'' မနေ့က ပေးလိုက်တဲ့အိမ်စာတွေပြီးကြ ပြီလား''
မနက်ခင်းစောစောစီးစီးကတည်းက အိမ်စာစစ်
နေသောဆရာမကြောင့်ဂျန်းနီအခက်တွေ့မိသည်၊
ညက ပင်ပန်းသဖြင့် စောစောအိပ်ယာဝင်မိတာ. .
ပေးလိုက်တဲ့အိမ်စာတွေလည်းမလုပ်နိုင်ခဲ့၊ ဆရာမကတစ်ယောက်ချင်းစီစာတွေလိုက်စစ်၍ မလုပ်လာခဲ့
သူကိုမတ်တပ်ထခိုင်းကာအပြစ်ပေးနေသည်၊ ဆရာမ
နီးကပ်လာသည်နှင့်အမျှဂျန်းနီ စိတ်တို့စိုးထိတ်လာ
သည်၊ ချွေးစေးများပြန်ကာ. .ဆရာမကိုဘယ်လို
ဆင်ခြေပေးရင်ကောင်းမလည်းစဥ်းစားနေတုန်း
ဘေးခုံရှိလီဆာ့ထံသို့ဆရာမရောက်လာလေ ပြီ။'' ဟင် လာလီဆာက အိမ်စာမတွက်လာခဲ့ဘူးဟုတ်လား''
''ဟုတ်ပါတယ်ဆရာမ ''
''ထူးထူးဆန်းဆန်းပါလား စာလုက်တဲ့ကလေးက
ကောင်းပြီ နောက်နေ့ရေးခဲ့နော်၊ ကဲကဲ အားလုံး
မရေးရသေးတဲ့လူရှိရင် ရေးထား ၊ မနက်ဖြန်စစ်မယ်''''ဟုတ်ကဲ့'' ကျောင်းသားအားလူံးတစ်ညီတစ်ညွတ်
တည်းဖြေလိုက်ကြသည်။အိမ်စာမစစ်တော့ဘူးဟုဆရာမ ပြောမှပဲ ဂျန်းနီ
စိတ်အေးသွားရသည်။jen's mind
''တော်သေးတာပေါ့ လီဆာကယ်လိုက်လို့''
ဂျန်းနီသူ့ဘက်လှည့်ကာပြုံးပြတော့ သူဟာ ခေါင်းကို
အောက်သို့ငုံ့သွားသည်။ တကယ့်ကိုအေးစက်စက်
နိုင်တာပဲဟုတွေးပြီး ရှေ့သို့သာတည့်တည့် ခေါင်းပြန်
လှည့်လိုက်တော့သည်။လီဆာ့'s mind
'' အိမ်စာတွေကိုဆရာမလိုက်စစ်နေတုန်းသူမ
ကိုသတိထားကြည့်မိတော့ လွယ်အိတ်ထဲကို ဟိုရှာ
ဒီရှာနှင့် ၊ မျက်နှာလည်းမကောင်း ပေ၊ ကြည့်ရတာ
တော့ စာအုပ်မေ့ကျန်ခဲ့တာလားတစ်ခုခုပဲ၊
စားပွဲပေါ်မှာလည်းစာအုပ်ရှိမနေဘူး၊ သူမ အဆူခံ
ရမှာ အပြစ်ပေးခံရမှာကို မလိုလားတာနှင့် ညဦးပိုင်း
ကတည်းကတွက်ခဲ့ပြီးသောအိမ်စာ စာအုပ်ကိုလွယ်
အိတ််ထဲ ပြန်ထိုးထည့်ကာ မလုပ်ခဲ့ဘူး ဟုညာခဲ့မိသည်၊ ဘာကြောင့်လည်း လီဆာမသိပါ၊ အင်းမသိ
ခဲ့ပါ''************
''မုန့်သွားစားရအောင်လီဆာ..''
နေ့လည် နားချိန်ရောက်တော့ သူမက လီဆာ့ကို
မုန့်စားရန် ခေါ်သည်။ လီဆာထိုင်နေတဲ့ခုံရှေ့တွင်မတ်
တပ်ရပ်ကာ ပိုင်စိုးပိုင်နင်း လီဆာ့လက်ချောင်းလေး
များကို ဆွဲ ကိုင်ပြီး အတင်းပူဆာနေသောသူမ။

YOU ARE READING
It's not what I meant to be
Fanfictionရင့်ကျက်တည်ငြိမ်ပြီး မိန်းကလေးမဆန်သောအလှတရားတို့ဖြင့် ကော်ဖီဆိုင်ပိုင်ရှင်လေး လီဆာ ၊ တစ်ခါမှမတွေးထားခဲ့ဖူး သည့် အချစ်ဆိုသည့်အရာဟာ ဂျန်းနီ ဆိုသည့်မိန်းမလှလေးဖြစ် နေတဲ့အခါ၊ (ချစ်ခြင်း အနှစ်သာရမှာ ပိုင်ဆိုင်လိုခြင်းမည်သည် အဓိက မဟုတ်ကြောင်း)