Part 8

498 42 9
                                        

လီဆာအိမ်ပြန်ရောက်တော့ ည ဆယ်နာရီရှိနေလေပြီ။
မေမေကတော့ အိပ်ရာဝင်နှင့်ပြီ၊ ရိုဇန်ကရော။?
ဖိနပ်ကိုအသာအယာဖိနပ်စင်မှာ ချွတ်ခဲ့ပြီးနောက်အပေါ်ထပ်အခန်းရှိရာဆီသို့တက်ခဲ့သည်။
အခနိးတံခါးကိုဖွင့်လိုက်တော့ ကုတင်ပေါ်မှာ ပက်လက်လှန်ကာလှဲနေတဲ့ရိုဇန့်ကိုတွေ့ရသည်။
ဟိူးတူန်းကအတိုင်းပါပဲ ရိုဇန်ကလီဆာတို့အိမ်မှာည
ဘက်တွေဆိုလာအိပ်နေကြ။လီဆာ ဝင်လာတဲ့အသံကိုကြားသွားသည်ထင်သည်။ ရိုဇန်အိပ်နေရာမှ ထ လာသည်။

''နင် အိပ်နေတာငါ့ကြောင့်နိူးသွားပြီထင်တယ်၊
ဆက်အိက်လေရိုဇန်''

''ခူမှပြန်လာတာလားလီ''

ရိုဇန်ကပြောရင်း နံရံမှာကပ်ထားတဲ့နာရီကိုလှမ်း
ကြည့်နေသည်။

''ဆယ်နာရီတောင်ထိုးပြီပဲ''

''ဟုတ်တယ်အသိတစ်ယောက်နဲ့တွေ့လို့လေအဲ့တာခဏစကားပြောနေတာ၊ ဆောရီးပါရိုဇန်ရယ် နင်နဲ့
အတူတူထမင်းလက်ဆုံမစားလိုက်နိုင်ဘူး''

''ရပါတယ်ဟာ နောက်နေ့ကျ ထမင်းနပ်ပေါင်းများ
စွာ နင်နဲ့အတူတူစားရတော့မှာပဲဟာ၊ နင်ပြန်လာတာ
ကိုစောင့်ရင်းငါအိပ်ပျော်သွားမိတယ်၊ ဒါနဲ့နင့်အခန်း
လေးကအရင်အတိုင်းပဲနော်''

''အင်း ဘာမှထူးထူးခြားခြား မပြောင်းလည်းဖြစ်ဘူးလေ''

''ငါ့အပေါ်ထားတဲ့သံယောဇဥ်တွေကိုရောလီ''

''အင်း သေချာတာပေါ့အရင်တိုင်းပဲ''

ရိုဇန်ဟာ မွေ့ရာပေါ်ထိုင်နေရာမှထလာကာ လီဆာဆီ
သို့ တန်းတန်းမတ်မတ်လျောက်လာနေသည်။ ပြီး
နောက်ရုတ်တရက်လီဆာ့အားပွေ့ဖက်လိုက်သည်။

''လွမ်းနေခဲ့တာလီ ၊ ငါ တကယ်ကိုအချိန်တိုင်းလိူလိူ
နင့်ကိုသတိရနေခဲ့တာ''

လီဆာလည်းရိုဇန့်အားပြန်လည်ပွေ့ဖက်လိုက်သည်။
ဟိုးအရင်ကတည်းကရိုဇန့်ဆီကနေ ရနေကျဖြစ်တဲ့ ​နှင်းဆီရေမွှေးရနံ့သင်းသင်းကိုရလိုက်သည်။ ပြီးနောက်မျက်လွှာကိုချထားလိုက်သည်။

''ငါလည်း အရမ်းကိုလွမ်းနေခဲ့တာပါ ငါ့ရဲ့အချစ်ဆုံး
သူငယ်ချင်းကြီး. .''

It's not what I meant to beWhere stories live. Discover now