Part 4

192 39 2
                                    

'' ဂျန်းနီ နင် ဘာဖြစ်တာလည်း၊ ဘာဖြစ်လို့ငိုနေတာ
လည်း''

လီဆာ့ကိုမော့ကြည့်လာတဲ့ကြောင်မျက်ဝန်းတွေထဲမှာ
အရည်ကြည်ကြည်လဲ့လဲ့လေးတွေဟာ ပြည့်လျှံလို့
နေတယ်၊ ဝတ်ထားတဲ့အဝတ်အစားကလည်း ဂါဝန်
အစိမ်းနုရောင် လေး ၊ ကြည့်ရတာတော့ အိမ်ကနေ
ရုတ်တရက်ထွက်လာပုံရတယ်။

'' ဂျန်းနီ ငါ့ကိုပြော ဘာဖြစ်လို့လည်း၊ နင့်ကိုဘယ်သူ
ဘာလုပ်. . .''

ဆက်မေးခွင့်တောင်မရလိုက်ပဲ သူမ ဟာ လီဆာ့ရင်ခွင်ထဲ ကိုတန်းတန်းမတ်မတ်ပြေးဝင်လာတယ်။
ဖက်တွယ်လာတဲ့သူမရဲ့လက်ချောင်းတွေက လီဆာ့ရဲ့
ခါးတစ်ဝိုက်မှာ မြဲ မြံနေတယ်၊ ဘာစကားမျှဆက်
မပြောတော့ပဲအလိုက်သင့်လေးငြိမ်နေပြီး သူမရဲ့ နောက်ကျောလေးကို ခပ်ဖွဖွပုတ်ပေးနေလိုက်တယ်။ ခဏကြာတော့..ရင်ခွင်ထဲကနေသူမ ထွက်လာတယ်။

'' လီ လီဆာ. .''

''ပြော ဂျန်းနီ''

''ဟို ငါ ငါအိမ်ကထွက်​ပြေးလာတာ''

''ဘယ်လိုအိမ်ကထွက်​ပြေးလာတယ်ဟုတ်လား''

လီဆာ့အမေးကိုပြန်မဖြေတော့ပဲခေါင်းသာငြိမ့် ပြ
သည်။

'' ဂျန်းနီ ဒီလိုညမိူးချုက်မှာ အိမ်ကနေထွက်ပြေးလာတာ နင်မကြောက်ဘူးလား၊ ဒီနေရာမှာငါမဟုတ်ပဲ
တစ်ခြားယောက်ကျားလေးတစ်ယောက်ဆိုရင်နင်ဒုတ်ခရောက်သွားနိုင်တယ်နော်၊ ငါပြန်လိုက်ပို့ပေးမယ်၊ နင့်အိမ်ဘယ်မှာလည်း''

''ဟင့် အင်း ငါမပြန်ချင်ဘူး. .''

''ဘာဖြစ်လို့မပြန်ချင်ရတာလည်း၊ ခုလောက်ဆိူနင့်
မိဘတွေစိတ်ပူနေလောက်ပြီ''

''သူတ်ို့ကငါ့ကိုစိတ်ပူမှာမဟုတ်ဘူး၊ဒါကြောင့်မလို့
ငါ ပြန်ဖို့မလိုဘူးလီဆာ''

''နင် တကယ်မပြန်ဘူးလား''

'' ငါတောင်းပန်ပါတယ် လုံးဝကိုအိမ်မပြန်ချင်လို့ပါဟာ''

''ဒါဆို . . . .

ငါ့အိမ်လိုက်ခဲ့''

လီဆာ အိမ်လိုက်ဖို့ခေါ်တော့ သူမရဲ့မျက်ဝန်း
တွေဟာ ပြူးကျယ်လာသည်။

It's not what I meant to beWhere stories live. Discover now