Unicode
"ကိုယ်နာသွားတယ်...မင်းပြန်နမ်းရမယ် ပါရီသားလေး"
နှစ်ယောက်ကြားထဲ၌ အသက်ရှူသံခပ်ပြင်းပြင်းဟာ တစ်ယောက်မျက်နှာတစ်ယောက် ရိုက်ခတ်လျက်ရှိနေသည်။
"ဘာပြောတယ်...ခင်ဗျားစကားတွေက အရင်စည်းကျော်ခဲ့တာ မဟုတ်ဘူးလား"
ပါရီသားလေးရဲ့ အံကြိတ်သံနဲ့အတူ ဒေါသထွက်နေမှုတွေ။ မျက်တောင်လေးတွေဟာ လှုပ်ခတ် လှုပ်ခတ်ဖြင့် မျက်ရည်စလေးတွေဟာ ဝေ့သီးနေလျက်ရှိနေပေသည်။
"မင်းကိုယ့်စီက ထွက်သွားလို့မရဘူးလေ...ကိုယ်အမိန့်ပေးနေတာ...ကိုယ့်ပါးကို နမ်း"
"လွှတ်နော်...ကျွန်တော်အသက်ရှူကြပ်တယ်လို့"
လက်လေးနှစ်ဖက်ကို ပို၍တောင်တင်းကြပ်စွာ ဆုပ်ကိုင်လိုက်သည်။ မျက်နှာလေးထံသို့ ပို၍ နီးကပ်စေဖို့ကြိုးစားလိုက်တော့ ပါရီသားလေးက တစ်ဖက်သို့လှည့်သွားလျက်။
"အဲ့ဆို ကိုယ်မင်းကို နမ်းလိုက်ရင် အသက်ရှူကြပ်သွားရင် မင်းခံနိုင်ရည်ရှိပါ့မလား"
"ကျွန်တော်ခင်ဗျားကို စိတ်ဆိုးလာပြီနော်...ကျွန်တော့်ကိုလွှတ်ပေး Jeon Jungkook"
"ကိုယ်မင်းကို အများကြီးအလျော့ပေးထားတာ...ကိုယ်လေ မင်းကို ထိခိုက်ဖို့တောင် မတွေးပါဘူး"
"ကျွန်တော်က ...ကျွန်တော်က ခင်ဗျားအတွက် အိမ်မွေးအကောင်လေး မဟုတ်ဘူး...ကျွန်တော့်မှာ ဘဝရှိတယ်...ကျွန်တော်လိုချင်တယ် ဘဝရှိတယ်"
ပါရီသားလေးရဲ့မျက်ရည်စလေးတွေဟာ မျက်ရစ်စကလေးကနေ တစ်စချင်းစီ စီးဆင်းသွားသည်။ ကျွန်တော်ဟာ ပုံရိပ်လေးတွေကို စက္ကန့်နဲ့အမျှ ငေးကြည့်မိတော့တာဘဲ။
အောက်နှုတ်ခမ်းလေးဟာ ဒေါသကြောင့် တစ်ဆတ်ဆတ်တုန်နေလျက်ရှိပြီး ကျွန်တော်ဆုပ်ကိုင်ထားသည့် လက်လေးတွေဟာလည်း အားရှိသလောက်ရုန်းနေပင်မဲ့ တုန်နေလေသည်။
"Jungkook...ကျွန်တော့်ကိုလွှတ်ပေး"
"မင်းထွက်ပြေးသွားမှာ...ကိုယ်သိတယ်..."
"ခင်ဗျားက သိပ်ကို ပြောရခက်တဲ့သူဘဲ...ကျွန်တော့်လက်ကိုလွှတ်လိုက်"
YOU ARE READING
Daisy's Disappearance from The Diary
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung