_ 16 _

1.2K 165 72
                                    

အချိန်တွေက ပုံမှန်အတိုင်း လည်ပတ်နေပြီး မကြာခင်မှာတော့ Taehyung တို့သည်လည်း ပထမနှစ်ကို ပြီးဆုံးတော့မည်ဖြစ်လေသည်။ Taehyung နဲ့ Jimin ရဲ့ ဆက်ဆံရေးကတော့ အရင်ကထက် ပိုအဆင်ပြေလာပေမဲ့ HoSeok နဲ့တော့ Taehyungက ကြောင်နဲ့ကြွက်လိုပင် ။ ဒါတောင် HoSeok တစ်ယောက် Taehyung က Marvel fan ဆိုတာကို မသိသေးပေလို့ပဲ ။ သိများသိရင် Taehyung နဲ့ Jimin သူငယ်ချင်းတွေ အဖြစ်နဲ့တောင် ပေးရှိနေမှာ မဟုတ်ချေ ။

" ဘာလို့အသားက နည်းနည်းပဲပေးလဲ မသိဘူး "

ကျောင်းမှာ နေ့လယ်စာစားတိုင်း Taehyung ရဲ့ ငြီးငြူသံဖြစ်လေသည်။ ကျောင်းက ကျွေးတဲ့အသားကနည်းတယ်တော့လည်းမဟုတ်ချေ။ Taehyung က ထမင်းမစားလို့ အသားပဲစားရတော့ နည်းတယ်လို့ထင်နေတာဖြစ်သည်။

" ငါ့ဆီကယူလေ "

Jimin သည် သူ့ပန်ကန်ထဲက အသားကို Taehyung ဆီကို ပေးလိုက်သည်။ Mola တို့လည်း အတူလာစားတာမို့ Taehyung နဲ့ Jimin က မျက်နှာချင်းဆိုင်ထိုင်ပြီး Mola နဲ့တော့ ကပ်ရပ်ထိုင်လေသည်။

" Mola ဆီကလည်း ယူလေ .. Mola ဒီနေ့ ဗိုက်သိပ်မဆာဘူး "

" အို....ကောင်းသားပဲ ၊ များများစားရတာပေါ့ "

" Taehyung ကျောင်းပိတ်ရင် ဒီမှာပဲရှိမှာလား ?"

ဒါကို Jimin လည်း သူသိချင်မိသည်။ ဒုတိယနှစ် မတက်မချင်း ဟိုမှာသွားပြန်နေမှာလား ? ။ Taehyung ကတော့ ဒီမှာထက် ဟိုမှာပိုပျော်တဲ့လူဖြစ်လေသည်။ ဒါကြောင့်မို့ Jimin ဘာမှမပြောပေမဲ့လည်း နားစွင့်နေမိသည်။

" မသိသေးဘူး ၊ ကိုယ်မဆုံးဖြတ်ရသေးဘူး "

တကယ်တော့ Taehyung တစ်ယောက် Mola ရဲ့မေးခွန်းကို ပြန်မဖြေချင်လို့ဖြစ်သည်။ ဒီနေ့ကျောင်းပိတ်တာနဲ့ မနက်ဖြန်မနက် ပဲရစ်ကိုပြန်မှာဖြစ်သည်။ Char နဲ့ တွေ့ဖို့လည်း ချိန်းထားလေသည်။ ဟိုရောက်ရင် သူ့အလုပ်တွေလည်းလုပ်ရအုံးမယ်ဖြစ်သည်။

" ဟုတ်လား ...ဒါဆို Taehyung ဟိုကို မပြန်ဖြစ်ရင် Mola တို့ရဲ့ အင်ချွန်းကို လိုက်လည်ပါလား ... Taehyung က Photographer တစ်ယောက်မှန်း Mola သိပါတယ်နော် ၊ Taehyung အတွက် လိုအပ်တဲ့ ဓာတ်ပုံတွေ အများကြီး အင်ချွန်းမှာ ရမှာပါနော် "

" I Only Have You " ( Complete )Tempat cerita menjadi hidup. Temukan sekarang