Part 5

201 27 5
                                    

လီဆာ့မျက်ဝန်းထဲကိုစိုက်ကြည့်လာတဲ့သူမရဲ့
အကြည့်စူးစူးတွေကိုမခံနိုင်လို့မျက်နှာလွဲထားလိုက်တယ်။ သူမက အခုကစပြီး လီဆာ့ရဲ့ဘဝအစိတ်ပိုင်း
တစ်ခု ဖြစ်ချင်ပါတယ်တဲ့၊ သူငယ်ချင်းအနေနှင့်ပေါ့လေ။ ထိုစဥ်

'' လီဆာ ရေ ထမင်းစားကြမယ်၊ ဂျန်းနီကိုခေါ်ခဲ့''

''လာလေ သွားရအောင်''

အောက်ထပ်ကိုဆင်းလာတော့ ထမင်းစားခန်းထဲတွင်
လီဆာ့ရဲ့မေမေက ဟင်းပွဲတွေအဆင်သင့်ချထားပြီး
ထိုင်စောင့်နေသည်။

''လာလေ သမီးလေးဂျန်းနီ၊ ဘာကြိုက်တတ်မှန်း
မသိလို့အန်တီကတော့ အိမ်မှာရှိတာလေးတွေချက်
ထားလိုက်တယ်''

''သမီးက ဘာမဆိုစားပါတယ်ဒေါ်ဒေါ်ရဲ့၊
ဝါး ကြည့်ပါဦး ဂင်ချီဟင်းရည်က အရသာရှိမယ့်
ပုံပဲ''

ကင်ချီဟင်းရည်၊ ကြ က်အူချောင်းကြော်၊
အမဲသား ကြော်၊ ကြက်ဥလိပ်၊ ဟင်းနုနွယ်ကြော်
စသဖြင့်စုံလင်လှသောဟင်းပွဲလေးများကို ဂျနိးနီ
ကြည့်ရင်းသရေယိုလာသည်။

''ကဲစားကြတော့လေ''

''ဟုတ်ကဲ့ ကောင်းကောင်းစားပါ့မယ်''

နှစ်ဦးသားပြိုင်တူပြောလိုက်ကြ ပြီးရှေ့တွင်ချ
ထားသောဟင်းလျာများကိုမြိန်ရေ ရှက်ရေစား
သောက်ကြသည်။ ဦးစွာ လီဆာမှ ရှေ့တွင်ရှိသောကြက်ဥလိပ်ကို တူ​ဖြင့်ညှက်ကာ ပါးစပ်ထဲကောက်
ထည့်လိုက်သည်။ ကြ က်ဥလိပ်ကိုဖြေးဖြေးညင်းညင်းဝါးနေရင်းကနေ သူမကိုကြည့်လိုက်မိတော့
ပါးဖောင်းဖောင်း​လေးများထဲတွင် အသားများကို
ထည့်ကာ အားရပါးရပင်စားနေသည်။

''ဒီဟာလည်းစားကြည့်လေ ငါတ်ု့အမေရဲ့ ကြက်သွန်
မြိတ်ကင်ချီက ပြိုင်ဘက်ကင်းအောင်ကောင်းတာ''

ကြ က်သွန်မြိတ်ကင်ချီတစ်ဖတ်ကိုသူမ ထမင်းပန်း
ကန်ထဲထည့်ပေးတော့ သူမက နှစ်ခြိုက်ဖွယ်ပြုံးသည်။

''ကျေးဇူးပဲလီဆာ''

ထိုကြ က်သွန်မြိတ်ကင်ချီကိုပါးစပ်ထဲထည့်လိုက်ပြီးနောက်. .

'' ဝါး ​ကောင်းလိုက်တာလီဆာ၊ သိပ်အရသာရှိတာပဲ''

'အင်း ငါပြောပါတယ်''

It's not what I meant to beWhere stories live. Discover now