_1_

2.2K 194 37
                                    

SU (Soul University ) KU တို့ SKY တို့လို ထိပ်တန်း ပုဂ္ဂလိကက္ကသိုလ်ဖြစ်ပြီး ကျောင်းသား ကျောင်းသူဦးရေလည်း 30000အထက်မှာ ရှိသည်။ SU တော့ စီပွားရေးမေဂျာ ၊ ဥပဒေရေးရာနှင့် အင်ဂျင်နီယာ‌တို့က အာရှကလူတော်တော်များများ လာတက်ကြတာများသည်။ အခြားမေဂျာတွေ ရှိပေမဲ့ စီးပွားရေး၊ ဥပဒေရေးရာနဲ့ အင်ဂျင်နီယာမေဂျာတို့က SUမှာ လူအများဆုံးဖြစ်သည်။ ဒီ University ကို တက်နိင်ဖို့ကလည်း ပိုက်ဆံရှိယုံတစ်ခုထဲနဲ့မဟုတ်ပဲ ပညာရေးထူးချွန်ဖို့ကလည်း လိုပါသေးသည်။ ပညာရေးထူးချွန်ရင်လည်း ပညာသင်ဆုလျှောက်ပြီးလည်း နိင်ငံသားမှန်ရင် လျှောက်လိုရ‌ပါသေးသည်။

SU ရှေ့ကို ရောက်သည်နှင့် Jimin ရဲ့မျက်နှာညိုးငယ်သွားသည်။ စီပွားရေးမေဂျာမှာ တက်နေတာ တစ်လလောက်ရှိပြီးဖြစ်ပေမဲ့ ကျောင်းတက်ရတဲ့နေ့တိုင်း သူသက်ပျင်းချရသည်။ ဘာလိုဆို သူအထက်တန်းတုန်းက တစ်ခန်းထဲကျတဲ့ လူက အခုလည်း ဒီမှာ လာတက်တော့လည်း သူတို့အခန်းမှာ ရှိနေလေသည်။ ဘူဆန်ကနေ ဆိုလ်းအထိ ထိုလူနဲ့ ရေစက်ဆုံရလေသည်။ ကောင်းတဲ့ရေစက်မျိုးတော့မဟုတ်ပါ ။

" သား ..."

ကားပေါ်က‌ဆင်းတော့ ကားထဲကနေ အမေကသူ့ကို လှမ်းခေါ်သည်။ ကားမှန်ချထားတာမို့ သူခေါင်း၀င်လိုက်တော့ အမေက သူ့ဆံပင်ကိုလှမ်းပုတ်ပေးရင်

" ကျောင်းမှာ ပြသာနာရှိရင် ချက်ချင်းပြောနော် ..."

" မရှိပါဘူး အမေကလဲ ...စိတ်မပူနဲ့ ..သားအဆင်ပြေတယ် "

" သား ...."

"  အမေ...သားတကယ်အဆင်ပြေတယ် .."

မိဘတွေ စိတ်ပူပေးနေရတာမျိုးကို သူ မလိုချင်ပါ။  သူအသက်၁၅နစ်မှာ  gayဖြစ်ကြောင်းကို ၀န်ခံတော့ သူ့ကိုခက်ခက်ခဲခဲနဲ့ လက်ခံပေးထားတာဖြစ်လေသည်။ 

" သားကို အနိုင်ကျင့်ရင် ရဲတွေဘာတွေ အရင်မတိုင်ပဲ အဖေနဲ့အမေ့ဆီ ဖုန်းအရင်ဆက်နော် ..."

" အမေကလဲ ...?"

အမေ့စကားကြောင့် သူဘာပြောရမှန်းတောင်မသိတော့ပေ ။ နစ်စဉ် ကျောင်းတွင်းအကြမ်းဖက်မူတွေက မြင့်တက်နေပေမဲ့ ရဲဘက်ဆိုင်ရာနဲ့ အစိုးရဘက်ကတော့ ထိထိ ရောက်ရာက် ကိုင်တွယ်နိင်တာမျိုးလည်း ရှိမနေပါ ။ နစ်စဉ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မူတွေနဲ့  ကျောင်းတွင်းအကြမ်းဖက်မူတွေကတော့ ပို၍ ဆိုးဝါးလို့ လာခဲ့သည်။

" I Only Have You " ( Complete )Tahanan ng mga kuwento. Tumuklas ngayon