_ 3 _

1.1K 157 57
                                    

' ဘာလဲ ' မေးတာတောင် သူ့အားကြောင်ကြည့်နေတဲ့လူကြောင့် လက်ပိုက်လိုက်သည်။ ဆူညံနေတာကြောင့် သူ့အသံကို မကြားတာလည်းဖြစ်နိင်သည်။ ဒီအရွယ်‌ပဲ ရောက်နေပြီး ပန်ကန်လုံးကေနဲ့ ။ လိုက်တော့ လိုက်သားပဲ ။ထိုလူရဲ့ ဘေးနားကတစ်ယောက်နဲ့ တော်တော်လေးတွဲသည်။ ဒါကပြသာနာမဟုတ်ဘူး ။ သူ့ဘေးနားမှာ လာရှိနေပြီးကြည့်နေတာကမှ ပြသာနာ ။

" ပြန်ရအောင် Jimin "

သူဆီကို တစ်ကိုယ်လုံးမှီချလာတဲ့ Hoseokကြောင့် လွတ်ထွက်သွားသော သူ့စိတ်ကို ပြန်စုစည်းပြီး လူအုပ်ကြားထဲနေ Hoseokကို ပြန်ခေါ်ထုတ်လာခဲ့တော့သည်။ ကားပေါ်ကတော့ Hoseokက အိပ်ပျော်နေပြီးဖြစ်လေသည်။ သူလည်းကားမောင်းတဲ့နေရာမှာ ၀င်ထိုင်လိုက်ရင်  Julia _Michaelsရဲ့ ' Heaven ' သီချင်းကို ဖွင့်လိုက်မိသည်။ဒါက Hoseokရဲ့အကြိုက်ဆုံး သီချင်းလေ ။

ကလပ်အပြင်မှာ  ကောင်လေးနစ်ယောက်က အချင်းချင်းဖက်နေတာကို မြင်နေရလေသည်။ သူငယ်ချင်းတော့ ဟုတ်ပုံမပေါ်ပေ ။ ဒါကို သူသိသည်။ ကိုင်ထားတဲ့ လက်တွေသည် သူငယ်ချင်းတွေနဲ့ မတူပေ။ ယောင်္ကျားသူငယ်ချင်း အချင်းချင်ူကလက်ကိုင်တာ ရှားသည်။ ပြီးတော့ နိင်ငံခြားခရီးသွားတွေ ဖြစ်နိင်လေသည်။ သေချာမမြင်ရပေမဲ့  အ၀တအစားပုံစံ ၊ အရပ်အမောင်းကြောင့် ခရီးသွားတွေလို ထင်လိုက်မိတာဖြစ်သည်။ သူကြည့်နေစဉ်အတွင်းမှာပဲ တစ်ယောက်ကိုတစ်ယောက်နမ်းကြတော့ သူမျက်ခုံးတွေ ပင့်တက်သွားသည်။ ဘေးနားကဖြတ်သွားတဲ့လူတွေကတော့ ထိုလူနစ်ယောက်ကို စောင်းငဲ့ကာကြည့်ပြီး ထွက်သွားကြသည်။

" မိုက်လိုက်တာ ..."

သူတို့ရဲ့ချစ်ခြင်းတရားကို လွတ်လပ်စွာနဲ့ ခံစားနေတာကို ကြည့်ရတော့ သူတို့နိင်ငံက အရင်ကထက်ပိုပြီး ပွင့်လင်းလာတယ်လိုပြောရမည်။ သို့ပေမဲ့လည်း ရိုးရာ ၊ ယဉ်ကျေးမူတွေနဲ့ ပတ်သက်လာပြီးဆိုရင် အထိမခံတဲ့ နိင်ငံမှာတော့ gayတွေအတွက်ပျော်စရာက itaewonက gay barတွေနဲ့ gay‌ တွေကို သာမန်လူလို ဆက်ဆံပေးတဲ့ နေရာအနည်းစုသာ ဖြစ်ပါလိမ့်မည်။

ကားမှန်တံခါးကို လာခေါက်နေတာကြောင့် သူ့အရှေ့ကိုကြည့်နေရာမှာ ဘေးကိုကြည့်လိုက်တော့

" I Only Have You " ( Complete )Donde viven las historias. Descúbrelo ahora