်လား ကလေးတွေကို
Jisoo - သူလုပ်ချင်လို့ လုပ်ခိုင်းတာလေ ငါ့တို့လည်း လုပ်ချင်တာ လုပ်ခွင့်တောင်းရတာပေါ့ ဟုတ်တယ်မလား Jane
Jane - ဟုတ်တယ်
Irene - ပြီးရော ဒါဆို အိမ်ပြန်ကြရအောင်အခုတော့ မနက်ဖြန် Lisa လည်း ဒီလာမှ ဆုံကြတာပေါ့
Jisoo - စောစောလာကြအူးနော်
IU - အေးပါဟယ်
Chae - ကျန်တာတွေ Chae လက်စသတ်လိုက်မယ် အိမ်ရောက်မှ
Jane - အင်း ဘိုင့် ပြန်ဘီ Unnie ရေ
Jane တို့ Unnie တို့ ပြန်သွားတော့ Chae လဲ လုပ်စရာလုပ်တွေသိမ်း မမကလည်း ကူသိမ်းပေးကာ အိမ်သို့ နှစ်ယောက်သား ပြန်လာကြလေသည် ။။။။———————————————
## Fic ကဖတ်ရတာ ပေါ့နေမလားမသိ ကိုယ့်လည်း အခုမှ အစရေးတာဆိုတော့ မှားပါရင် တောင်းပန်ပါတယ် ##
## comment များ Reply မလုပ်တာကချေတာမဟုတ်ပါဘူး Reply ပြန်လို့ မရလို့ တောင်းပန်ပါတယ် #
## ဖတ်ရတာ ဆင်မပြေရင်ပြောကြနော် ##
YOU ARE READING
ချစ်ခွင့်လေးတော့ ပေးပါ ROSÉ
Fanfiction'မင်းဆီက ငါ့ကိုမုန်းနေတဲ့ မျက်ဝန်းလေးတော့ ပျောက်ကွယ်သွားစေချင်တယ် '