အပိုင်း ၂၁၁ - နတ်ဆိုးနတ်ဘုရားသတ်ဖြတ်သူများ(၁)

101 2 0
                                    

.
.
.
"သူဟောက်ယွဲ့ကိုရှာနေတာ မဟုတ်ပါဘူးလို့ ငါသေချာမပြောနိုင်သေးဘူး"

လုံဟောက်ချန်ရဲ့ ဒီစကားကိုကြားလိုက်ရတော့ သူ့အဖွဲ့သားတွေရဲ့ မျက်နှာအမူအရာတွေဟာ ကိုးရို့ကားယားဖြစ်သွားခဲ့တယ်။

ချန်ရင်းအာ ကစူးစမ်းလိုတဲ့အပြုံးနဲ့မေးလိုက်တယ် "ခေါင်းဆောင်ပဲ ဟောက်ယွဲ့ဆီက အများကြီးမျှော်လင့်လို့ရတယ်လို့ ပြောခဲ့တာမဟုတ်လား?အကယ်၍သာ သူက နတ်ဆိုးနတ်ဘုရားဧကရာဇ်ကိုယ်တိုင် လာရှာရတယ်ဆိုရင် အနာဂတ်မှာဘယ်အဆင့်တောင်ရောက်နိုင်လိမ့်မလဲ..ဟီဟီ"

ဝမ်ယွမ်ယွမ်က ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်တယ် "နှမြောစရာပဲ။ဒါပေမဲ့ ဟောက်ယွဲ့သာတကယ်ပဲ သူရှာနေတဲ့အရာဆိုရင် နတ်ဆိုးနတ်ဘုရားရဲ့စိတ်စွမ်းအင် စက်ကွင်းကနေဘယ်လိုမှ လွတ်မြောက်နိုင်မှာမဟုတ်ဘူးလေ။ဒါကြောင့် မဟုတ်လောက်ဘူးလို့ပဲ ငါထင်တယ်"

လုံဟောက်ချန်က သူ့ခန္ဓာကိုယ်မှာ ပြောင်းလဲမှုတွေဖြစ်သွားခဲ့တာကို မပြောဘူး။ဘာလို့လဲဆိုတော့ အဲ့ဒါက ဟောက်ယွဲ့ရဲ့ လျှို့ဝှက်ချက်ဖြစ်တယ်။

ခပ်မြန်မြန်ပဲ သူတို့နားနေစခန်းဆီ ပြန်ရောက်လာခဲ့တယ်။တံခါးကိုတွန်းဖွင့်လိုက်တာနဲ့ တပြိုင်နက် တခြားသူတွေက ဘာတုံ့ပြန်မှုမှ မရှိပေမဲ့ လုံဟောက်ချန်နဲ့ချိုင်အာတို့ကတော့ မသိစိတ်အရ နောက်ကိုတစ်လှမ်းနှစ်လှမ်း ဆုတ်သွားမိတယ်။ပြီးတော့ တိုက်ရိုက်မဝင်သွားတော့ဘူး။

အဲ့ဒါက နားနေစခန်းက ပြောင်းသွားလို့မဟုတ်ဘဲ သူတို့မသိစိတ်ထဲမှာ ရုတ်တရက်အေးစက်မှုကို ခံစားလိုက်ရလို့ဖြစ်တယ်။မသိရင် သူတို့မျက်စိရှေ့က နားနေစခန်းက အရာအားလုံးကို ဝါးမျိုပစ်မဲ့ အသူရာချောက်လိုမျိုး။

တခြားသူတွေရဲ့ တုံ့ပြန်မှုကလည်း မနှေးဘူး။လုံဟောက်ချန်နဲ့ချိုင်အာရဲ့ ရုတ်တရက်ထိတ်လန့်မှုကိုတွေ့လိုက်ရတာနဲ့ သူတို့လည်းနောက်ဆုတ်လိုက်ပြီး တိုက်ပွဲဝင်ဖို့ အသင့်ပြင်လိုက်ကြတယ်။

"အကုန်လုံး ဝင်လာခဲ့" ရှန့်ယွဲ့ရဲ့ နှိမ့်ချထားတဲ့အသံက အထဲကထွက်ပေါ်လာခဲ့တော့ လုံဟောက်ချန်က စိတ်လျှော့လိုက်တယ်။လက်စသတ်တော့ အကောင်အထည်မပေါ်တဲ့ အန္တရာယ်က သူ့ဘိုးဘိုးကြီးဆီက ဖြစ်နေတာကိုး။တစ်ခုပဲ ဘာလို့သူတို့နားနေစခန်းဆီ ရုတ်တရက်ရောက်လာတာပါလိမ့်?

ရှန်ရင့် ဝမ်ကျော့Opowieści tętniące życiem. Odkryj je teraz