အပိုင်း ၂၃၈ - နတ်ဆိုးများကို သတ်ဖြတ်ခြင်း! (၂)

62 0 0
                                    

.
.
.
ရှန်မော့သာလုမှာကိုယ့်ထက်အဆင့်မြင့်တဲ့ စွမ်းအားရှင်တွေကို စိန်ခေါ်တယ်ဆိုတာ သိပ်ကိုစွန့်စားမှုကြီးတဲ့ လုပ်ရပ်ပဲ။ဘာလို့လဲဆိုတော့ စွမ်းအားကွာဟချက်ကြောင့်ပဲဖြစ်တယ်။ဒါပေမဲ့ လုံဟောက်ချန်အတွက်တော့ သူ့ထက်စွမ်းအားကြီးတဲ့ပြိုင်ဖက်ကို ရင်ဆိုင်တာ ဒါပထမဆုံးအကြိမ်မှမဟုတ်တာ။ပြီးတော့ သူ့ဆီမှာ သာမာန်လူတွေမှာမရှိတဲ့ အမွေအနှစ်တွေ အများကြီး ရှိပြီးသား။

သာမာန်အခြေအနေအောက်မှာတော့ ဒီမြင်းတပ်ကို အနိုင်ယူဖို့ဆိုတာ လွယ်ကူတဲ့လုပ်ရပ်တော့မဟုတ်ဘူး။ဟောက်ယွဲ့ရဲ့ ထောက်ပံ့မှုသာမရှိရင် သူတို့ဟာ ခက်ခဲတဲ့တိုက်ပွဲကို ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့နိုင်ခဲ့ရင်တောင်မှဘဲ အခြေအနေတော့ ကောင်းမှာမဟုတ်ပေ။

ဒါပေမဲ့လည်း မိစ္ဆာနတ်ဆိုးတပ်မှူးဟာ 'ရှုပ်ထွေးခြင်းရင်းမြစ်'ရဲ့အကျိုးသက်ရောက်မှုကို ခံစားရပြီးသား။သူ့ရဲ့ ကျင့်စဉ်က အဆင့်ခြောက်ကိုရောက်နေပြီဆိုပေမဲ့ အဆင့်ခြောက်အမြင့်ဆုံးအဆင့်ဖြစ်ဖို့တော့ ဝေးပါသေးတယ်။ဒါကြောင့်သူက မန္တာန်ရဲ့အကျိုးဆက်ကိုခံစားနေရပြီး သူ့ခန္ဓာကိုယ်က ဒြပ်စင်စွမ်းအားကလည်း ပျောက်ဆုံးသွားပြီး ဒဏ်ရာအကြီးအကျယ်ရသလို ဖြစ်သွားစေခဲ့တယ်။အားနည်းသွားမှတော့ သူတို့ရင်ဆိုင်တိုက်ခိုက်ဖို့ဆိုတာ ဖြစ်နိုင်သွားပြီလေ။

ပိုအရေးပါတာက လုံဟောက်ချန်က ခုဆို ချက်ချင်းပေါက်ကွဲတိုက်ခိုက်ချက်တွေမှာ ကျွမ်းကျင်တဲ့ တိုက်ခိုက်ရေးသူရဲကောင်း အနေနဲ့ရှိနေတာလေ။

ပြင်းထန်တဲ့ စွမ်းအားရဲ့တန်ပြန်မှုကြောင့် လုံဟောက်ချန်လည်း လေထဲလွင့်ထွက်သွားပေမဲ့ ပြီးနောက်ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ဟာ အရှိန်အပြည့်နဲ့ လည်ပတ်သွားပြန်တယ်။

'ပြစ်ဒဏ်စီရင်လှည့်ပါတ်ခြင်း ဓါးချက်!'

အလင်းဒြပ်စင် နတ်သူငယ် ရထင်းကလည်း နည်းနည်းဝေးဝေးကို ပျံသွားပြီး အဆက်မပြတ်ရေရွတ်နေလေတယ်။လုံဟောက်ချန်ရဲ့ ပထမဆုံးဓါးချက်က တပ်မှူးရဲ့လှံတံနဲ့ ထိမိသွားပြီး မြင့်မြတ်အလင်းပေါက်ကွဲမှု ဖြစ်ပေါ်လာခဲ့တယ်။ပြီးတော့ သူ့ရဲ့ခွန်အားပြည့် ခုခံတားဆီးမှုကြောင့် လှံတံမှာ ချိုင့်ရာကြီး ပေါ်လာခဲ့ပြီး အောက်က 'အိပ်မက်ဆိုး နတ်ဆိုးမြင်း'ရဲ့ ခြေလေးချောင်းမှာလည်း တောင့်တင်းနေကာ မြေပြင်ပေါ်မှာ နက်နဲတဲ့အကြောင်းကြီး ပေါ်နေခဲ့တယ်။

ရှန်ရင့် ဝမ်ကျော့Nơi câu chuyện tồn tại. Hãy khám phá bây giờ