Part 15

1.2K 110 24
                                    

Unicode

နေ့လည်ကျတော့ Hanjun ရဲ့ ဖုန်းထဲကနေ ပါရီသားလေး အခန်းဘက်ကို လာနေပြီဆိုသည့် သတင်းကြောင့် လုပ်လက်စ အလုပ်တွေကို လက်စသတ်ကာ အိပ်ရာပေါ်တွင် အိပ်ချင်ယောင်ဆောင်သည့် ပုံဓာတ်ပြန်ဖမ်းရသည်။

လူတွေက အချစ်နဲ့ပတ်သတ်ရင် လူလိမ်တစ်ယောက်ဖြစ်သွားတတ်တာဘဲ။ ဘယ်လောက်တောင် ရူးမိုက်ချင်စရာကောင်းလိုက်သလဲ။

တံခါးခေါက်သံလေးကြောင့် အသံပြုလိုက်တော့ ပါရီသားလေးဟာ တိုးတိတ်နေသည့် ခြေလှမ်းတွေဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ ကျွန်တော့်မှာ ကြည့်ရင်း ပြုံးလိုက်မိတော့ ပါရီသားလေးက တစ်ဖန်အပြုံးဖြင့် တုံ့ပြန်လာလေသည်။

"သက်သာရဲ့လား Jungkook...နေ့လည်ဆေးသောက်ဖို့ ကျွန်တော်တို့ ခနနေ နေ့လည်စာစားရအောင်လေ"

"အင်း...ကောင်းသားဘဲ...ပါရီသားလေး...ဒါပေမဲ့ ကိုယ်ရေချိုးချင်တယ်...တစ်ယောက်တည်း...ချိုးရင် ဒဏ်ရာက ရေထိမယ်ထင်တယ်...ကိုယ်ရေထိမှာဆိုးလို့ ရေချိုးရင်ကြာအုံးမှာ...ပါရီသားလေး ကိုယ့်ကို စောင့်နိုင်ပါ့မလား...မဟုတ်လည်း အရင်စားနှင့်လိုက်ပါလားကွယ်"

မျက်ဝန်းလေးဟာ လှုပ်ခတ်သွားသည်။ ကျွန်တော့်စကားအပေါ် ပါရီသားလေးက တိတ်တဆိတ်နားထောင်နေလျက်ပါဘဲ။

နေရောင်ခြည်စလေးတွေဟာ အခန်းရဲ့ နေရာအနှံ့ကျဲပြန့်နေသလို လေမှုန်လေစတွေဟာ ပါရီသားလေးကို တစ်ချက်တစ်ချက် ထိကပ်တတ်သေးသည်။

ကျွန်တော်ဟာ ပြုံးလျက် ပါရီသားလေးရဲ့ တုံ့ပြန်မှုကို စောင့်ဆိုင်းနေမိသည်။

ကျွန်တော်ဟာ တစ်ဖက်သို့လှည့်လိုက်မိသည့်အခိုက်တွင် လေသံတိုးတိုးလေးက ကျွန်တော့်နားထဲသို့ မသိမသာ ရှိုက်ဝင်လာပြီး ကျွန်တော်ဟာ ကျေနပ်ခြင်းတွေဖြင့် ခိုးပြုံးလိုက်မိသည်။

ပါရီသားလေးရဲ့...'ကျွန်တော် ရေချိုးဖို့ ကူညီပေးပါ့မယ်'ဆိုတဲ့ စကားက ကျွန်တော့်နှလုံးသားကိုပါ ကျေနပ်ခြင်းတွေ တစ်ဟုန်ထိုး ရိုက်ခတ်တော့တာ။

"မင်းအဆင်ပြေပါ့မလား...ကိုယ်..."

"ကျွန်တော်ကူညီပေးနိုင်ပါတယ် Jungkook..."

Daisy's Disappearance from The DiaryWhere stories live. Discover now