Part 1

2.9K 207 7
                                    

Unicode

ဖြူဖွေးဖွေးနှင်းစက်တွေကြား ရပ်လိုက်သည်။ နှင်းစက်လေးတွေဟာ ကျွန်တော့်ခန္ဓာကိုယ်ပေါ် ခစားသွားလျက်ရှိတော့ ပြုံးလျက်မိသား။

"ပထမဆုံး နှင်းကျပြီဘဲ"

ဟန်မြစ်ကို ငေးကြည့်လျက် ကျွန်တော့်ရဲ့ ခပ်တိုးတိုး အသံ။ အေးစိမ့်လွန်းသည့် ဆောင်းရာသီကြောင့် အနွေးဓာတ်ကို ကျွန်တော်ဝေ့ရှာနေတုံး။

"ပြင်သစ်ခရီးစဉ်အတွက် အဆင်သင့်ဖြစ်ပါပြီ သူဌေး"

"ပြင်သစ်မှာကောအေးနေမယ်လို့ မင်းထင်လား..."

"အနည်းအများတော့ ကွာမှာပါ...ဘာဖြစ်လို့လဲ"

"ငါတွေ့ချင်တဲ့ တစ်စုံတစ်ယောက်လေး အေးနေမှာဆိုးလို့"

စကားတစ်လုံးပြောလိုက်တိုင်း အေးစိမ့်မှုကြောင့် ပါးစပ်ထဲကနေ လေနွေးငွေ့လေးတွေက ထွက်လာသည်။ သို့ပင်မဲ့ တစ်စုံတစ်ယောက်အကြောင်း စဉ်းစားလိုက်တိုင်း ကျွန်တော့်ရင်ဘတ်က နွေးခနဲဖြစ်သွားတတ်သည်။

"မမလေးက ဖုန်းခေါ်နေပါတယ်"

မျက်စိရှေ့သို့ ကမ်းပေးလာသည့် ဖုန်းကို မယူလေဘဲ ခပ်မှေးမှေးကြည့်လိုက်မိသည်။ 

"ပိုအေးလာပြီ...ပြင်သစ်က ပြန်လာမှ တွေ့ပြီးစကားပြောတော့မယ်...အခုတော့မင်းကြည့်ပြောထားလိုက်"

နှင်းစက်တွေပေါ်က ခြေလှမ်းတွေ။ လေးကန်နေတုံးပင်။

ဟာတာတာဖြစ်နေသည့် နှလုံးသားရပ်ဝန်းထဲမှာ တစ်စုံတစ်ယောက်လေးဟာ တိတ်တဆိတ်နေရာယူထားခဲ့သည်။ တွေ့ချင်မိလွန်းလို့ စောင့်ဆိုင်းကာမှ တစ်ခါမှထပ်မတွေ့ရတော့တာ တစ်နှစ်ရှိပြီ။

သို့ပင်မဲ့ ကျွန်တော့်စိတ်အစဉ်နဲ့ နှလုံးသားဟာ Jazz Singer လေးကို တွေ့ချင်မိနေတုံး။ ဘာရယ်မဟုတ်ဘူး။ ဒီတိုင်းလေး ငေးကြည့်ပြီး တွေ့ချင်နေမိယုံလေးပါ။

တစ်လတစ်ခါတော့ ပြင်သစ်၊ ပဲရစ်ကို သွားတတ်သည်။ အလုပ်ကိစ္စတွေ ရူပ်နေတတ်ရင်တောင် လတိုင်းရအောင် သွားတတ်တာက အကျင့်တစ်ခုလိုပင်။

Daisy's Disappearance from The DiaryWhere stories live. Discover now