_ 17_

1.2K 171 34
                                    

" Taehyungကဘာဖြစ်နေတာလဲ ..မင်းဆီကိုလည်းမလာဘူး " 

ထိုကိစ္စဖြစ်သွားတဲ့ညမှာပဲ နစ်ယောက်လုံး နားမလည်နိင်တဲ့အကြောင်းအရာနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်နေ့ကစ နစ်ယောက်လုံး ဘယ်သူ့ကို ဘယ်သူမှ စကားစမပြောတော့တာဖြစ်သည်။ထိုညကလည်း Taehyung ဘာမှ မပြောပဲ ပြန်သွားသည်။ အခုလည်း သူတ့်ုက မသိဖူးတဲ့ လူလိုပင် ။

" သူမအားလို့ နေမှာပေါ့ "

နေ့လယ်စာ စားချိန်တိုင်း ငြီးငြူတက်တဲ့ အသံကို HoSeok မကြားရတော့ တစ်ခုခု လိုနေသလို ခံစားရတာဖြစ်နိင်လေသည်။ Jiminလည်း Taehyung ဘာဖြစ်နေတာလဲဆိုတာကို သိသည်။ ဒါက ခဏတာအမှားအယွင်းလည်းဖြစ်နိင်သည်။ပြီးတော့ သု့အမှားလည်း ပါတယ် ။ သူရုန်းထွက်လိုက်သင့်တာကို ။ သူတားလိုက်သင့်တာကို ။  ဒီအတွက် Taehyung ကို သူအပြစ်ပြောနေမှာတော့ မဟုတ်ချေ။ ဒီလို စကားမပြောကျပဲ နေတာကိုတော့ သူလည်းဘာလုပ်ရမလဲ မသိပေ ။ နဂိုကထဲက ဘယ်သူ့ကိုမှာ ရောရော၀င်၀င်မနေတော့ အခုချိန်မှာ Taehyung ကို စခေါ်ဖို့ဆိုရင် ခက်သည်။

" မနက်ဖြန် ဘူဆန်ကိုပြန်မှာလား...ငါလည်း လိုက်မယ်၊ ဒီမှာကမင်းမရှိပဲ နေရတာ ပျင်းတယ် ၊ရည်းစားလည်း အသစ်မထားခင်လေး  "

" အင်း ပြန်မယ် ...လိုက်ချရင်လိုက်ခဲ့လေ ငါလည်းအဖော်ရတာပေါ့ "

ဒီတစ်ပတ်အတွင်း သူတို့နစ်ယောက်လုံး စကားမပြောကြချေ။ မျက်နှာချင်း မတော်တဆတွေ့လိုက်ရင်လည်း " Hi " ဆိုတဲ့ စကားတစ်လုံးနဲ့ အပြန်အလှန်
နူတ်ဆက်ရင် ပြီးသွားလေသည်။ Molaနဲ့ ဒီတစ်ပတ်လုံး Taehyung က အမြဲအတူရှိနေတာမို့  အရင်ကောလဟာလက အခုတော့ ပို၍ အသက်၀င်နေလေသည်။ ဒီတစ်ခါတော့ တွဲနေကြပြီးဟူ၍ အတည်ပြုနေကြလေသည်။


......

" ဒီကို ရောက်နေတာ မင်းသုံးရက်ရှိပြီး Taehyung ၊ အိပ်လိုက်၊ စားလိုက်နဲ့ပဲ လုပ်နေတော့မှာလား ?"

ပဲရစ်ကို ပြန်ရောက်တာတောင် Taehyung တစ်ယောက် အိမ်ကိုမပြန်နိင်ပဲ Charတို့အိမ်မှာပဲ လာနေနေလေသည်။  မေးခွန်းပဲရှိပြီး အဖြေမရှိတဲ့ပုစ္ဆာတစ်ပုဒ်ကို  သူတွက်နေရသလိုပင် ။ မဆင်မခြင်နဲ့ လုပ်မိတဲ့အမှားလား ? ။ လိုလိုချင်ချင်နဲ့ ကျုးလွန်မိတဲ့ အမှားလား ? ။ ခဏတာ စိတ်ယိုင်မိတဲ့ အမှားလား ? ။ ဒါဆို သူက ဘာလဲ ? ။ တစ်ချိန်လုံး မိန်းမတွေချည်းပဲကြိုက်တဲ့လူက ယောင်္ကျားတစ်ယောက်ကို နမ်းမိတော့မှာ ဒီကိုပြန်ပြေးခဲ့ရတဲ့အဖြစ်တဲ့လား .....။

" I Only Have You " ( Complete )Dove le storie prendono vita. Scoprilo ora