_ 12 _

1K 145 42
                                    



Molaတစ်ယောက် Taehyung နဲ့ Jiminဖက်နေတာကို မြင်ရတော့ တော်တော်လေး စိတ်ထိခိုက်ရလေသည်။သူယောင်္ကျားလေးတစ်ယောက်အတွက်နဲ့ ယောင်္ကျာလေးတစ်ယောက်ကို  မလိုမုန်းတရား သူမ, ကြီနေခဲ့ပြီးလား ? ။ လူတွေက မရတဲ့အရာကိုမှ ပိုလိုချင်ကြတဲ့ သတ္တဝါတွေ မဟုတ်လား ? ။  သူမလည်း ထိုအမျိုးအစားတွေထဲကပဲမို့ ထိုသို့သော လူမျိုးဖြစ်၏  ။


Song Hyun က လည်း ဘတ်စကပ်ဘော ဆော့တဲ့နေရာမှာ ဆရာကြီးပေ ။ ဘူဆန်မှာကတည်းက ဆိုးလ်မြို့ထိ တက်ပြိုင်ရတဲ့လူဖြစ်လေသည်။ ဒါကြောင့် Taehyung တို့အဖွဲ့အတွက်လည်း လွယ်မှာမဟုတ်ပေ ။ ပထမပိုင်း မိနစ်(20)မှာတော့ Taehyung မပါပေ ။ တစ်ဖက် 5ယောက်မို့ လူဟောင်းတွေက အရင်ကစားတာဖြစ်သည်။ Song Hyun ကတော့ ပထမပိုင်းမှာကတည်းက သွက်လက်နေလေသည်။ Jimin သေချာပဲ Song Hyun ကို ကြည့်နေ‌လိုက်သည်။ ဘာလိုဆို ဟိုတစ်နေ့ညက ကိစ္စအတွက် Song Hyun စတစ်ထုတ်ပြီး ခိုးသွားတဲ့လူကို လိုက်စုံစမ်းနေတယ်ဆိုတာကိုတော့ သူရိပ်မိသည် ။ ပထမပိုင်းတော့ HoSeok တို့ဘက်က အမှတ်ကွာကာနဲ့ ရူံးသည်။ ပထမပိုင်းပြီးလို့ ( 10 )မိနစ်နားတော့  HoSeok တို့အသင်းရဲ့ ခေါင်းဆောင် Min Yoongi က လူပြောင်းဖို့ ပြောသည်။ Hoseokနဲ့ Taehyung က အတူကျပြီး ကျန်တဲ့ သုံးယောက် ကတော့ နောက်ဆုံးနစ်သမားတွေ ဖြစ်လေသည်။ Molaရဲ့ အစ်ကိုလည်း ပါသည်။အလယ်တန်းမှာဖြစ်သည်။  ခေါင်းဆောင်ဖြစ်တဲ့ Min Yoongi ကတော့ ဒုတိယပိုင်းမှာ မပါတော့ချေ။ လူက ခဏခဏ ချိန်းလို့  ရတာမို့ ထပ်၀င်ချင်လည်း ၀င်နိင်ပါသည်။


" Jimin က ဘတ်စကပ်ဘောကြည့်ရတာ ကြိုက်တာလား ?"

သူ့‌ဘေးမှာ ဒုတိယပိုင်းမှ လာထိုင်တဲ့ Molaကို ဘေးကိုစောင်းကြည့်ရင်

" ဟင့်အင်း ...Hoseokက ကစားရတာ ကြိုက်တယ်လေ "

" Taehyung ကြောင့်ကော့ မဟုတ်ဘူးလား ?"

Molaသူ့ဆီမှာ ဘာလာညှစ်နေလဲဆိုတာ သူသိသည်။ Taehyung မပါလည်း သူလာကြည့်ရမှာပဲ ။ ဘာလိုဆို Hoseok ရှိနေလို ဖြစ်သည်။တစ်ခါတစ်ခါ သတိလက်လွတ်ဖြစ်ပြီး Hoseokကို အလေးမထားသလို ဖြစ်ဖြစ်တက်ပေမဲ့ Hoseokက သူ့အတွက်တော့ နစ်ခါပြန်မရနိင်တဲ့ သူငယ်ချင်းလိုကော့ ၊ အစ်ကိုတစ်ယောက်လိုကော့ ရင်းနှီးချစ်ခင်ရတဲ့လူဖြစ်လေသည်။



" I Only Have You " ( Complete )Donde viven las historias. Descúbrelo ahora