အပိုင်း၂၂၀ - ယွဲ့ရဲ့ကုန်သည်အဖွဲ့ (၃)

134 1 0
                                    

.
.
.
တျန့်ရန်က ခေါင်းညိတ်လိုက်တယ် "စိတ်မပူပါနဲ့။ဒီကလေးနဲ့ သေချာမပူးပေါင်းနိုင်ရင်တောင်မှ ရူးရူးမိုက်မိုက်တော့ မလုပ်ပါဘူး။အချိန်တိုတို အတွင်းမှာဘဲ သူရထားတဲ့ ယုံကြည်အားကိုးမှုတွေ ဆုံးရှုံးပြီး အညံ့ခံလာစေရမယ်။အဲ့အချိန်ကျရင် အကျိုးအမြတ်ခွဲဝေဖို့ ကိစ္စကလည်း သူ့အလိုလိုပြောင်းသွားမှာပဲလေ"

သုံးရက်ကြာသော်...

ယွဲ့ရဲ့..ကြယ်ရှာဖွေသူ မြို့ရဲ့အကြီးဆုံးဖြစ်တဲ့ ကုန်သည်စုကြီးဟာ မြို့ရဲ့ တောင်ဘက်ဂိတ်ကနေ စတင်ထွက်ခွါလာခဲ့တယ်။

ယွဲ့ရဲ့ကုန်သည်စုဟာ တကယ်ပဲ အလွတ်တန်းကုန်သည်တွေထဲမှာ အကြီးဆုံးလို့ ခေါ်ထိုက်ပါတယ်။ခုချိန်မှာ သူတို့အဖွဲ့ဟာ ကုန်စည်လှည်းပေါင်း ၂၀၀ ကျော်နဲ့ ကုန်တင်လာခဲ့ပြီး အဖွဲ့သားကလည်း ၂,၀၀၀ ကျော် လိုက်ပါလာခဲ့တယ်။ဒါကလည်း တျန့်ရွမ်က လုံဟောက်ချန်တို့အဖွဲ့ကို လွယ်လွယ်ကူကူ လက်ခံရခြင်းရဲ့ အကြောင်းပြချက် တစ်ခုဖြစ်တယ်။

လုံဟောက်ချန်တို့ အဖွဲ့ဟာ ကုန်သည်စုကို လိုက်ပါပို့ဆောင်ပေးရမဲ့ တာဝန်ပဲယူထားပေမဲ့ သူတို့အဖွဲ့ဟာ သာမာန်အဝတ်အစားကိုမှ နှစ်ထပ်တောင် ဝတ်ထားကြတယ်။သူတို့အကုန်လုံး အဝတ်အထူတစ်ထပ်ရဲ့ အောက်မှာ ချည်သားကို ဝတ်ထားတယ်။အခုက ဆောင်းဦးရာသီရောက်နေပြီ ဖြစ်ပြီး ကြယ်ပင်လယ်မြို့ဟာလည်း ကုန်းမြေထုရဲ့ အလယ်ဗဟိုမှာ တည်ရှိနေတယ်။တောင်ပိုင်းလောက် မအေးပေမဲ့ နတ်ဆိုးပိုင်နက်ကို သွားတဲ့လမ်းကြောင်းက ခက်ခဲရှည်လျားတာကြောင့် သူတို့အဝတ်အစားတွေကသာ နွေးထွေးမှုအလုံအလောက် မပေးနိုင်ရင် ခရီးဆက်သွားဖို့ဆိုတာ ဖြစ်နိုင်မှာမဟုတ်ဘူး။

သူတို့ နတ်ဆိုးအမဲလိုက်နှစ်ဖွဲ့ကို ချမှတ်ပေးထားတဲ့ တာဝန်ကရှင်းတယ်။ကုန်သည်စုကို ပို့ဆောင်ပေးပြီး ပို့ဆောင်နေစဉ်မှာ ဂရုစိုက်ပေးရုံပဲ။သူတို့က ကုန်လှည်းတွေမောင်းစရာလဲ မလိုဘူး လှည်းတွေမှာအထူးမောင်းသမားတွေက ပါပြီးသားပဲ။ကုန်စည်လှည်းတစ်ခုချင်းဆီကို သန်မာထွားကြိုင်းတဲ့ မြင်းလေးကောင်က ဆွဲတယ်။ကုန်သည်စုကြီးမှာ အဖွဲ့ဝင်တွေအများကြီး ရှိပေမဲ့ သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်ပုံကတော့ ပြီးပြည့်စုံတယ်။

ရှန်ရင့် ဝမ်ကျော့Donde viven las historias. Descúbrelo ahora