အပိုင်း၂၄၁ - ကိုယ်တိုင်ဖန်တီးထားသော တိုက်ကွက် - အလင်းလှိုင်းဂယက် (၂)

94 1 0
                                    

.
.
.
"အကယ်၍ ငါတို့သာ တူညီမယ်ဆိုရင် အကျယ်အဝန်းသက်ရောက်မှုရှိတဲ့ ကာကွယ်ခုခံရေး စွမ်းရည်နဲ့သာဆို ငါတို့တစ်ဦးတစ်ယောက်ချင်းရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုပဲ ကုန်ဆုံးစေမှာ။ဂူရဲ့အစွန်းက အန္တရာယ်အဲ့လောက်မရှိဘူး ဒါပေမဲ့ အက်ကြောင်းက တော်တော်နက်တာကို တွေ့ရတယ်။ဘယ်လောက်တောင် နက်လဲဆိုအောက်ခြေကို မမြင်ရဘူး။အဲ့ကနေပဲ ဒီမြည်တွန်သံ ထွက်နေတာပဲ။အထဲမှာ ဘာရှိလဲငါမသိပေမဲ့ အဲ့အောက်က ဝိညာဉ်စွမ်းအားအတက်အကျကတော့ မကောင်းတဲ့ ဆိုးဝါးတဲ့ အငွေ့အသက်တွေ အပြည့်ပဲ။ဘယ်လောက်အန္တရာယ်များမလဲမသိနိုင်တဲ့ မှော်သားရဲတစ်ကောင်နေနေတာလဲဖြစ်နိုင်တယ်။အကုန်လုံး ငါ့ရဲ့ ကိုယ့်ကိုယ်ထိန်သိမ်းနိုင်တဲ့စွမ်းရည်ကို တွေ့နေတာပဲ..မင်းတို့နားလည်မယ်လို့ထင်တယ်။ငါဒီစူးစမ်းလေ့လာရေးကို ကိုယ့်ဘာသာလုပ်ဖို့ဆုံးဖြတ်ထားတယ်။ဒီတစ်ကြိမ်တော့ မှတ်တမ်းတင်ကျောက်တုံးကို သုံးပြီး အကုန်မှတ်တမ်းတင်ထားမယ်"

"ငါလိုက်ခဲ့ရင်ကော ဘယ်လိုလဲ?"ချိုင်အာက လုံဟောက်ချန်ကို မေးလိုက်တယ်။

လုံဟောက်ချန်က ခေါင်းရမ်းလိုက်ပြီး "ကိုတစ်ယောက်တည်းသွားတာပိုကောင်းမယ်။ဟောက်ယွဲ့ဒီမှာရှိနေမှတော့ ကိုအချိန်မရွေး ပြန်ထွက်လာနိုင်တယ်"

ချိုင်အာက ဘာမှမပြောဘဲ ခေါင်းငြိိမ့်လိုက်တယ်။အကယ်ဆို လုံဟောက်ချန်ရဲ့ လက်ရှိစွမ်းအားအရ စွမ်းအားကြီးတဲ့ရန်သူရဲ့ ချုံခိုတိုက်ခိုက်ခံရပြီး ချက်ချင်းကျရှုံးတာကလွဲရင် သူ့လုံခြုံရေးကို စိုးရိမ်စရာမလိုပေ။

ဒါပေမဲ့ သူ့ကိုကျရှုံးအောင် တိုက်နိုင်ဖို့ဆိုတော အဲ့လောက်လွယ်ပါ့မလား?နောက်တစ်ခု မမေ့ရမှာက သူ့မှာ သူ့အဖွဲ့သား ခြောက်ယောက်နဲ့ချိတ်ဆက်ထားတဲ့ 'ဝိညာဉ်ဆက်နွယ်ခြင်းသံကြိုး'ရှိတယ်လေ။အဆင့်ရှစ်ရှိတဲ့စွမ်းအားရှင်ရန်သူတောင် လွယ်လွယ်ကူကူ သတ်နိုင်မှာမဟုတ်ပေ။

ချိုင်အာတောင် သဘောတူနေမှတော့ ကျန်တဲ့သူတွေလည်း သဘောမတူစရာ အကြောင်းမရှိဘူးလေ။လုံဟောက်ချန်က မှတ်တမ်းတင်ကျောက်တုံးကို သုံးပြီး စူးစမ်းလေ့လာရေးလုပ်မယ်ဆိုကတည်းက သူ့မှာကိုယ်ပိုင်အကြံအစည် မရှိဘူးဆိုတာ သက်သေပြပြီးသား။အကယ်၍ သူက တန်ဖိုးကြီးရတနာတွေကို တွေ့ခဲ့ရင်တောင်မှ အဲ့ဒါက မှတ်တမ်းတင်ကျောက်တုံးနဲ့ မှတ်တမ်းတင်ခံရမှာဘဲ။ချက်ချင်း ဆင့်ခေါ်ထွက်နိုင်တဲ့ သွေးကတိစာချုပ်ရဲ့ အကျိုးက ဒီလိုစူးစမ်းလေ့လာရေးမစ်ရှင်တွေအတွက်တော့ ပြီးပြည့်စုံတယ်။ဒါကလည်း ဒီမစ်ရှင်ခက်မယ်မှန်းသိရက်နဲ့ လုံဟောက်ချန်လက်ခံရတဲ့ နောက်အကြောင်းအရင်းတစ်ခုဖြစ်တယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: Nov 07, 2023 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

ရှန်ရင့် ဝမ်ကျော့Donde viven las historias. Descúbrelo ahora