အချစ်ဦးဆိုတာကို သိကြပါသလား၊ အချစ်ဦး
ဆိုတာမျိုး က စိတ်ခံစားမူ ရသ ပေါင်းစုံကို
ပေးနိုင့်သည့်အစွမ်းမျိုးရှိကြသည်လေ။ တစ်ချို့
အတွက်တော့ အချစ်ဦးဟာ ကောင်းတဲ့ မှတ်ညဏ်။
တစ်ချိူ့အတွက်ကျတော့လည်းအချစ်ဦးက
အနာကျင်ရဆူံးမှတ်ညဏ်။ တစ်ချို့အတွက်ကျတော့
လည်း ရင်ခုန်ရဆူံးမှတ်ညဏ်၊
တစ်ချို့အတွက်ကျပြန်တော့ အဆွေးမြည့်ရဆုံးမှတ်ညဏ်။
ခင်ဗျားတို့အတွက်ရော?လီဆာ့အတွက်ကတော့. .
''ကလင်. . လင်..လင်..လင်''
ညတုန်းက မေမေရဲ့ဆိုင်ပိတ်တာကူညီနေရသည့်အတွက်ကျောင်းဝတ်စုံကို မီးပူမတိုက်လိုက်နိုင်ခဲ့ဘူး၊ ဒါကြောင့်မလို့အိက်ရာနိုးနိူးချင်း ကျောင်းဝတ်စုံကို
မီးပူတိုက်ရသည်၊ မေမေ ပြင်ပေးသော မနက်စာကို
ကမန်းကတန်းအတင်းကုန်းစားပြီးနောက် ၊လွယ်
အိတ်ကိုလွယ်ကာ ဘတ်စ်ကားဂိတ်သို့. .''သွားပြီမေမေရေ. .''
''ဟဲ့ဟဲ့ ထမင်းကုန်အောင်စားသွားဦးလေ. .ဟဲ့
လီဆာ အော်ဒီကလေးနှယ်''ထမင်းစားပွဲဝိုင်းကနေ မေမေအော်နေသည့်အသံ
ကိုကြားပေမယ့် လှည့်မကြည့်နိုင်တော့၊ ကျောင်း
နောက်ကျနေပြီ ဖြစ်၍ ဘတ်စ်ကားဂိတ်သို့သုတ်
ခြေတင်ေပြေးခဲ့သည်၊ ရောက်ရောက်ချင်းကံကောင်းထောက်မစွာဖြင့် စီးရမည့်ကားက
အချိန်ကိုက်ရောက်လာသည်။''5 4 3 2 1 ''
ကျောင်းတံခါးပိတ်ဖို့ငါးမိနစ်အလို ကွက်တိမှာ ကျောင်း ပေါက်ဝသို့ လီဆာ ရောက်ခဲ့သည်။
''ကဲကဲ တံခါးပိတ်တော့မယ်နော် ၊ ဝင်ကြတော့''
ကျောင်းတံခါးမှာ ရပ်စောင့်နေသော စည်းကမ်း
ထိန်းသိမိးရေးဆရာဟာ တုတ်တံတစ်ချောင်းကို
ကိုင်၍ ကျောင်းသားများကိုအချိန်မှီဝင်ရန်
ဆော်သြနေသည်၊ လုံခြုံရေးဦးလေးကြီးတံခါးပိတ်တော့မည့်ဆဲဆဲ. .လီဆာ့ နောက်ကျောဘက်မှကြားလိုက်ရသောအမောတစ်ကောအသက်ရူနေရဟန်ဖြင့်. .
ကောင်မလေးတစ်ယောက်ရဲ့အသံ။
ဘာကြောင့်မှန်းမသိ၊ ကျောင်းထဲကိုလှမ်းတော့မည့်
ခြေလှမ်းတို့ဟာ တုံ့ဆိုင်းသွားသည်။

YOU ARE READING
It's not what I meant to be
Hayran Kurguရင့်ကျက်တည်ငြိမ်ပြီး မိန်းကလေးမဆန်သောအလှတရားတို့ဖြင့် ကော်ဖီဆိုင်ပိုင်ရှင်လေး လီဆာ ၊ တစ်ခါမှမတွေးထားခဲ့ဖူး သည့် အချစ်ဆိုသည့်အရာဟာ ဂျန်းနီ ဆိုသည့်မိန်းမလှလေးဖြစ် နေတဲ့အခါ၊ (ချစ်ခြင်း အနှစ်သာရမှာ ပိုင်ဆိုင်လိုခြင်းမည်သည် အဓိက မဟုတ်ကြောင်း)