Unicode
"အပါးတို့ ပဲရစ်က အိမ်ကိုဘဲ အတည်တကျနေရတာပေါ့...အဲ့မှာဘဲ လိုအပ်တာတွေဆက်လုပ်ကြမယ်လေ...ဟုတ်တယ်မလား Taehyung..."
"ကျွန်တော် ကွန်ဒိုမှာဘဲ နေလို့မရဘူးလား..အဲ့တာက ကျွန်တော့်အတွက် အဆင်ပြေပါတယ်လေ အပါး"
"ပြီးရင် စားသောက်ဆိုင်တွေမှာ သီချင်းလိုက်ဆိုဖို့လား...အပါးခွင့်မပြုတာ သားသိပါတယ်...အဲ့တာမို့ကြောင့် စံအိမ်မှာဘဲ လိုက်နေရမယ်...ထပ်ငြင်းဆိုတာကို အပါးမလိုလားဘူးနော်"
အပါးက ကျွန်တော့်ကိုကြည့်လျက် ခပ်တိုးတိုးဖြင့် သတိပေးစကားဆိုလာသည်။ အကို Joonho ဟာလည်း အပါးရဲ့ စကားအပေါ် လက်ခံသလိုဖြင့် ကျွန်တော့်ကို ကြည့်သည်။
"ပြန်ဖို့ Joonho ဘဲစီစဉ်လိုက်...ထပ်ပြီး Taehyung က ဘယ်မှမသွားနဲ့တော့...နောက်ထပ် ပျောက်တာ အပါးမလိုချင်ဘူးနော်"
"ဟုတ်ကဲ့ပါ...ကျွန်တော်သိပါပြီ အပါး"
ကျွန်တော့်ခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ပြီး အပါးက ထသွားကာ သူ့ရဲ့ အခန်းအဖြစ်လုပ်ပေးထားသည့် အခန်းထဲသို့ ဝင်သွားသည်။
ကျွန်တော်ဟာ ထွက်သွားသည့် အပါးရဲ့ ကျောပြင်ကို တစ်ချက်ငေးကြည့်ကာ သက်ပြင်းချလိုက်မိသည်။
အပါးက ရဲမှူးချုပ်ဟောင်းတစ်ယောက်...အခုတော့ စီးပွားရေးလောကထဲမှာ နာမည်ရကျင်လည်နေသူတစ်ဦးဖြစ်ပြီး Joonho နဲ့ စီးပွားစပ်ရင်း ရင်းနှီးခဲ့တာဖြစ်သည်။ ထို့နောက် စီးပွားရေးရလဒ်ပိုမိုကောင်းဖို့အတွက် ကျွန်တော့်ကို အကို Joonho နဲ့လက်ထပ်ဖို့အတွက် ဖြစ်လာခဲ့တာ။
အကို Joonho ကကျွန်တော့်ကို သဘောကျနေသည်မို့ အပါးနားတောင်းလိုက်ရင်း အပါးကလည်း စီးပွားရေးအတွက် ဒီလက်ထပ်ပွဲကို လက်ခံခဲ့တာဖြစ်သည်။ ကျွန်တော်ဟာ ငြင်းပယ်ခြင်းမရှိ အားလုံးရဲ့ လက်ဖဝါးထဲမှာ ရှိနေခဲ့သည်.
အဲ့တာမို့ကြောင့် အပြင်မှာ ကိုယ်ပိုင်ကွန်ဒိုတစ်လုံးတွင် သက်သက်ခွဲနေမိကာ ဖြစ်ချင်တဲ့ Jazz Singer တစ်ယောက်ဖြစ်အောင် ကြိုးစားရင်း နောက်ဆုံး ကျွန်တော်ဟာ ဒီရပ်ဝန်းထဲကိုဘဲ ပြန်ရောက်ရှိလာခဲ့တော့တာဘဲ။
YOU ARE READING
Daisy's Disappearance from The Diary
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung