Unicode
တစ်စိမ့်စိမ့် တစ်နာနာ နှလုံးသားမှာ အက်ကြောင်းရာထင်။ မျက်ရည်တွေနဲ့ ငေးကြည့်ပြန်တော့ လျစ်လျူခြင်းဟာ မျက်မှောက်တည့်တည့်။
ဤအရာဟာ တစ်ဖက်တည်း တစ်ဖက်တည်းကိုဘဲ သတ်နေခဲ့တဲ့ သတ်နေလျက်ရှိတဲ့ အချစ်ဆိုသည့်အရာကို ဆိုလိုတာ။
ရယူလိုခြင်းမပါဘူးလို့ ခေါင်းစဉ်တပ်နေပင်မဲ့ ကျွန်တော်တို့ဟာ ထို့နောက်တွင် ပိုင်ဆိုင်ချင်စိတ်က မီးတောက်ပမာ ပူလောင်လျက် လောင်လျက် လောင်လျက်နဲ့ ကြီးစိုးနေတော့တာ။
ကျွန်တော်တို့ဟာ ချစ်မိခဲ့ကြတယ်...အေးချမ်းမှုတွေနဲ့ ပူလောင်မှုတွေနဲ့...အဲ့နောက်မှာ ကျွန်တော်ဟာ သူ့ကိုရယူလိုခြင်းနဲ့အတူ ချုပ်နှောင်ထားမိတော့သည်။ အဲ့တာဟာ ကျွန်တော့်အတွက် အတ္တအမှားတစ်ခု။ သို့ပင်မဲ့ နောင်တရခြင်းမပါနေခဲ့ဘူး။
ကျွန်တော်တို့ရင်ထဲမှာ ပူလောင်ခြင်းအတွေးတွေ ပြည့်နှက်နေသည့်အခိုက် ဒူးနှစ်ဖက်ကို ထောင်ကာ ထိုပေါ်တွင် လက်ပိုက်ထားလျက် မျက်စိရှေ့ကအရာတွေကို စိတ်မပါသလို ကြည့်နေသည့်အချိန်...
အဲ့တာ နာကျင်ခြင်းတွေကို တစ်ယောက်တည်း ကြိတ်မှိတ်ဖော်ပြသည့်အခိုက်ဖြစ်သည်။
ခြေလှမ်းတွေဟာ လေးကန်လျက်။ နှလုံးသားဟာ ကြွေကွဲလျက်။ အဲ့လိုနဲ့ ကျွန်တော်ဟာ ပါရီသားလေး နောက်ကွယ်မှာ ပြိုလဲသွားတော့တာဘဲ။
တံခါးဖွင့်ကာ ဝင်လာတော့ ပါရီသားလေးက ကုတင်ထက်တွင်လဲနေကာ ဖြစ်သည်။ အိပ်စက်မနေလောက်ဘူးထင်သည်မို့ နေ့လည်စာစားရန် ခေါ်လိုက်ဖို့ တွေးမိသည်။
"Taehyung "
အိပ်နေသည့် ဘက်ခြမ်းကိုသွားကာ ဒူးထောက်ကာ ထိုင်လိုက်ပြီး ပါရီသားလေး၏ မျက်နှာချင်းဆိုင်ဖြစ်တော့ မျက်ဝန်းကိုမှိတ်မထားပင်မဲ့ ကျွန်တော့်မျက်နှာကိုမကြည့်ကာ အကြည့်လွှဲပစ်သွားသည်။
"ကိုယ်တို့ နေ့လည်စာစားရအောင်နော်..."
"ကျွန်တော်မဆာတာမို့ ကိုယ့်ဘာသာကိုဘဲ စားပါ..."
YOU ARE READING
Daisy's Disappearance from The Diary
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung