_ 13 _

1.1K 149 33
                                    





" မာမီ "

မာမီ အိမ်မှာလဲကျသွားသည်ဟု စာပို့လာသောအခါ Song Hyun နဲ့ သူ့ရဲ့ရန်ပွဲ ပစ်ပြီး အိမ်ပြန်ခဲ့လေသည်။ အိပ်ယာပေါ်မှာ လှဲလှောင်းနေတဲ့ မာမီ့ကို ကြည့်ရင် စိုးရိမ်စိတ်တွေတက်လာလေသည်။

" သား ..."

ကုတင်ထက်၌ လှဲလှောင်းနေရင် သားကိုမြင်တော့ ပြုံးပြလေသည်။ Taehyung သည် ကုတင်စွန်း၌ ထိုင်လိုက်ပြီး မာမီ့ရဲ့ လက်ဖဝါးနုနုလေးကို ထွေးဆုပ်လိုက်လေသည် ။

" ဘယ်လိုဖြစ်တာလဲ မာမီ "

" ရာသီဥတုကြောင့်ပဲ သား ... အေးလိုက် ၊ မိုးရွာလိုက်နဲ့ဆိုတော့  "

မာမီ့ရဲ့နှဖူးကို သူ့လက်ကို တင်မိသည်။ အဖျားငွေ့ နွေး‌နွေးတော့ ရှိနေလေသည်။ ဆရာ၀န်ပြပြီးပြီးဆိုတာကို သူအိမ်ထဲ၀င်တော့ အိမ်က ဒါရိုက်ဘာကဆရာ၀န်ပြန်ပို့တာကို တွေ့ရတာကြောင့် ဖြစ်သည်။

" ဘာစားချင်လဲ ..သားဘာလုပ်ပေးရမလဲ..နှိပ်ပေးရမလား  ?"

" မလိုပါဘူးကွယ် ...မာမီ သားရဲ့မျက်နှာကို မြင်လိုက်ရယုံနဲ့တင် မာမီတော်တော်လေး သက်သာသွားပါပြီး "

မာမီ့ရဲ့စကားကြောင့် သူလှစ်ခနဲ့ပြုံးလိုက်မိသည်။မာမီသည် သူ့ကို သိပ်ချစ်သည်။  သူ 10 နစ်အရွယ်မှာ အဖိုးရော ၊ အဖွားရော မရှိတော့တာကြောင့် မာမီနဲ့သူနဲ့သာ ဆွေမျိုးရင်းချာဆိုလို ရှိကြတော့သည်။ မာမီမရှိရင် သူမနေနိင်သလို သူမရှိရင်လည်း မာမီအတွက် အထီးကျန်သွားပါလိမ့်မည်။ မာမီနဲ့ သူဟာ သားအမိဆိုတာထက် တစ်ယောက်ကိုတစ်ယောက် အမှီသဟဲပြုထားကျတဲ့ ထောင့်တိုင်နဲ့ ပို၍တူလေသည်။ တစ်ယောက်လဲကျရင် ကျန်တစ်ယောက်ကပါ အလိုလို ပြိုလဲကျသွားပါလိမ့်မည်။

" ကျန်းမာရေးကို ပေါပေါမလုပ်နဲ့မာမီ ...နားဖို့လိုရင် နား ..."

" ဟုတ်ပါပြီး ..မာမီသတိထားပါ့မယ်."

လှဲလှောင်းနေတဲ့ ယမာမီ့ကို သူကိုယ်ကိုကိုင်း၍ ပွေ့ဖက်လိုက်သည် ။ အမေတွေရဲ့ ခန္ဓာကိုယ်က သားသမီးအတွက်ဆို သိပ်နွေးထွေးတယ်ထင်ပါရက် သူဘယ်တော့ဖက်ဖက် မာမီခန္ဓာကိုယ်လေးက သူကို အမြဲနွေးထွေးစေလေသည်။ အမေတွေရဲ့ ခန္ဒာကိုယ်ဆိုမှာ Jiminအမေရဲ့ ဖော်ရွေမူကလည်း သူမမြင်ဖူးပေ ။ သူ့ကိုမှ ထိုသို့ဖော်ရွေပုံရသည်တော့မဟုတ်ချေ။ Jiminရဲ့ အခြားလူတစ်ယောက်ကိုထားတဲ့ စိတ်ထားကိုကြည့်ပြီး Jiminအမေရဲ့ ဆုံးမထားမူတွေကိုပါ ခံစားရလေသည်။ ကိုးရီးယားမှာလည်း လူကောင်းတွေရှိ‌ပါသေးတယ်ဆိုတဲ့ စကားကို Charပြောခဲ့တာကို သူလက်ခံချင်သလိုလို ဖြစ်လာလေသည်။

" I Only Have You " ( Complete )Tempat cerita menjadi hidup. Temukan sekarang