အပိုင်း ၂၁၀ - နတ်ဆိုးနတ်ဘုရား ဧကရာဇ် (၃)

109 2 0
                                    

.
.
.
နားနေခန်းထဲမှာ

တစ်ချိန်မှာတော့ဟောက်ယွဲ့ဟာ သူ့ရဲ့မျက်လုံးခြောက်လုံးကိုဖွင့်လိုက်ပြီး သူ့ရဲ့ရောင်ဝါကို အတိုင်းအတာတစ်ခုထိ ကန့်သတ်ထိန်းချုပ်ထားတယ်။မီးနီရောင်ခေါင်းနဲ့ အစိမ်းရောင်ခေါင်းတို့ကတော့ လဲလျောင်းနေပြီး အလင်းရောင်ခေါင်းကတော့ မော့ထားကာ သူ့မျက်လုံးတွေက ရွှေရောင်တွေနဲ့တောက်ပနေတယ်။တယောက်ယောက်ကသာ ဒီမြင်ကွင်းကို သေချာကြည့်မယ်ဆို သူ့နားမှာဝန်းရံထားတဲ့ မြင့်မြတ်ရောင်ဝါဟာ လုံဟောက်ချန်နဲ့တူတူပဲဆိုတာကို သတိထားမိလိမ့်မယ်။

အဲ့ဒါတင်မကသေးဘူး ဟောက်ယွဲ့ရဲ့ကိုယ်ပေါ်က အကြေးခွံတွေဟာလည်း အလင်းရောင်နဲ့ဖုံးထားတယ်..မသိရင်သူ့တစ်ကိုယ်လုံးက အရောင်ပြောင်းသွားသလိုမျိုး။

လုံဟောက်ချန်သာ ရှိခဲ့ရင် လက်ရှိဟောက်ယွဲ့ဟာ လုံဟောက်ချန်ခန္ဓာကိုယ်အတွင်းကလာတဲ့ အလင်းစွမ်းအင်ကို ငှါးသုံးပြီး သူ့ရဲ့ကိုယ်ပိုင်ရောင်ဝါကို ဖုံးကွယ်ဖို့လုပ်နေတာကို ခန့်မှန်းမိလိမ့်မယ်။

ဟောက်ယွဲ့ကတကယ်တမ်းတော့ တခြားကမ္ဘာကလာတာဖြစ်ပြီး သူလာခဲ့တုန်းကလည်း လုံဟောက်ချန်ရဲ့သွေးထဲမှာပါနေတဲ့ မြင့်မြတ်တဲ့ရောင်ဝါကြောင့်သာ ဖြတ်ကျော်လာနိုင်ခဲ့တာ။ဒါကြောင့် အလင်းသားတော်ရဲ့ သွေးက သူ့ရဲ့တစိတ်တပိုင်းဖြစ်နေပြီးသား။ပြီးတော့အခုလည်း ဥာဏ်ကောင်းစွာနဲ့ သူ့သွေးကြောထဲမှာရှိနေတဲ့ ဒီစွမ်းအားအပိုင်းကို နှိုးထစေပြီး သူရဲ့ကိုယ်ပိုင်ရောင်ဝါကို ယာယီဖုံးကွယ်ဖို့ အသုံးပြုနေတာဖြစ်တယ်။နတ်ဆိုးနတ်ဘုရားဧကရာဇ်က ငြိမ်သက်စွာ လေထဲမှာပျံနေတုန်းဖြစ်ကာ ဖြည်းဖြည်းချင်း သူ့ရဲမျက်လုံးတွေဟာ မတူညီတဲ့အရောင်တွေ လက်နေခဲ့ပြီး မိစ္ဆာနှင်မြို့လားရာအတိုင်း ရှာဖွေနေခဲ့တယ်။

အချိန်နာရီဝက်ကျော်လွန်နေခဲ့ပြီဖြစ်တယ်။လူသားတွေအတွက်ရော နတ်ဆိုးတွေအတွက်ပါ ဒီနာရီဝက်က သာယာတဲ့အချိန် မဟုတ်ခဲ့ပါပေ။တဖက်က အချိန်မရွေးတိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီး တဖက်ကတော့ သွေးစီးမဲ့တိုက်ပွဲအတွက် ပြင်ဆင်နေကြတယ်။သူတို့ဟာ ရလဒ်ထွက်လာမဲ့အချိန်ကို တည်ငြိမ်စွာ စောင့််ဆိုင်းနေလျှက်။

ရှန်ရင့် ဝမ်ကျော့Donde viven las historias. Descúbrelo ahora