Part 6

211 35 2
                                    

''သူ သူက လီဆာ့ အခန်းထဲ ​မှာတွေ့ခဲ့တဲ့ ဓာတ်ပုံထဲက
ကောင်မလေးမဟုတ်လား ''

ပါးစပ်ကနေရေရွတ်ရင်း ဘေးကိုကြည့်မိတော့
လီဆာလည်းသူမ လိုပင် အံ့သြမှင်သက်နေသည်။
ဘာစကားမှဆ​က်မပြောနိုင်ခင် ရွှေအိုရောင်ဆံနွယ်
ပိုင်ရှင်မိန်းကလေးက လီဆာရှိရာဆီသို့ ဦးတည်လျောက်လာနေသည်။ ပြီးနောက်တော့လီဆာ့ကိုကျော်ကာ လီဆာ့အနောက်ရှိ ထိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ လီဆာကမန်းကတန်းနောက်သို့လှည့်ကာ

''ရို ဇန် နင် ဘယ်တုန်းကပြန်ရောက်တာလည်း. .
ဒီကိုဘယ်လိုလုပ်ပြီး. . .''

''အိုး ဟိုး နေပါဦး ၊ ငါ့ကို နင် သိလို့လား ၊
လူမှားနေပြီ''

လီဆာခဏတာမျှကြောင်အသွားသည်။ ထိုအဖြစ်ကိုကြည့်ပြီး သူမကရယ်သည်။

''နင်လည်းနော် ခုချိန်ထိ သူများ အကြောင်ရိုက်ရင်
မသိတုန်း. .''

''ရိုဇန် ပတ်''

''ကဲဆိုပါဦး ဘယ်ကနေ ဘယိလိုပြန်ရောက်လာတာလည်း''

အတန်းချိန်ပြီးတဲ့နောက်တော့ စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်။ မတွေ့ရတာ ငါးနှစ်ရှိပြီဖြစ်တဲ့သူငယ်
ချင်းနှစ်ယောက် သည်  အရင်ဦးဆူံး အားရအောင်
ဖက်လိုက်ကြပြီး စကားတွေကိုလည်းမနားရအောင်
တရစပ်ဖောင်ဖွဲ့နေသည်။ ထို လူနှစ်ဦးကြား ထဲတွင်
ဟိုဘက်ကြည့်လိုက်ဒီဘက်ကြည့်လိုက်ဖြင့် နား
ထောင်နေသော လူမှာဂျန်းနီပင်။

'' နင့်ကိုသတိရလို့ ပြနိလာတာပေါ့ဟ''

''ရိုဇန်ပတ်ရယ် နင်အပိုတွေသိပ်ပြောတာပဲ ၊ ငါက
တော့နင့်ဆီကစာမလာလို့စိတ်ပူလိုက်ရတာ၊ နင်များ
တစ်ခုခုဖြစ်နေလားဆိုပြီး''

''နင့်ကိုစပရိုက်ဖြစ်စေချင်လို့ ဘာမှမပြောပဲပြနိလာခဲ့တာလေ လီရဲ့''

jennie's mind

''လီ ၊ အမယ်လီဆိုပဲ သူမ က ဘာကြောင့်လီဆာ့ကိုလီ
လို့ခေါ်ရတာလည်း''
***

'' နင်ပြန်လာတာငါသိပ်ပျော်တာပဲဟာ ၊ ဒီမှာပဲနေတော့မှာမလားဟင်''

''အင်း အဲ့လိုဖြစ်မယ်ထင်တယ်''

''အန်ကယ်တို့ရောနေကောင်းကြတယ်မလား၊ ခူ
ဘယ်မှာနေနေလည်း''

It's not what I meant to beWhere stories live. Discover now