အပိုင်း ၂၁၂ -နတ်ဆိုးနတ်ဘုရားသတ်ဖြတ်သူများ(၂)

126 2 0
                                    

.
.
.
ဒီချိန်မှာတော့ ချန်ဇီတျန်းဟာလည်း စိတ်လှုပ်ရှားနေတဲ့ပုံပဲ "ကလေးတို့ မင်းတို့မှာအခု အဆုံးအစမဲ့တဲ့ အခွင့်အလမ်းတွေရှိတယ်။ဒါပေမဲ့ ကြီးပြင်းတိုးတက်လာဖို့လည်း လိုအပ်တယ်။အဲ့ဒီအတောအတွင်းမှာ မင်းတို့တွေ ကိုယ့်ကိုယ်ကိုယ်ဘဲအားကိုးစရာရှိမယ်။ကိုယ့်ကြိုးစားအားထုတ်မှုပေါ်မူတည်မှသာ တကယ့်စစ်မှန်တဲ့ စွမ်းအားကိုပိုင်ဆိုင်ရလိမ့်မယ်"

"တစ်နေ့မင်းတို့တွေ 'နတ်ဆိုးနတ်ဘုရားသတ်ဖြတ်သူများ'ဆိုတဲ့ဘွဲ့ကိုဆက်ခံနိုင်ပြီး ငါတို့နေရာကိုလက်လွှဲယူပြီး ငါတို့ထက်ပိုကောင်းအောင်လုပ်နိုင်ဖို့ ဆုတောင်းတယ်"

"ဟောက်ချန် မင်းရဲ့မှော်သားရဲစီးနင်းဖော်ကိုလား နတ်ဆိုးနတ်ဘုရားဧကရာဇ်ရှာနေတာ?" ချန်ဇီတျန်းအကြည့်ကဘေးကိုပြောင်းလိုက်ပြီး နှစ်ခြိုက်စွာအိပ်နေတဲ့ဟောက်ယွဲ့ရှိရာဆီ ကြည့်လိုက်တယ်။

လုံဟောက်ချန်က မဖုံးကွယ်ရဲတာကြောင့် တခါတည်းအခြေအနေကို ပြောပြလိုက်တယ် "တော်တော်လေးဖြစ်နိုင်ချေရှိတယ် ဒါပေမဲ့ကျွန််တော်သေချာမပြောနိုင်ဘူး"

ချန်ဇီတျန်းမျက်လုံးက တချက်လက်သွားပြီး "ငါလည်း တော်တော်လေးဖြစ်နိုင်တယ်လို့ တွက်မိတယ်။ငါစုံစမ်းသိရသလောက် မင်းကသူနဲ့သွေးကတိစာချုပ်ကို သူရဲကောင်းအစောင့်အရှောက်တောင်မှာတုန်းက ချုပ်ခဲ့တယ်။ဒီလိုဆိုမှတော့ မင်းတို့နှစ်ယောက် အလုံအလောက်စွမ်းအားမကြီးသေးသရွေ့ သူ့တည်ရှိမှုကို နတ်ဆိုးနတ်ဘုရားဧကရာဇ် ခံစားမိနိုင်တဲ့နေရာမျိုးမှာ ပေါ်မလာစေနဲ့။သူခုပဲ နတ်ဆိုးနတ်ဘုရားဧကရာဇ်လက်ထဲကနေ သူ့ကိုယ်သူဖုံးကွယ်နိုင်ခဲ့တယ်ဆိုတော့ ရှေ့လျှောက်လဲ အဲ့လိုပဲဖုံးကွယ်နိုင်လိမ့်မယ်။လူသားတွေဟာ တစ်ချိန်တုန်းက သူတော်စင်လိုမျိုး သူရဲကောင်းကိုလိုအပ်နေတယ်။ငါဒီနေ့လာတာ မင်းတို့ကိုအားပေးဖို့ရယ် ပြီးတော့ နောက်ကွယ်ကဇာတ်လမ်းအကြောင်းကို ပြောပြဖို့ရယ်ပဲ..
လွန်ခဲ့တဲ့ နှစ်ခြောက်ထောင်ကတည်းက ငါတို့လူသားတွေဟာ နတ်ဆိုးတွေကို ဆန့်ကျင်နိုင်ဖို့ အစွမ်းကုန်တိုးတက်အောင်ကြိုးစားခဲ့တယ်။ဒါပေမဲ့ ခုချိန်ထိ ငါတို့နတ်ဆိုးတွေကို စစ်မှန်စွာမဆန့်ကျင်နိုင်သေးဘူး။အဓိကအကြောင်းပြချက်ကတော့ (၇၂)ပါးသော နတ်ဆိုးနတ်ဘုရားတွေကြောင့်ပဲ။အတိအကျကို သူတို့ရဲ့အင်အားတွေကြောင့်ပဲ ငါတို့လူသားတွေဟာ ရွေးချယ်စရာမရှိ သဘာဝအဟန့်အတားတွေကိုမှီခိုပြီးခုခံနေရတာ။ပြီးတော့ ငါတို့ခြောက်ယောက်ကလည်း နတ်ဆိုးနတ်ဘုရားဧကရာဇ်ကို မျက်ခြေမပြတ်စောင့်ကြည့်နေတာကြောင့်လည်းပါတယ်။ငါတို့သေသွားပြီး နတ်ဆိုးနတ်ဘုရားဧကရာဇ်ကသာ လူသားတွေကို တိုက်ရိုက်တိုက်ခိုက်တော့မယ်ဆိုရင် သဘာဝအဟန့်အတား ခံစစ်တွေဟာ ဘာမှအသုံးမဝင်တော့ဘူး။
လွန်ခဲ့တဲ့ နှစ်သုံးရာကတည်းက ငါတို့တစ်ယောက်ပြီးတစ်ယောက်နဲ့ နတ်ဆိုးနတ်ဘုရား (၃၉)ယောက်ကို သတ်ခဲ့ပြီးပြီ။အဲ့ဒီထဲမှာ အမြင့်ဆုံးက နံပါတ်(၄)နတ်ဆိုးနတ်ဘုရားပဲ။ဒါပေမဲ့လည်း အသစ်အသစ်သော နတ်ဆိုးတွေက နှောင့်နှေးခြင်းမရှိ ပြန်ပြန်ဖြစ်ပေါ်လာနေတော့ အခုချိန်ထိကို သူတို့က နတ်ဆိုးနတ်ဘုရား(၇၂)ပါးဖြစ်နေတုန်းပဲ။မင်းတို့ဘာလို့ဒီအရေအတွက်က မလျှော့သွားတာလဲသိလား?"

ရှန်ရင့် ဝမ်ကျော့Donde viven las historias. Descúbrelo ahora