အပိုင်း ၂၃၇ - နတ်ဆိုးများကို သတ်ဖြတ်ခြင်း! (၁)

74 1 0
                                    

.
.
.
"စမယ်!" လုံဟောက်ချန်က ရုတ်တရက် မြေပြင်ပေါ်ကနေ အော်ဟစ်လိုက်တယ်။

ဟောက်ယွဲ့ရဲ့ ကြီးမားတဲ့ ကိုယ်ထည်ဟာ ချက်ချင်း​ပေါ်ထွက်လာပြီး 'ရှုပ်ထွေးခြင်းရင်းမြစ်' ကိုလည်း တခါတည်း ပေါက်ကွဲထွက်လာစေတယ်။သူ့ပတ်ဝန်းကျင်မှာရှိတဲ့ စွမ်းအင်တွေကို စုပ်ယူပြီးမှ အသုံးပြုတာကြောင့် သူ့ရဲ့အဖော်တွေကို မထိခိုက်စေပေ။

ဒီကြီးမြတ်သော မိစ္ဆာနတ်ဆိုးမြင်းတပ်ပေါ်လာကတည်းက လုံဟောက်ချန်က တိုက်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား။ယွဲ့ရဲ့ကုန်သည်အဖွဲ့နဲ့ တိုက်ပွဲကတည်းက ဟောက်ယွဲ့က ပြောပြထားပြီးသား။သူ့ရဲ့ ဆင့်ကဲပြောင်းလဲမှုကြောင့် ခုဆို 'ရှုပ်ထွေးခြင်းရင်းမြစ်'ဟာ ဝိညာဉ်စွမ်းအား ၈၀%လောက်ပဲ ကုန်ဆုံးစေတော့တယ်..အရင်လို တခါတည်း အကုန်ကုန်ဆုံးသွားမျိုး မဖြစ်တော့ဘူး။

လုံဟောက်ချန်တို့အဖွဲ့ နတ်ဆိုးနယ်မြေကို ဝင်ပြီး 'မယိမ်းယိုင်သောမြင်း'တွေကို ရွေးချယ်စရာမရှိဘဲ စွန့်ပစ်ခဲ့ရတဲ့အချိန်ကတည်းက ဟောက်ယွဲ့က သူ့ဘာသာသူ သွားနေတာဖြစ်တယ်။လုံဟောက်ချန် ဘေးမှာသာနေရင် သူကသိပ်ကိုကြီးမား ထင်ရှားနေလိမ့်မယ်။ဒါ့အပြင် သူတို့နစ်ယောက်ဟာ သွေးကတိစာချုပ်နဲ့ ဆက်နွယ်နေကြတာကြောင့် လုံဟောက်ချန်က သူ့ရဲ့ လုံခြုံရေးကို စိတ်ပူမနေပေ။

သူ ကြီးမြတ်သောမိစ္ဆာနတ်ဆိုးမြင်းတပ်ကို မြင်လိုက်တည်းက လုံဟောက်ချန်က ဟောက်ယွဲ့ကို 'ရှုပ်ထွေးခြင်းရင်းမြစ်'ကို ပြင်ဆင်ခိုင်းထားပြီးသား။အဲ့အချိန်တုန်းကတော့ ဒီကြီးမြတ်သောမိစ္ဆာနတ်ဆိုးမြင်းတပ်ကို တိုက်ခိုက်ရင်ကောင်းလား မကောင်းလား မသေချာသေးပဲ လိုရမယ်ရသာ ပြင်ဆင်ခိုင်းထားတာဖြစ်တယ်။စွမ်းအားကုန်ဆုံးစေမှုကတော့ ကြီးမားပြီး စွမ်းအားကုန်ဆုံးသွားရင် တစ်နာရီ နှစ်နာရီလောက် ပြန်လည်ဖြည့်တင်းဖို့ အချိန်ယူရလိမ့်မယ်။ဒါပေမဲ့ တကယ်သာတိုက်ပွဲစခဲ့ရင် 'ရှုပ်ထွေးခြင်းရင်းမြစ်'ရဲ့ အကျိုးသက်ရောက်မှုက ပိုပြီးကြီးမားလိမ့်မယ်။

တိုက်ပွဲအတွင်း ကြီးမြတ်သောငှက်နတ်ဆိုးတွေ ပေါ်လာတုန်းက ဟောက်ယွဲ့ရဲ့ ထောက်ပံ့မှုကြောင့်သာမဟုတ်ရင် လုံဟောက်ချန်နဲ့ လန်ရှောက်တို့ ထိုနတ်ဆိုးတွေကို တားဆီးနိုင်မှာ မဟုတ်ပေ။

ရှန်ရင့် ဝမ်ကျော့Donde viven las historias. Descúbrelo ahora