_ 14 _

1.1K 159 45
                                    


မျက်နှာပေါ်သို့ အလင်းရောင်ကျလာတဲ့အခါမှာတော့Kim Taehyung ဆက်ခနဲ့ နိုးသွားရလေသည်။ မျက်လုံးကို လက်နဲ့ပွတ်ကာ ခေါင်းကို ဘယ်၊ ညာ ချိုးလိုက်ပြီး ထလိုက်သည်။ ထိုခါမှာ သတိရတာက သူညက Jiminအခန်းမှာ အိပ်ပျော်သွားတာပါ ။ ဆိုဖာပေါ်မှာတော့ သူ့ကို ကျကျနန ချထားပေးခဲ့ပြီး သူ့ကိုယ်ပေါ်က စောင်ထူထူကိုပါ ခြုံထားပေးတာ ကြောင့် ဖယ်ခွာလိုက်သည်။ သူဘယ်လိုတောင် သူများအိမ်မှာ အိပ်နိင်ရတာပါလိမ့် ?  ။

" ခင်ဗျားနိုးပြီးလား ?"

အခန်းထဲကို ပြန်၀င်လာတဲ့ Jiminကြောင့် Taehyung လက်က နာရီကို ကြည့်လိုက်သည်။ သူတော်တော်အိပ်လိုက်တာပဲ ။

" မောနင်း ..."

" ခင်ဗျား မျက်နှာသစ်ဖို့ လိုနေပြီး ၊ အမေက မနက်စာ စားဖို့ ခေါ်လိုက်လို့ "

၀မ်းဆက်အကွက်လေးကို ပြောင်း၀တ်ထားတဲ့ Jimin ကို သေချာကြည့်လိုက်မိသည်။ အမြဲတမ်း Jiminကသန့်ပြန်နေတက်သည်။  ပြီးတော့ရေမွှေးနံ့ ။ အထက်တန်းဆန်ဆန် မပြင်းလှသော ရေမွှေးနံ့လေးသည် သူ့နားက ခပ်လှမ်းလှမ်းမှာ လာရပ်တော့ အနံ့ရလေသည် ။ ခေါင်းလုံးလုံးလေးကိုမှာ ပန်ကန်လုံးကေနဲ့မို့ တော်တော်လေးကို ချစ်ဖို့ကောင်းသည် ။ ဒီကေနဲ့ လိုက်သည်ဟု မည်သူကများ ပြောလိုက်သလဲ မသိပါ။ 

" အင်း မျက်နှာသစ်ပြီး လိုက်ခဲ့မယ် "

,Jiminရဲ့အခန်းလေးက အကျယ်ကြီးဆိုပေမဲ့ ပစ္စည်းတွေက ထားထားတာနည်းလေသည်။ စာအုပ်စင် ၊ ဘီဒီု ၊ စာပွဲ ဒါပဲ ရှိလေသည် ။ ပြီးတော့အယ်ဘမ်စင်သေးသေးလေးတစ်ခု ။

" သူက ...."

မနက်စာ စားနေတဲ့ Hoseokက Taehyung နဲ့Jiminနဲ့အတူ တွဲလာတာကို မြင်တော့ မယုံနိင်အောင်ဖြစ်နေရလေသည်။ ထမင်းသုတ်စားနေရင် ဇွန်းကို လမ်းတစ်၀က်မှာ ကိုင်ထားရင် ရပ်နေလေသည်။ Taehyung ကလည်း အံ့ဩသွားသည် ။ ညက HoSeok ကို သူမတွေ့ပေ ။ ဒီမနက်မှ....

" ဟိုသားလား ..ညက ဒီမှာအိပ်တာလေ "

" ဒီမှာအိပ်တာ..!! "

Jiminအမေရဲ့စကားအဆုံးမှာ HoSeok တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားလေသည်။ Jimin တစ်ယောက် HoSeok ကိုအဖြေပေးမလို ကြိုးစားနေတုန်းမှာပဲ အမေက ပြောလိုက်တာကြောင့် သူဘာပြောရမှန်းမသိတော့ချေ။ HoSeok ကထိုနောက် jimin ကို စူးစူးရဲရဲကြည့်လေသည်။ HoSeok က ထိုသို့လာကြည့်တာကြောင့် Jiminကိုယ်လေးတောင် ကျုံသွားလေသည် ။ အိမ်က အမေနဲ့အဖေကို မကြောက်ရပေမဲ့ Hoseokကိုတော့ Jiminကြောက်ရသည်။

" I Only Have You " ( Complete )Kde žijí příběhy. Začni objevovat