Part 10

1.3K 128 16
                                    

Unicode

တိတ်ဆိတ်ခြင်းရဲ့ ညလယ်။ ကျွန်တော်တို့ဟာ အထီးကျန်စွာဖြင့်။ နောက်လှည့်ကြည့် တစ်စုံတစ်ယောက်ရှိနေမယ်ထင်ခဲ့ပင်မဲ့ နားရွက်သာ ရှိနေသည့်အခိုက်။

ဒါဟာ အသဲကွဲခြင်း။

မျက်ရည်တွေဟာ သွေးစက်အလား။ နောက်ဆုံးသိလိုက်ရတာက ချစ်ခြင်းမှာ မတရားရင် နာကျင်ရတယ်ဆိုတာနဲ့ နောက်ဆုံး ချစ်တယ်လို့တောင် မပြောနိုင်တော့သည့်အခိုက်ပေါ့။

နွေးတေးတေးဖြစ်နေလျက်ရှိသည့် လက်ကလေးကို ကျွန်တော်ဟာ ခိုးကြောင်ခိုးဝှက် သူအိပ်နေသည့်အချိန်လေးတွေ ခပ်ဖွဖွလေး ဆုပ်ကိုင်မိသည်။ 

အိပ်နေသည့်အချိန်လေးတွေတော့ လက်ကလေးကို ဆုပ်ကိုင်ကာ ခိုးကြည့်ခွင့်လေးပေးမလား။ ချစ်ကြောင်းတွေ ပြောချင်သေးတယ်လေ။ လက်မခံပင်မဲ့လို့ပေါ့။ မဟုတ်ရင် မြိုသိပ်ထားသမျှ ရင်ဘတ်ကြီးတစ်ခုလုံး ပေါက်ထွက်တော့မလို ခံစားနေရလို့ပါ။

နီးကပ်လာလေ နီးကပ်လာလေ Daisy နံ့ကလေးဟာ ကျွန်တော့်ကိုယ်ထက် ကိုယ်အသက်ရှူရာ လေဝေ့ထဲကနေ ရှိုက်ခနဲ နစ်ခနဲတိုးဝင်လာလျက်ရှိတော့တာ။

ဒီလိုနဲ့ ကျွန်တော်ဟာ နာကျင်ခြင်းတွေနဲ့အတူ နောက်သို့ပြန်ဆုတ်ကာ ဆိုဖာပေါ်တွင် စိတ်ဓာတ်ကျဆင်းခြင်းတွေနဲ့အတူ ထိုင်ချပစ်လိုက်ပြီး ကုတင်ထက်တွင် အိပ်ပျော်နေသည့် ပါရီသားလေးကို ကျွန်တော်ဟာ တိတ်တိတ်ကလေး ထိုညတွေ မဟုတ်ဘူး...ညတိုင်း ညတိုင်း ငေးကြည့်နေခဲ့ရတာ။ 

ဒီလိုနဲ့ ကျွန်တော်ငေးကြည့်တတ်လို့လား ညတာဟာ လည်း တိုလွန်းနေတယ်လို့ ခံစားမိရတော့တာ။

မတရားလိုက်တာ။ သနားလိုက်တာ ကျွန်တော့်အဖြစ်ကို။

အဲ့လိုဘဲ ကျွန်တော့်ချစ်ခြင်းဟာ ဒဏ်ခတ်ခြင်းတွေနဲ့သာ။

မိုးသောက်ချိန်စဲစဲတွင် ကျွန်တော်ဟာ ထိုအခန်းလေးထဲမှ တိတ်တဆိတ်ထွက်လာခဲ့ပြီး ဆောင်းတွင်းချိန် အေးစိမ့်စိမ့်ကြား အပြင်ဘက်တွင် ဘရန်ဒီတစ်ခွက်ကို ကိုင်လျက် ပူလောင်လျက်ရှိနေသည့် ရင်ဘတ်ကို ပိုလောင်မြိုက်စေတော့သည်။ နေထွက်ချိန် နေစလေးတွေဟာ ကျွန်တော့်ခန္ဓာကိုယ်ထက်တွင် ကျရောက်စေတော့သည်။

Daisy's Disappearance from The DiaryWhere stories live. Discover now