အပိုင်း ၂၀၈ - နတ်ဆိုးနတ်ဘုရား ဧကရာဇ် (၁)

252 2 0
                                    


ပထမဦးဆုံးပြောချင်တာကတော့ ကိုယ့်ရဲ့ တောင်ရောက်မြောက်ရောက် စိတ်ကို ခွေးလွှတ်ကြပါကုန်။🤧

အစတုန်းကတော့ ခုဇာတ်လမ်းကလာနေတဲ့အခန်းနဲ့စာစဉ်က တော်တော်ကွဲနေတော့ ကိုယ်ကမပြန်တော့ပါဘူးလေ နောက်ခရီးစဉ်အသစ်ကနေပဲ ပြန်လိုက်ပါ့မယ်ဆိုပြီး ဆုံးဖြတ်လိုက်တာပါ။✌️

ဒါပေမဲ့ preview တွေကြည့်ပြီး ဖုန်းရှိုးရဲ့Iconic Entrance ကြီးကိုခဏခဏမြင်နေတော့ စာစဉ်ရဲ့အဲ့အပိုင်းကို သတိရသွားပြီး ပြန်ချင်စိတ်ဖြစ်သွားတယ်ပေါ့နော်။😅

ပြီးတော့ ယွဲ့ရဲ့တို့နဲ့ တွေ့မဲ့ခရီးစဉ်က ဇာတ်လမ်းထဲမှာ လိုဦးမလားဆိုတာလည်း မပြောတတ်သေးတော့ အပိုင်း (၂၂၀) ကနေနောက်ကို ခဏရပ်ထားပြီး အပိုင်း (၂၀၈) ကနေစပြန်လိုက်မယ်လို့ ဆုံးဖြတ်မိတယ်။😝

စာစဉ်ထဲက ဖုန်းရှိုးပေါ်လာပုံနဲ့ ဇာတ်လမ်းထဲကပေါ်လာပုံနဲ့ မတူနိုင်ပေမဲ့ စာစဉ်ထဲမှာဘယ်လိုပေါ်လာလဲ သိချင်ရင်တော့ ဖတ်ကြည့်ပေါ့နော်။အရေးအသား လိုအပ်တာတွေရှိခဲ့ရင်လည်း သည်းခံပေးပါ။ကမောက်ကမ ဖြစ်သွားတာကိုလည်း ခွေးလွှတ်ပေးပါကုန်။🤧
.........

စာစဉ်ကို မဖတ်ခင် ဇာတ်လမ်းနဲ့က တော်တော်ကွဲနေတာကြောင့် နည်းနည်းစာစဉ်ကို ကာမိအောင် အကြမ်းဖျင်းပြောပြမယ်နော်။

စာစဉ်ထဲမှာ လုံဟောက်ချန်က အလင်းနတ်သူငယ် ရထင်းနဲ့ အေးအေးချမ်းချမ်းပဲ ပေါင်းစပ်သွားတာပါ။အဲ့လိုပေါင်းစပ်နေတဲ့ အချိန်ကတင် (၄၉)ရက်ကြာသွားပြီး သူ့အဖွဲ့သားတွေအားလုံးက သူ့ကိုစောင့်နေကြတာပါ။ကျန်တဲ့အဖွဲ့တွေက သူတို့တာဝန်သူတို့ထမ်းဆောင်နေပေမဲ့ လုံဟောက်ချန်တို့အဖွဲ့ကတော့ လုံဟောက်ချန်ကိုစောင့်နေရတော့ ဘာတာဝန်မှ မထမ်းဆောင်ရဘူး။လုံဟောက်ချန် အဲ့ပေါင်းစပ်ခြင်းကနေ နိုးလာတော့ ရုတ်တရက် ကောင်းရင်းကျယ် ရောက်လာပြီး သူ့နောက်လိုက်ခဲ့ဆိုပြီး ခေါ်သွားပါတယ်။လုံဟောက်ချန်တို့ အမဲလိုက်ခံတပ် မြို့ဂိတ်နံရံပေါ်ကိုရောက်တော့ သူတို့မြင်လိုက်ရတာက နတ်ဆိုးအမျိုးအစားအစုံပါတဲ့ စစ်တပ်ကြီးတွေ စုဝေးနေတာကို တွေ့လိုက်ရရော။အဲ့မှာ ဟိုဇာတ်လမ်းထဲက နောက်ဆုံးကိစ္စရှောသွားတဲ့ နတ်ဆိုးနတ်ဘုရားသုံးကောင်ဦးဆောင်ပြီး တခြားခေါင်းဆောင်တွေနဲ့အတူတူရောက်နေကြတာ(စာစဉ်ထဲမှာက မသေဘူး..ဘာတိုက်ပွဲမှ ရှေ့မှာမရှိဘူး)အဲ့ဒါကို မြင်တော့ ရှန့်ယွဲ့(ချိုင်အာဘိုးဘိုး)က လန့်သွားပြီး မဟုတ်မှလွဲရော သူရောက်လာတာများလား ဆိုပြီး ဖြစ်သွားတာ။ကိုယ်ပြန်ထားတာကတော့ အဲ့နောက်အခန်း နတ်ဆိုးနတ်ဘုရားဧကရာဇ်ရောက်လာတဲ့ အခန်းပါနော်။

ရှန်ရင့် ဝမ်ကျော့Nơi câu chuyện tồn tại. Hãy khám phá bây giờ