Unicode
ဆိုလိုတာက အကြောင်းပြချက်ဟာ မင်းပါဘဲ။
အကြောက်တရားရဲ့ အကြောင်းပြချက်က မင်းပါဘဲ။
အချစ်ရဲ့ အကြောင်းပြချက်က မင်းပါဘဲ။
ဝမ်းနည်းခြင်းရဲ့ အကြောင်းပြချက် မင်းပါဘဲ။
ပျော်ရွှင်ခြင်းရဲ့ အကြောင်းပြချက်က မင်းပါဘဲ။
လွမ်းဆွတ်ခြင်းရဲ့အကြောင်းပြချက် မင်းပါဘဲ။
နာကျင်ခြင်းရဲ့ အကြောင်းပြချက်ကလည်း မင်းပါဘဲ။
နောက်ဆုံး ကိုယ့်မျက်ရည်တွေအတွက် အကြောင်းပြချက်ဟာလည်း မင်းပါဘဲ။
"တစ်ယောက်တည်း မနေချင်ဘူး"
"ဒါပေမဲ့...Jungkook...Hanjun ဒါမှမဟုတ် ဒေါက်တာခေါ်ပေးမယ်လေ...ကျွန်တော်နေပေးလို့ အခုက"
"အရင်ကလည်း မင်းနေပေးဖူးတယ်လေ...ပါရီသားလေး...ကိုယ်နေမကောင်းရင် တစ်ယောက်တည်း မနေချင်ဘူး...မင်းရိပ်မိမလား"
"ကျွန်တော်ကူညီပေးခဲ့ပါမယ်...ဒါပေမဲ့ ခင်ဗျားအိပ်ရင်တော့ ကျွန်တော်ပြန်သွားမှဖြစ်မယ် Jungkook...နော်...ကျွန်တော်ပြောတာ လက်ခံတယ်မလား"
"အင်း...မင်းသဘောပါ။"
ကျွန်တော့်ကို ပါရီသားလေးက ကုတင်ပေါ်တွင် အိပ်စေကာ တင်းမာနေသည့် ကျွန်တော့်မျက်နှာကို တစ်ချက်ကြည့်လာသည်။ ကျွန်တော်စိတ်ဆိုးနေမှန်း ပါရီသားလေး သိပ်သိနေတယ်။
ကုတင်ထက်တွင် လဲအိပ်လိုက်ပြီး ပါရီသားလေးကို အကြည့်လွှဲလိုက်မိသည်။ ထို့နောက် ပါရီသားလေးက ရေချိုးခန်းထဲသို့ ဝင်သွားပြီး တစ်အောင့်အကြာတွင် ရေဇလုံလေးနဲ့အတူ ပြန်ထွက်လာသည်။
"တဘတ်အသေးတွေရှိလား"
"အင်း...ဗီရိုအောက်ဆုံးထပ်မှာရှိတယ်"
"ခင်ဗျား အဖျားကြီးနေတယ်...ရေပတ်တိုက်မှရမှာ...ကျွန်တော်လုပ်ပေးမှာမို့ အဆင်ပြေရဲ့လား"
"ရတယ်..."
ပါရီသားလေးက ကျွန်တော့်အနားတွင် ဝင်ထိုင်လျက်။ ရှပ်အင်္ကျီအပေါ်ကြယ်သီး သုံးလုံးလောက်ကို ပါရီသားလေးက တုန်ယင်နေသည့် လက်ဖြင့် ဖြုတ်ပေးလာသည်။ ထို့နောက် အဝတ်ကိုရေစွတ်စေကာ ကျွန်တော့်ခန္ဓာကိုယ်ပေါ်တွင် ပါရီသားလေးရဲ့ လက်လေးနဲ့အတူ ပြေးလွှားနေတော့သည်။
YOU ARE READING
Daisy's Disappearance from The Diary
Fanfictionမင်းနဲ့ကိုယ့်ရဲ့အလောင်းအစားလေးတစ်ခုလိုဘဲ...အားလုံးရဲ့ အမြင်မှာရှုံးနေပင်မဲ့ တကယ်တော့ ကိုယ်နိုင်ခဲ့တာ... Jeon Jungkook ♡ Kim Taehyung